အဆိုပါ ‘ယာဉ်တိုက်မှုကင်းစင်ရေးနေ့’အဖြစ် ယခုလ ၁ ရက်မှ စတင်သတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ယာဉ်တိုက်မှုများ ကင်းစင်ပပျောက်လာစေရန် ရည်ရွယ်ကြောင်း ကြိုးမဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီသတ်မှတ်ထားတဲ့ရက်တွေမှာ ယာဉ်တိုက်မှုကျူးလွန်ခဲ့ရင် အရေးယူမှုကိုပိုပြီး ထိထိရောက်ရောက်ဆောင်ရွက်ရမှာပါ”ဟု ယာဉ်မှုစစ်ရဲစခန်းမှ တာဝန်ရှိသူကလည်း ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ နှစ်ဆန်းပိုင်းနှင့် ယခုနှစ်ကာလတူတို့ နှိုင်းယှဉ်ပါက ယခုနှစ်တွင် ယာဉ်မတော်တဆမှုများတွင် ပါဝင်ပတ်သက်လျက်ရှိသော ယာဉ်အမျိုးအစားများတွင် ကိုယ်ပိုင်ယာဉ်များက အများဆုံးဖြစ်ကာ ခရီးသည်တင် ယာဉ်များက ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။





0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။