Showing posts with label funny. Show all posts
Showing posts with label funny. Show all posts

စစ်တပ်ထဲကအင်တာဗျူး(တပ်စစ်ဆေးမှူ)

ကိုလိုနီနယ်ချဲ့လက်ထက်ကဖြစ်သည်။
နောက်နေ့တပ်အတွင်းသို့အင်္ဂလိပ်
အရာရှိလာရောက်စစ်ဆေးမည်ဖြစ်သဖြင့်တပ်တွင်းအင်္ဂလိပ်စာတတ်သူမြန်မာအရာရှိကတပ်သားများအားအင်္ဂလိပ်စာသင်ပေးနေသည်။
ရဲဘော်တို့အင်္ဂလိပ်အရာရှိလာရင်မေးခွန်းကိုသိစရာမလိုတဲ့အတွက်မေးခွန်းကိုမသင်တော့ဘူး။
မေးခွန်းပါသင်ရင်မမှတ်မိဖြစ်ကုန်လိမ့်မယ်။
ဒီတိုင်းပဲမေးမှာဖြစ်တဲ့အတွက်ဒီတိုင်းပဲဖြေ။
အင်္ဂလိပ်အရာရှိလာရင်ပထမဆုံးမေးမဲ့မေးခွန်းက
အသက်ဘယ်လောက်ရှိပြီလည်းလို့မေးလိမ့်မယ်။
အဲဒီအခါအသက်၃၀နှစ်(30years)လို့ဖြေပါ။
နောက်စစ်မှုထမ်းကာလဘယ်လောက်ရှိပြီလဲမေးရင်၅နှစ်(5years)လို့ဖြေပါ။
အဖေကဗမာလားမေးရင်ဟုတ်ပါတယ်(yes)လို့ဖြေပါ။
အမေကရောဗမာလားမေးရင်နှစ်ယောက်လုံးအတူတူပါပဲ(both)လို့ဖြေပါ။
ဒါနဲ့ပဲတပ်သားတွေအဲဒါကိုအသေကျက်ထားကြလိုက်တယ်။
နောက်နေ့အင်္ဂလိပ်အရာရှိလာစစ်တော့ တပ်သားအားလုံးကိုအဲဒီအတိုင်းပဲမေးတယ်။
ဒါပေမယ့်နောက်ဆုံးတပ်သားကိုဘောလုံးအလှည့်ရောက်တော့မေးခွန်းပြောင်းမေးဖို့စိတ်ကူးလိုက်တယ်။
ဒါနဲ့ "ရဲဘော်စစ်သက်ဘယ်လောက်လဲ။"
ကိုဘောလုံး "၃၀နှစ်ပါ။"
"ဒါဆိုအသက်ကရော။"
ကိုဘောလုံး '၅နှစ်ပါ။"
အရာရှိမျက်လုံးပြူးသွားပြီး "ရူးနေလား"လို့မေးလိုက်တယ်။
ကိုဘောလုံး "ဟုတ်ပါတယ်။"
အရာရှိက"အိုးမိုင်ဂေါ့မင်းပဲရူးလားငါပဲရူးလားမသိတော့ပါဘူး။"
ကိုဘောလုံး "နှစ်ယောက်စလုံးပါပဲ။"

ဘ၀ ပုံသေနည်း


လက်မထပ်မီ………
(အပေါ်မှအောက်သို့ဖတ်ပါ)

သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။

သူမ.... နင် နောင်တရမလား

သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။

သူမ.... ငါ့ကို တကယ်ချစ်လား

သူ...... တကယ်ပေါ့။

သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။

သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။

သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။

သူ...... အင်း.. တစ်ခါထက်ကို မကဘူး။

သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။

သူ...... လုံးဝ မဖြစ်နိုင်တာ

သူမ.... ငါ နင့်ကို ယုံရမလား...

လက်ထပ်ပြီးနောက်…………(အောက်မှအပေါ်သို့ ပြန်ဖတ်ပါ)

ယောက်ျား Vs မိန်းမ


အိုဘယ့် မိန်းမ
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်ကမရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။


အိုဘယ့် ယောက်ျား
အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။

မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ  ကို ခေါ်တာတဲ့။
source>>>myanmarjokes

အသက်ရှည်စေရန်(၁)

၁)မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်
သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။

ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။

'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'

'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'

'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'
၂)ပထမလူ ။"ဒီနေ့မနက်ကောင်မချောချောလေးတစ်ယောက်
ချော်လဲတာ စကပ်လေးတောင်လန်သွားတယ်ကွာ

ဒုတိယလူ။ ဟာ .. ဒါဆိုသူတော်တော်ရှက်သွားမှာပေါ့
၊ မျက်နှာနီသွားမှာဘဲ

ပထမလူ ။ ငါမျက်နှာမကြည့်လိုက်မိဘူး၊ ဘောင်းဘီကတော့ အနက်လေး
၃) မင်္ဂလားဦးညလွန်မြောက်၍နောက်နေ့ မနက်တွင်ဖြစ်ပါသည်။
အမျိုးသားက ဖိနပ်ဝယ်ရန်အတွက် ဖိနပ်ဆိုင်သို့ထွက်လာကြပါသည်။
တစ်ဆိုင်လုံးရှိသမျှ ဖိနပ်များကုန်သွားသော်လည်း သူနှင့်တော်သောဖိနပ်ကိုရှာမတွေ့ချေ။
သို့ဖြစ်၍ အမျိုးသမီးဘက်သို့လှည့်ကာ
" မင်းသိတဲ့အတိုင်းကွာ၊ ကိုယ်ကတောသားဆိုတော့ တစ်နှစ်လုံး ဖိနပ်မစီးဘဲလျှောက်သွားနေတာ၊ ဒီတော့ ခြေထောက်က
ကြီးချင်တိုင်းကြီးနေတာကွ "
အမျိုးသမီးက ချက်ချင်းဘာမှ ပြန်မပြော၊ အတန်ကြာမှ
" တကယ်ဆိုရင် ရှင်တစ်နှစ်လုံး ဘောင်းဘီမ၀တ်ဘဲ လျှောက်သွားနေရမှာ "
၎)ပင်လယ်ကမ်းခြေတွင် ယောင်္ကျား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ
လှုံ နေစဉ် သူ့ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။ ဒါနဲ့ သူကလဲ
ရှက်တာနဲ့ သူ့ပစ္စည်း ကို သူဖတ်နေတဲ့ သတင်းစာ နဲ့အုပ်ထားလိုက်ပါတယ်။

ကောင်မလေး - ရှင့်သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး - ငှက်တကောင်ရှိတယ်။

အဲဒီနောက် ကောင်မလေး ကထွက်သွားပြီး၊ ကောင်လေး ကလည်း အိပ်ပျော်သွားခဲ့ပါတယ်။

ဒီလိုနဲ့ ကောင်လေး ကနိုးလာတော့ နာကျင်စွာဖြင့် သူဆေးရုံရောက်နေမှန်းသိတော့တယ်။
ဒီတော့ သူ့ကို ဆေးရုံခေါ်လာတဲ့ ရဲက မေးပါတယ် ။

ရဲ - မင်းဘာဖြစ်လာတာလဲ။
ကောင်လေး - မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း
ကောင်မလေး တယောက် က ကျွန်တော့ ပစ္စည်းအကြောင်းလာမေးတယ်။
အဲ့နောက်မမှတ်မိတော.ဘူး။

အဲဒီတော့ ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော့တယ်။

ရဲ - နင် ဟို ကိုယ်တုံးလုံးနဲ့ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး - အော်.....သူ့ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က
ငှက်ကလေးနဲ့ဆော့နေတုန်း အဲ့ဒီငှက်က ကျမကို တံတွေးနဲ့ ထွေးတယ်လေ။
ဒါနဲ့ကျွန်မလဲ စိတ်တိုပြီး ငှက်ရဲ့ လည်ပင်းကို ချိုးပစ်တယ်၊ ငှက်ဥ ကို
ခွဲပစ်လိုက်ပြီး အသိုက်ကိုပါ မီးရို့ ပစ်လိုက်တယ်။ အေးရော ပေါ့..။။ 
Source>>>ရဲရင့်နီ

ပျော်ရွင်ပါစေ....

အိမ်ထောင်မပြုချင်သူ

နေ့စေ့ လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ တတိယမြောက်
ကိုယ်ဝန်မွေးဖွား ဖို့အတွက် ကိုယ်ပိုင်ဆေးခန်း တစ်ခုကို ရောက်လာပါတယ်။
ဆရာဝန်က ကိုယ်ဝန်ဆောင်ရဲ့ ရာဇ၀င်မှတ်တမ်းကို ကြည့်ရှုပြီး အိမ်ထောင်မရှိ
ဆိုလို့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။ ဒါကို ရိပ်မိသွားတဲ့
ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ အောက်ပါအတိုင်း ရှင်းပြလိုက် ပါတယ်။

ကိုယ်ဝန်ဆောင် = ဒီလိုပါဆရာ၊ ကျွန်မ (၁၆)နှစ်အရွယ်တုန်းက မိသားစုဆရာဝန်က
မှာခဲ့ဖူးပါတယ်။ ကျွန်မရဲ့ နှလုံးခုန်သံ မမှန်ဘူး၊ ပုံမှန်မဟုတ်တဲ့
အသံတွေ ကြားနေရတာကြောင့် အသက်ရှည်ရှည် နေချင်ရင် အိမ်ထောင်မပြုပါနဲ့ လို့
မှာထားလို့ပါဆရာ။
ဆရာဝန် = တေ့လွဲ လွဲတာပဲ .. .. ။

မှားပုံများဗျာ


ဆေးရုံတစ်ရုံမှာ ဆရာဝန်တွေဟာ မိမိတို့ရဲ့ တစ်နေ့တာ
ဂျူတီချိန်ပြီးဆုံးချိန်မှာ တစ်နေ့တာ လုပ်ဆောင်ခဲ့တာတွေကို ဆေးရုံအုပ်
ဆရာဝန်ကြီးဆီ သတင်းပို့ရပါတယ်။ မှန်ရင် ချီးကျူးပြီး၊ မှားရင်
အမှားပြင်ပေးတတ်ပါတယ်။ တစ်နေ့တော့ ဆရာဝန်လေး တစ်ယောက်က
ဂျူတီချိန်ပြီးလို့ ဆေးရုံအုပ်ကို သတင်းပို့ရာမှာ
ဆရာဝန် = ဆရာကြီးခင်ဗျာ၊ ဒီနေ့ ကျွန်တော်အမှား နည်းနည်းပါးပါး လုပ်မိပါတယ်။
ဆေးရုံအုပ် = မှားတဲ့အခါလည်း မှားမှာပေါ့၊ ဘာတွေ လုပ်မိလို့လဲကွာ
ဆရာဝန် =ကျောက်ကပ်ထုပ်ရမယ့် လူနာကို အသည်းထုတ်မိသွားလို့ပါ ဆရာ။
ဆေးရုံအုပ် = ရတယ်လေ၊ ဒီလောက်တော့ မှားမှာပေါ့။
ဆရာဝန် = ဆက်ပြောပါရစေ ဆရာကြီး၊ လူနာနဲ့ လူနာစောင့် မှားပြီး
လူနာစောင့်ရဲ့ အသည်းကို ထုတ်မိသွားပါတယ်။
ဆေးရုံအုပ် = ဒါလည်း ဖြစ်တတ်ပါတယ်၊ အမှားက ဒါပဲလား။
ဆရာဝန် = ရှိပါသေးတယ်၊ လူနာက ဆရာကြီး ခယ်မဖြစ်ပြီး၊ လူနာစောင့်က
ဆရာကြီးရဲ့ မိန်းမပါ။
ဆေးရုံအုပ် = မှားပုံများဗျာ... ။



သူတို့လင်မယား

ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။
ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး
လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း
အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ သတ္တိရှိရှိ ကျုပ်ကို
ရင်ဆိုင်စမ်းပါတဲ့ ... ...... ဟီး ဟီး …။
ပထမလူ = ဟိုက် - သေလိုက်ပါတော့ကွာ …… ။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes