Showing posts with label software. Show all posts
Showing posts with label software. Show all posts

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်


မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။

ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်

ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။





အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။





Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။



“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။



ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။

AVG Antivirus software က 10 နှစ်စာတောင် Free ပေးထားပီ


ကွန်ပျူတာကိုင်တွယ်အသုံးပြုနေကြရတဲ့ သူတွေအတော်များများရဲ့ကြားမှာ ဗိုင်းရပ်(စ်) ရဲ့ပြသနာအတော်များများကိုခံစားရပြီးအော်ဟစ်နေကြတဲ့အသံတွေကြားရပါတယ်။ ဒါ့အပြင် ဘာပြသနာတက်တက်ဗိုင်းရပ်(စ်)ကြောင့်လို့ပြောနေကြတာကိုလည်းမကြားချင်အဆုံးပါပဲ။ ဘယ် Anti virus အမျိုးအစားကကောင်းလည်းဆိုတဲ့ မေးခွန်းတွေလည်းအများကြီးပါ။ များသောအားဖြင့် လူအတော်များများက အလကားဆိုအရမ်းကြိုက်ပါတယ်။ အလကားကြိုက်တဲ့ ကိုကို၊ မမ တွေအတွက် AVG ကနေ 10 နှစ်စာတောင် free ပေးလိုက်ပါသတဲ့ဗျာ။ အမှန်တကယ်လဲ ဒီ antivirus ကောင်းလွန်းပါတယ်....လိုချင်တယ်ဆိုရင်တော့ဒေါင်းလို့ရအောင် link လေးပေး လိုက်ပါတယ်။  
ကိုကလစ်ပေးပြီးဒေါင်းနိုင်ပါတယ်။ အားလုံးနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ..........

window password ကို မိမိမျက်နှာနဲ့ပေးကြရအောင်

ကျွန်တော်ပို့ စ်အသစ်မတင်တာ တလနီးပါးလောက်ရှိသွားပါပီ။အားလုံးကိုတောင်းပန်ပါတယ်။နည်းနည်းအလုပ်ရှုပ်နေလို့ ပါ။နောက်ပိုင်းအချိန်ရရင်ရသလိုရေးပါ့မယ်။မရေးတော့ ကျွန်တော့်ဘော်ဘော်တွေက နေမကောင်းကျဘူးထင်နေကျတယ် ။အားလုံးကောင်းပါတယ် အားလုံးပဲ....:)))
မသိသေးတဲ့ သူတွေအတွက်အသစ်လေးတခုမွေနှောက်ရင်းတွေ့ လာလို့ တင်ပေးလိုက်ပါတယ်.....

ဒီစော့ဝဲလေးကတော့ Password ကိုအသုံးမပြုချင်တဲ့ သူတွေအတွက် Webcam ကိုအသုံးပြုပြီးတော့ Login လုပ်နိုင်တဲ့
စော့ဝဲလေးပဲဖြစ်ပါတယ်.....ဒီစော့ဝဲလေးကို တင်တဲ့ အခါမှာ Webcam ကို အသုံးပြုပြီးတော့ မိမိ မျက်နှာကို Record လုပ်ရပါတယ်....Record လုပ်တာ ပြီးဆုံးသွားပြီဆိုရင်တော့ မိမိ မျက်နှာက လွဲပြီး တစ်ခြားလူ ၀င်ရောက်
အသုံးပြုလို့မရတော့ပါဘူး.... ဒီစော့ဝဲ Support လုပ်ဆောင်တဲ့ Windows တွေကတော့ 32 Bit Windows Vista နဲ့
Seven မှာပဲဖြစ်ပါတယ်......စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ယူလိုက်ပါ....
ဒီစော့ဝဲလေးကတော့ Password ကိုအသုံးမပြုချင်တဲ့ သူတွေအတွက် Webcam ကိုအသုံးပြုပြီးတော့ Login လုပ်နိုင်တဲ့ စော့ဝဲလေးပဲဖြစ်ပါတယ်.....ဒီစော့ဝဲလေးကို တင်တဲ့ အခါမှာ Webcam ကို အသုံးပြုပြီးတော့ မိမိ မျက်နှာကို Record လုပ်ရပါတယ်....Record လုပ်တာ ပြီးဆုံးသွားပြီဆိုရင်တော့ မိမိ မျက်နှာက လွဲပြီး တစ်ခြားလူ ၀င်ရောက် အသုံးပြုလို့မရတော့ပါဘူး.... ဒီစော့ဝဲ Support လုပ်ဆောင်တဲ့ Windows တွေကတော့ 32 Bit Windows Vista and Seven မှာပဲဖြစ်ပါတယ်......စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ယူလိုက်ပါ....      

For Vista and W7 

Glass CMD & Glass Notepad

ကျွန်တော်တို့  cmd နဲ့  notepad တွေကို ဒီတိုင်းကြီးသုံးရတာ ညီးငွေ့ လာသူများအတွက်ပါ။လှလှလေးနဲ့  တမျိုးလေးဆန်းသွားတာပေါ့ဗျာ။သုံးချင်တဲ့ အလှအပကြိုက်တဲ့သူငယ်ချင်းများအတွက် Glass CMD & Glass Notepad ပါ။





အလိုရှိတဲ့သူငယ်ချင်းတွေ အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်ခင်ဗျာ။

download accelerator plus latest version windows 7

ဒါကတော့ Download Software တစ်ခုဖြစ်ပါတယ် သုံးကတာလည်းလွယ်ကူပါတယ်

ယခုလက်ရှိလည်းကျွန်တော်လည်းအသုံးပြုနေပါတယ်..။ သူနဲ့ Download လုပ်ထားတာမှန်သမျှ

MyDAP Download File ထဲကို ရောက်ပါတယ်..။


လိုချင်သူများကတော့ လုပ်နိုင်ပါတယ်..။

Virus Cleaner



Virus Cleaner | 12.54 MB

ဒီစော့ဝဲကတော့ မိမိရဲ့ ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ Virus, malware, အသုံးမလိုတဲ့ File တွေကို ရှင်းလင်းပေးနိုင်တဲ့ စော့ဝဲပဲဖြစ်ပါတယ်....မိမိ ရှင်းလင်းချင်သော Drive ကို ရွေးချယ်ပြီး Click တစ်ချက်ပေးရုံနဲ့ ရှင်းလင်းပေးနိုင်တဲ့ အသုံးပြုရလွယ်ကူသော Portable စော့ဝဲလေးပဲဖြစ်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်....



                            

Ultimate Process Killer 2.0.2

 
Ultimate Process Killer 2.0.2 | 4.57 MB
ဒီစော့ဝဲကတော့ မိမိစက်မှာ အသုံးပြုတဲ့ Application တွေမှာ Program တစ်ခုနဲ့ တစ်ခု ညိလို့ပဲ ဖြစ်ဖြစ် ၊ အကြောင်းအရာ အမျိုးမျိုးကြောင့် အသုံးပြုနေတဲ့ Application က Respond မလုပ်တော့ပဲ Hang သွားတယ်ဆိုရင်တော့ ဒီစော့ဝဲကို အသုံးပြုပြီးတော့ အလွယ်တစ်ကူ ပိတ်ပစ်ပေးနိုင်ပါတယ်.....ပုံမှန်အားဖြင့် Ctrl+Alt+Del Key ကိုခေါ်ပြီးတော့ Task Manager ကနေ ပိတ်နိုင်သော်လည်း စော့ဝဲကို Click တစ်ချက်ပဲ ပေးပြီး ပိတ်ချင်တဲ့သူများအတွက် အသုံးပြုလို့ရအောင် တင်ပေးလိုက်ပါတယ်...Portable ဆိုတော့ အလွယ်တစ်ကူလည်း အသုံးပြုနိုင်ပါတယ်...စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်....
source>>>mone-tine

gtalk လိုမျိုးချက်လို့ ရတဲ့  Ftalk



ဒီဟာလေးကတော့  သိပီးတဲ့ သူတွေလည်းသိမှာပါ။မသိသေးတဲ့ သူတွေအတွက်အသစ်လေးပေါ့။
အဓိက ကတော့ ကော်နက်ရှင်မကောင်းတဲ့  အခါမှာ သူကအထောက်အကူတော်တော်လေးဖြစ်မယ်ထင်ပါတယ်။facebook chatက ကွန်နက်ရှင် သိပ်ကောင်းစရာမလိုပါဘူး ခင်ဗျာ ဂျီတော့လိုဘဲအသုံးပြုပါတယ်။
ဘာမှလည်းမခက်ခဲပါဘူး။အောက်လင့်ခ်မှာသွားရောက်ဒေါင်းယူပီး အသုံးပြုရုံပါပဲခင်ဗျာ။

အားနည်းချက်တစ်ခုတော့ရှိတယ်ပါတယ် မြန်မာZawgyi font  နဲ့သိပ်အဆင်ပြေဘူးခင်ဗျာ 
စာလုံးတွေကနည်းနည်းလွဲတယ် မြန်ဂလိစ်ချက်သမားတွေအတွက်တော့အဆင်ပြေပါတယ် 



Photoinstrument 3.2 Build 341 + Serial.rar



အခုဆွေးနွေးမဲ့အကြောင်းအရာလေးက ဓာတ်ပုံလေးကို အစက်အပျောက်တွေ ဖျောက်ပေးတဲ့
(Photoinstrument ) လေးဖြစ်ပါတယ်။ Photoshop ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့
သူတွေအတွက် တော့ လိုမယ်မထင်ဘူးဗျ။ ကွုန်တော်တို့လို ဟိုမရောက်ဒီရောက် သူငယ်ချင်းတွေ
အတွက် အလွယ်တကုအသုံးပြုနိုင်ရန်ဖြစ်ပါတယ် ။ Photoshop မပိုင်ရင်တော့ Software လေးတွေ သူအပိုင်းနဲ့သူရှိပါတယ် ။ အဲဒီ Software လေးတွေကို ကိုယ်ရဲ့ စိတ်ကူးစိတ်တန်းနဲ့ ပိုင်နိုင်စွာ
အသုံးချတတ်မယ်ဆိုရင်Photoshop ထက်ကောင်းတဲ့ အရေအသွေးလေးတွေ ရရှိနိုင်ပါတယ် ။ ဒါနဲ့
အခုဒီစော့ဝဲကတော့ အစက်အပေါက်လေးတွေ ဖျောက်ပေးပါတယ် အခြားလိုရင် လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။သုံးတာလည်းမခက်ပါဘူး လုပ်ဆောင်နည်းလေး
တွေကို တပါတည်းဖော်ပြထားပါတယ်။ စော့ဝဲလေး Run ပြီးလို့ မြင်တာနဲ့ သိနိုင်ပါတယ်။

external image 2rnj4oh-300x248.jpg




source>>>




http://shinminnthisa.wikispaces.com



































































SmPlayer 0.6.9 Portable

 

 

Player Portable လေးတစ်ခုနဲ့ သူငယ်ချင်း အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Player လေးကတော့

SmPlayer Portable လေးဖြစ်ပါတယ်။ သူ့ရဲ့အထိက စွမ်းဆောင်မှူ့တော့ playing videos, DVDs, နှင့် VCDs တွေအတွက် ကောင်းမွန်ဆုံးဖြစ်ပါတယ်။ မိတ်ဆွေတို့ ကြုံဘူးကြမယ်ထင်ပါတယ် တခါလေ ကိုယ် ကြည့်ချင်တဲ့DVDsက ကိုယ်မှာ ရှိတဲ့ Player နဲ့ အလုပ်မလုပ်ဘူးဆိုပြီး စိတ်ညစ်မနေနဲ့ဗျာ ဒီကောင်လေးထဲ ထည့်ပြီး အသုံးပြုကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ပြီးတော့ languages 20 ကိုလည်း Translations လုပ်ပေးနိုင်တာတွေ့ရပါလိမ့်မယ်။ 14MB
ပဲရှိတယ် ။ လိုတောင့်လိုမယ် ဆောင်ထားချင်ကြတဲ့ သူငယ်ချင်းတွေ အတွက်
ဒေါင်းယူလိုက်ပါ...

 

 

BitDefender 10 Free Edition


ကဲဗျာ ဒီတခါတော့  ကမ္ဘာအကောင်းဆုံး အန်တီဗိုင်းရပ်ဆော့ဝဲလ်လေးကို တင်ပြပါ့မယ်။အားလုံးလည်းသိပီးဖြစ်မှာပါ။မသိသေးတဲ့ မိတ်ဆွေများအတွက်ပါ။
ကျွန်တော်လည်း လက်ရှိ သုံးနေပါတယ် ကမ္ဘာ့အသိအမှတ်ပြု အကောင်းဆုံးဆိုတော့လည်း သုံးကြည့်တာပါ။မယုံဘူးဆိုတဲ့ သူများ ဒီမှာ အန်တီဗိုင်းရပ်တွေရဲ့  rank တွေသွားကြည့်နိုင်ပါတယ်။
သုံးချင်တယ် ဆိုရင်တော့ အောက်ကလင့်ခ်မှာ သွားရောက်ဒေါင်းလော့ယူလို့ရပါတယ်။



အားလုံးကိုလေးစားလျက်......

Windows XP ကိုမြန်မာလိုပြောင်းသုံးမယ်.။

Windows XP ကိုမြန်မာလိုပြောင်းသုံးတဲ့ Software လေးနဲ့မိတ်ဆက်ပေးလိုပါတယ်..ဒီ Software
လေးကို Install လုပ်လိုက်ပြီး သူခိုင်းတဲ့အတိုင်း Restart နှစ်ခါလောက်ချလိုက်တာနဲ့..Windows XP
ရဲ့ သုံးပုံတစ်ပုံလောက်ဟာ မြန်မာစာအဖြစ်ကိုပြောင်းလဲသွားတာ တွေ့ရပါတယ်..ဒီ Software လေးကို
စမ်းသပ်ပြီး ရလာတဲ့ ကောင်းကျိုး နှင့်ဆိုးကျိုးတွေကို ဖော်ပြပ့ါမယ်..။ Install လုပ်ရာတွင် .Net Framework
ဆိုပြီး Installation Error ပြလာပါက ဒီSoftware လေးကိုအရင်ဒေါင်းပြီးစက်မှာ Install လုပ်လိုက်ပါ။
ပြီးမှ မြန်မာလိုပြောင်းပေးတဲ့ Software ကို Install ပြန်လုပ်ပါ။အခုဖြစ်တတ်တဲ့ ပြသနာလေးတွေကိုပြော
ပြပါ့မယ်………….။

ကျွန်တော့်ရဲ့စက်မှာ Zawgyi တင်ထားပါတယ်..Antivirus လည်းတင်ထားပါတယ်..ဒီ Software ကို Run
လိုက်တဲ့အခါ မှာ Antivirus က Virus ဆိုပြီးသတ်ပါတယ်.တကယ်တော့ ဒါဟာ Virus မဟုတ်ပါ..ကျွန်တော်
တို့ရဲ့ ယူနီကုတ်စနစ်ကို Antivirus များက နားမလည်လို့သာဖြစ်ပါတယ်.ဒီတော့ Software ကို Install
လုပ်တော့မယ်ဆိုရင် Antivirus ကိုအပြီးတိုင် Exit လုပ်လိုက်ပါ။ ပြီးမှ Install စတင်ပါ။

Install လုပ်ပြီးသွားပြီဆိုရင်တော့ Restart ချခိုင်းပါတယ်..ချပေးလိုက်ပါ။ စက်ပြန်တက်လာရင် Antivirus
ကိုထပ်မံပြီး အမြန် Exit လုပ်ပါ။ အနက်ရောင် Screen နဲ့ မြန်မာယူနီကုတ်မိတ်ဆက် စာသားများ ပေါ်လာပါ
မယ်..ညွှန်ကြားချက်များကို သေချာဖတ်ပြီး ဆက်လုပ်သွားပါ။ နောက်ဆုံး Restart ထပ်ချခိုင်းပါမယ်။ချပေး
လိုက်ပါ။ စက်ပြန်တက်လာပြီဆိုရင် Windows ရဲ့သုံးပုံတစ်ပုံလောက်ဟာ မြန်မာစာအဖြစ်သို့ပြောင်းနေတာ
ကိုတွေ့ရပါမယ်။အဲဆိုရင်..Install လုပ်တဲ့အဆင့် အိုကေသွားပါပြီ..ပြသနာစပါတော့မယ်…

ပြသနာကဘာလဲဆိုတော့..မိမိစက်မှာ Install လုပ်ထားတဲ့ Zawgyi သုံးမရတော့တာပါ.zawgyi နဲ့ရေးထားတဲ့
စာတွေ ကမောက်ကမတွေဖြစ်ကုန်တာပါ..အဲလိုဖြစ်ရခြင်းကတော့ zawgyi ကယူနီကုတ်အစစ်အမှန်မဟုတ်
လို့ပါ။အဲဒီအတွက် Zawgyi ကိုပြန်မတင်လိုက်ပါနဲ့..ပြန်တင်လိုက်တာနဲ့တပြိုင်နက် ခုနက Windows မှာမြန်
မာလိုပေါ်နေတာတွေက လေးထောင့်တုံး..သို့မဟုတ်..မြန်မာစာလုံပျက်တွေဖြစ်ကုန်တတ်လို့ပါ။ပြန်မတင်ပါနဲ့
ဒီအတိုင်းသာထားလိုက်ပါ။ မြန်မာစာပြောင်းတဲ့ Software ကိုတင်ပြီးတာနဲ့ Desktop Screen ရဲ့ ညာဘက်
အောက်နားမှာ “က” ပုံလေးပေါ်လာပါ့မယ်.အဲဒီကကြီး ပုံလေးကို တစ်ချက်ကလစ်လိုက်တာနဲ့..နောက်ထပ်ဘား
တန်းရှည်ထွက်လာပါ့မယ်..အဲဒီဘားတန်းမှာမှ..မိမိနှစ်သက်ရာ Fonts ကိုရွေးသုံးရုံပါ..Zawgyione ပါပြောင်းလို့
ရပါတယ်.သုံးကြည့်ရင်တော့ သဘောပေါက်လာမှာပါ။


ဒီပိုစ့်လေးကိုတင်ပေးရတဲ့ရည်ရွယ်ချက်ကတော့..ပထမဦးဆုံးအနေနဲ့ သိပြီးသားသူများအတွက်မရည်ရွယ်ပါ။
ကွန်ပျူတာစတင်အသုံးပြုသူများအနေဖြင့် ကွန်ပျူတာပညာရပ်ကိုမိခင်မြန်မာဘာသာသုံးပြီး နားလည်သဘော
ပေါက်စေရန်ရည်ရွယ်ပါတယ်..အခုဆိုရင်လဲ..Microsoft က ထုတ်တဲ့ Windows အခွေတိုင်းမှာ မြန်မာဘာသာ
ပါဝင်နိုင်ရေးအတွက် လူတိုင်းလက်မှတ်ရေးထိုးတောင်းဆိုနေကြပါပြီ..အစ်ကိုအမတို့လဲ လက်မှတ်ရေးထိုးပေးစေ
ချင်ပါတယ်..အားလုံးအတွက် အကျိုးရှိစေမယ့် ကိစ္စလေးတစ်ခုဖြစ်တဲ့အတွက် ဒီမှာ လက်မှတ် ရေးထိုးပေးကြပါ

စမ်းသပ်ရင်းနဲ့ပျော်ရွှင်နိုင်ကြပါစေ..အားလုံးအဆင်ပြေပါစေလို့ဆုတောင်းလိုက်ပါတယ်..ကွန်ပျူတာနှင့်ပက်
သက်ပြီးအခက်အခဲ တစ်စုံတစ်ရာပေါ်ပေါက်လာပါက မေးမြန်း
နိုင်ပါတယ်ခင်ဗျာ။လိုချင်ရင် အောက်မယ်ယူသွားတော့နော်.။


mail အကုန် backup လုပ်ကြစို့ .



နည်းက နှစ်နည်းရှိတယ်

  1. Outlook express (သို့) thunder bird ကိုသုံးပြီး မိမိရဲ့ gmail account နဲ့ဝင်လိုက် . အဲ့ဒါဆိုရင် အထဲမှာ ရှိတဲ့ မေးလ်တွေ အားလုံး မိမိ ကွန်ပျူတာထဲကို ရောက်လာလိမ့်မယ် . outlook express အသုံးပြုနည်း အကြောင်းကို ဒီမှာ ရေးထားပြီးသားပါ ပြီးတော့ thunderbird အသုံးပြုနည်း အကြောင်းကိုလဲ ဒီမှာ ရေးပေးထား ပါတယ် . ဖတ်ကြည့်လိုက်ပါ .
  2. နောက်တစ်နည်းကတော့ backup program ကို သုံးပြီးတော့ backup လုပ်တာပါ .
အောက်မှာ gmail backup program တင်ပေးလိုက်တယ် . Download လုပ်လိုက်ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .


အားလုံးကိုလေးစားလျက်..................











                                           
                                                   
                                                         


                                              


Blog Entry Windows 7 Ultimate x86 Crack



Windows 7 Ultimate x86 အတွက် Crack File လေးပါ။ Crack လုပ်နည်းလေးကလည်း လွယ်ကူပါတယ်။
(1) ပထမဦးစွာ Windows 7 Install စတင်လုပ်ရာတွင် မည်သည့် key ကိုမျှ ထည့်ပေးရန် မလိုပါ။
(2) ပြီးတော့ crack မပြုလုပ်ရသေးခင် Internet connection ကိုလည်း မချိတ်ရသေးပါ။
(3) Control Panel ထဲက User account control ကိုလည်း Disable ပြုလုပ်ပါ။
(4) ထို့နောက် 7Loder.exe ဖိုင်ကို Run လိုက်ပါ။ အထက်တွင် ဖော်ပြထားသည့်အတိုင်း မြင်တွေ့ရပါမည်။

(5) သင့်ကွန်ပျူတာအမျိုးအစားကိုလိုက်ပြီး OEM information ပုံပေါ်တွင် ရွေးချယ် click နှိပ်ပါ။
(6) Install 7Loder ပေါ်မှာ click တစ်ချက်ထပ်နှိပ်ပေးပြီး computer ကို Restart ပြုလုပ်လိုက်သောအခါ သင့် Windows 7 မှာ Activated လုပ်ဆောင်ချက် အထမြောက်သွားပါပြီ။ အဆင်ပြေကြပါစေ..။






အားလုံးကိုလေးစားလျက်............                                                    

Driver တွေကို Backup လုပ်နည်း

ကျွန်တော်ကို Back Up လုပ်တဲ့နည်းကို တင်ပြပေးဖို့တောင်းဆိုထားတာ ရှိပါတယ်။ ကျွန်တော် ဒီတစ်ခါတော့ Software လေးနဲ့ဘဲ လုပ်တဲ့နည်းတင်ပြပေးပါမည်။ Windows မှာလဲ Tool ပါပြီးသာ ဖြစ်ပါတယ်။ ဒီ Software လေးက ပိုအဆင်ပြေလို့ဖြစ်ပါတယ်။ မိမိမှာ Windows တင်တဲ့အခါမှာ Driver တွေ ပြန်တင်ရတဲ့ ဒုက်ခတွေမှ ကင်းဝေးသလို Driver ခွေ မရှိလို့ အင်တာနက်ကလဲ ပြန်ရှာနေစရာ မလိုပါဘူး။ ဒါကြောင့် အသုံးဝင်အသုံးတည့်တဲ့ Software လေးဖြစ်ပါတယ်။ အောက်မှာ Back Up လုပ်တာကို အသေးစိတ်ရေးပေးပါမည်.။ Restore ပြန်လုပ်တာကလဲ ဒီပုံစံဘဲဖြစ်ပါတယ်။ (ကျန်တဲ့ Tool တွေကိုတော့ ကိုယ်တိုင်းစမ်းပါ.။ ကျွန်တော်က Back Up လုပ်တာဘဲ တင်ပြချင်တာ ဖြစ်ပါတယ်။)

1.DriverMax ကို Download အရင်ချလိုက်ပါ။
http://www.mediafire.com/file/tnbxjuzitmm/drivermax.exe
2.Software ကို Install လုပ်ပြီးတာနဲ့ Backup Driver ကို Click လိုက်ပါ။ အောက်က ပုံကိုကြည့်ပါ။



3.Next ကို ထပ် Click လိုက်ပါ။


4.ခဏလောက် စစ်ဆေးပါမည်။ Driver တွေ ကျလာပါမည်.။ Select All ကို click လိုက်ပါ။ ဒါမှမဟုတ် မိမိ Back up လုပ်ချင်တဲ့ Driver တွေကို Select လုပ်လိုက်ပါ။ ကျွန်တော်ကတော့ အကုန်လုံးကို Backup လုပ်မှာ ဖြစ်တာကြောင့် Select all ကိုပေးလိုက်ပါတယ်။ ပြီးရင် Nate ကို click လိုက်ပါ။


5.မိမိ Backup လုပ်တဲ့ Driver တွေကို Save မည့်နေရာ ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ ZIP file နဲ့ချူံပြီး Save မှာလာ Folder နဲ့ဘဲ Save မှာလာ ဆိုတာ ရွှေးချယ်ရပါတယ်။ ကျွန်တော်က Folder နဲ့ဘဲ Save လိုက်ပါတယ်။ Next ကို click လိုက်ပါ။



6.အောက်ပါအတိုင်း Backup လုပ်နေပါမည်။



7.ပြီးရင်တော့ မိမိ Backup ဖိုင်ကို ကြည့်ချင်ရင် Open extraction folder ကို ကြည့်နိုင်ပါတယ်။ မကြည့်လဲရပါတယ်။ Close ကို နိုပ်လိုက်ပါ။



8.Windows ပြန်တင်ပြီးတာနဲ့ Windows မှာ ပါတဲ့ Backup ဘဲ အသုံးပြုလဲရသလို ဒီ Software ကို Install လုပ်ပြီးတာနဲ့ Restore Driver from Backup ကိုနိုပ့်ပြီး မိမိ Backup လုပ်ထားတဲ့ Folder ကို ရွှေးပြီးတာနဲ့ အဆင့်ဆင့်လုပ်ဆောင်လိုက်ပါ။


အားလုံးကိုလေးစားလျက်.....

vzo chat လိုမျိုး TrueConf Online နဲ့ ချက်ကြမယ်..


ဒါလေးက vzo ချက်လိုမျိုး TrueConf လေးပါ။
vzo chat ကို သုံးနေကြတဲ့ သူတွေအပြောင်းအလဲ လေးတစ်ခုပေါ့။
မိမိသူငယ်ချင်းတွေအများကြီးနဲ့ တစ်ချိန်တည်း တစ်ခါတည်း မိမိ IDမှာ ရှိသမျှသူတွေကိုဖြစ်ဖြစ်  ချစ်သူနှစ်ဦးထဲသာ အေးဆေးချက်ချင်တဲ့သူတွေဘဲဖြစ်ဖြစ်..အသုံးတည့်မဲ့ဆော့ဝဲလ်လေးပါ။

video-conferencing-server-200.png



TrueConf Online 6.2.1


Service Client application

trueconf-online-logo.png





setup.png


authorization.png


 ဒီ TrueConf လေးက vzo လိုပုံစံတူလေးဖြစ်နေပေမဲ့
register လုပ်ရန်။

ပြီးရင် ဘယ်ဖက်တောင့်နား အပေါ်က TrueConf ကို ကလစ်ပြီး login ၀င်ပါ။
တစ်ဖက်က သူကလည်း register  လုပ်ဖို့ လိုတယ်နော်..သူက vzo အကောင့်နဲ့ ၀င်လို့မရလို့ပါ။



images?q=tbn:ANd9GcRc1OUUCejzHatwTnJ9VbqFY4Cfa2OuBRFBy07FSHlFhLhjmS1G

 ကဲ ...ပြီးရင် သူငယ်ချင်းအားလုံးနဲ့ ချက်ဖို့ ပြောပြမယ်နော်။

panel.png

အပေါ်က ပုံမှာကြည့်လိုက်နော်..conference-button.gif ဒီနေရာလေးကိုကလစ်လိုက်ရင်အောက်က ပုံလေးအတိုင်း
ဘောက်တစ်ခုကျလာမှာပါ။ Contact list ထဲက  သူငယ်ချင်းတွေထဲက ကိုယ်ချက်ချင်တဲ့ သူတွေကို
Selected participants(0/15)  ထဲကို မောက်စ်လေးနဲ့ ဆွဲထည့်လိုက်ပြီး..Start ကို ကလစ်လိုက်ရင်
မိမိပြောချင်တဲ့သူတွေနဲ့ပြောလို့ရပါပြီ။

conference-manager-asymmetric.png


မြန်မာလိုချက်ချင်တဲ့သူတွေအတွက်တော့...အောက်က vzo မှာမြန်မာလိုချက်သလိုမျိုးချက်လို့ရပါပီနော်..

vzo မှာ မြန်မာလိုရေးချင်သူများအတွက်.

vzo မှာ မြန်မာလိုရေးချင်တဲ့သူတွေအတွက်ပါ။
vzo မှာ မြန်မာလိုရေးလို့ရအောင် စကိုက်တွေမှာလိုဖေါက်ပြောင်းလို့မရပါဘူး။
ဘယ်လိုရေးရမလဲဆိုတော့  မိမိဂျီတောက်အကောင့် တစ်ခုကိုဖွင့်ထားပြီး အဲအကောင့်ထဲမှာအွန်လိုင်းမှာမရှိတဲ့
offline နဲ့ရှိနေတဲ့ တစ်ယောက်ယောက်ရဲ့ အကောင့်ကို go of record ကိုပြောင်းလိုက်ပါ.။
အဲဒီကမှာ ကိုယ်ကvzo မှာရေးချင်တဲ့စာကိုမြန်မာလိုရေးပြီး Enter ခေါက်ပါ။
တက်လာတဲ့စာကို copy လုပ်ပြီး vzo chat box မှာ paste လုပ်ပြီး Enter ခေါက်ကြည့်ပါ။
vzo chat box မှာ မြန်မာလို ပေါ်လာပါလိမ့်မယ်.။
တစ်ဖက်က ချက်နေတဲ့သူလည်း မြန်မာလိုမြင်ရပါလိမ့်မယ်။
တစ်ခုတော့ရှိတယ်...vzo ဗားရှင်းတူမှ လည်း တစ်ဖက်က မြန်မာလိုမြင်ရမှာနော်..
 နောက်တစ်ခုကစာရေးရတာမြန်အောင်လို့  short key ဖြစ်တဲ့ Ctrl + C ကို copy အတွက် သုံးလိုက်ပြီး Ctrl + V ကို တော့  paste  အတွက်သုံးလိုက်ပါနော်...ဒါကတော့  ကွန်ပြူတာသုံးတဲ့ သူတိုင်းသိပါတယ်
အဆင်ပြေကြပါစေ။။

client_v6.0.0.jpg

အဆင်ပြေကြပါစေ..

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes