Showing posts with label thinking. Show all posts
Showing posts with label thinking. Show all posts

ကျွန်တော်သဘောကျမိတဲ့ လူမိုက်၊ လူတော်၊ ပညာရှိ အယူအဆများ


GREATNESS
The foolish assume themselves to be great,
Not realizing that they are the dust of unbounded nature.
Little and temporary creatures are they.

The clever recognize nature's greatness,
And sacrifice to her;
They leave the inexplicable event in His hands.

The wise recognize purity as the greatest state,
Knowing that all of mankind and all creatures are heading toward The real Purity.


ကြီးကျယ်မြင့်မြတ်ခြင်း

လူမိုက်တို့သည် မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်သည်ဟု ယူဆကြ၏။
မိမိတို့မှာ အတိုင်းအဆမရှိသည့် သဘာဝတရား၏ ဖုန်မှုန့်မျှသာ ဖြစ်ကြောင်း သဘော မပေါက်ကြသောကြောင့် သူတို့သည် သေးငယ်၍ တဒင်္ဂ သတ္တ၀ါများသာ ဖြစ်ကြ၏။

လူတော်များသည် သဘာဝတရား၏ ကြီးကျယ် မြင့်မြတ်မှုကို သဘောပေါက်ကြသည့်အလျောက် မိမိကိုယ်မိမိလည်း ထိုသဘာဝတရားထံ ပုံအပ် ပူဇော်ရင်း ဖွင့်ဆို ရှင်းပြခြင်းငှာ မစွမ်းသာသော အဖြစ်အပျက်ကိုကား ဘုရားသခင်လက်ဝယ် ချန်ခဲ့ကြလေ၏။

ပညာရှိများမှာမှု လူသားအားလုံးနှင့် သတ္တ၀ါအပေါင်းတို့သည် စစ်မှန်သော သန့်ရှင်းစင်ကြယ်မှုသို့ ဦးတည်နေကြသည်ကို နားလည် သဘောပေါက်ခြင်းကြောင့် သန့်ရှင်း စင်ကြယ်မှုကိုသာ အကြီအကျယ် အမြင့်မြတ်ဆုံးဟု အသိအမှတ်ပြုကြ၏။


COMMITMENT


The foolish dare not make any commitments
And try to avoid all responsibilities;
They are unreliable even to themselves.

The clever make many commitments,
Some achievable and some not,
Making the clever sometimes trustworthy and sometimes not.

The wise make group commitments.
They synergise the team to achieve a common goal.
Usually getting the greater good as result.


ကတိက၀တ်

လူမိုက်တို့သည် ကတိက၀တ် တစ်စုံတစ်ရာကိုမျှ မပြုရဲကြ။
တာဝန်ရှိမှုဟူသမျှကို ရှောင်လွှဲရန်သာ ကြိုးစားကြ၏။
ထို့ကြောင့် သူတို့သည် မိမိကိုယ်ကို အတွက်ပင် ယုံကြည်စိတ်ချရဖွယ် မရှိ။

လူတော်များသည် မြောက်မြားစွာသော ကတိက၀တ်များကို ပြုကြ၏။
အချို့မှာ ပြီးမြောက် အောင်မြင်ဖွယ်ရှိ၍ အချို့မှာ ထိုသို့မဟုတ်ကြ။
သို့ဖြစ်၍ သူတို့သည် အခါခပ်သိမ်း ယုံကြည်စိတ်ချရသူများ မဖြစ်နိုင်ကြချေ။

ပညာရှိများမှာမူ အစုအဖွဲ့အလိုက် ကတိက၀တ် ပြုကြ၏။
ထိုအစုအဖွဲ့၏ ဘုံပန်းတိုင်သို့ ရောက်ရှိအောင် စုပေါင်းအားကို ရယူကြ၏။
ယင်းအတွက် သူတို့သည် ပိုမို ကြီးကျယ် ကောင်းမွန်သော ရလဒ်ကို ရလေ့ရှိကြ၏။



CHARACTER  DEVELOPMENT

The foolish are so overbearing,
They leave no space for any improvement.

The clever are willing to learn and practice everything,
But can never learn all.

The wise never consider themselves the best,
But always perform to their best naturally.

စာရိတ္တပျိုးထောင်မှု

လူမိုက်တို့သည် အရာရာတွင် သူတစ်ပါးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလွန်းအားကြီးသောကြောင့် ၄င်းတို့၌ တိုးတက်ရန် နေရာလပ် မကျန်တော့ပေ။

လူတော်များသည် အရာရာကို မိမိကိုယ်တိုင် လေ့လာ ကျင့်သုံးကြရန် ဆန္ဒရှိ၏။ သို့ဖြစ်၍ သူတို့သည် အလုံးစုံကို အပြည့်အ၀ လေ့လာနိုင်စွမ်း မရှိ။

ပညာရှိများမှာမူ မိမိကိုယ်ကို အကောင်းဆုံးဟု ဘယ်သောအခါမှ မယူဆကြဘဲ မိမိတို့ စွမ်းသလောက် အကောင်းဆုံးဖြစ်ရန်သာ သဘာဝကျကျ ပြုမူ ဆောင်ရွက်ကြ၏။



LOVE  AND  LOVER

The foolish long for love.
They have no self satisfaction
And seek around for companions.

The clever deny love. 
They are satisfied with isolation
And suffer when they must rely on others.

The wise do not long for love,
Nor do they refuse to love and be loved.
They live happily either alone or with a soulmate.

အချစ်နှင့်ချစ်သူ

လူမိုက်တို့သည် အချစ်ကို တမ်းတ၏။
ထို့ကြောင့် သူတို့တွင် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ဟူ၍ မရှိဘဲ ချစ်သူများ ရှာ၍သာ နေရ၏။

လူတော်များသည် အချစ်ကို ငြင်းပယ်ကြ၏။ အထီးတည်းနေခြင်းဖြင့်သာ ကျေနပ်ကြ၏။
သို့ဖြစ်၍ သူတစ်ပါးအား မှီခိုအားကိုးရမည့်အချိန်သို့ ရောက်သောအခါတွင်မူ ဒုက္ခကို ခံစားရလေ၏။

ပညာရှိများမှာမူ အချစ်ကို မတမ်းတ။ ချစ်ရန်သော်လည်းကောင်း၊ အချစ်ခံရရန်သော်လည်းကောင်း ငြင်းဆိုခြင်းမရှိ။ ယင်းအတွက် သူတို့သည် အထီးတည်းလည်း ပျော်၏၊ ချစ်သူနှင့်လည်း ပျော်ရွှင်သည်သာဖြစ်၏။



LOVING

The foolish succumb to passion and love,
And are often in grief.

The clever try to be free from love,
But struggle with self-love.

The wise develop their love,
From common love to real love,
From real love to universal love,
From universal love to pure love,
And find happiness.

ချစ်ခြင်း

လူမိုက်တို့သည် ရမက်နှင့် ချစ်ခြင်း၌သာ အညံ့ခံကြ၏။
ထို့ကြောင့် မကြာခဏ ပူဆွေးသောက ရောက်ရ၏။

လူတော်များသည် ချစ်ခြင်းနှင့် ကင်းလွတ်အောင် ကြိုးစားကြ၏။
သို့သော် မိမိကိုယ်ကို ချစ်ခြင်းနှင့်မူ လုံးထွေးရုန်းကန်နေရ၏။

ပညာရှိများမှာမူ မိမိ၏ ချစ်ခြင်းကို ဖွံ့ဖြိုးစေ၏။
ဖြစ်ရိုးဖြစ်စဉ် အချစ်မှ အချစ်စစ်သို့ လည်းကောင်း၊
အချစ်စစ်မှ လွှမ်းခြုံဖြန့်ကြက်သော အချစ်သို့ လည်းကောင်း၊
လွှမ်းခြုံဖြန့်ကြက်သော အချစ်မှ ပကတိ သန့်စင်သော အချစ်သို့ လည်းကောင်း
ဖွံ့ဖြိုးစေ၏။
ဤနည်းဖြင့် ပျော်ရွှင် ချမ်းမြေ့မှုကို ရှာတွေ့ကြ၏။



MAKING  FRIENDS

The foolish make friends at a party,
Ususally finding the insincere ones.
Who lead their lives to disaster.

The clever make friends in the work place,
Usually merging with beneficial partners
Who help further their success.
They are friends for as long as the partnership lasts.
When business fails, so does their friendship.

The wise make friends based on spiritual awareness,
Usually finding great and true friends.
Their relationships grow beyond all worldly consitions.

မိတ်ဆွေဖွဲ့ခြင်း

လူမိုက်တို့သည် ပျော်ပွဲရွှင်ပွဲများ၌ မိတ်ဆွေရှာကြ၏။
ထို့ကြောင့် ၄င်းတို့၏ဘ၀ကို ပျက်စီးစေသော မရိုးသာသူများနှင့်သာ မိတ်ဆွေ ဖွဲ့ကြရ၏။

လူတော်များသည် အလုပ်ခွင်ထဲ၌ မိတ်ဆွေဖွဲ့ကြ၏။
ထို့ကြောင့် မိမိကို အောင်မြင်မှုများ နောက်ထပ် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးပြုမည့် မိတ်ဆွေကို ရ၏။
သူတို့သည် အလုပ် စပ်တူလုပ်နေသမျှ ကာလပတ်လုံး မိတ်ဆွေဖြစ်ကြ၏။
အလုပ် မအောင်မမြင်ဖြစ်သွားသောအခါတွင်မူ မိတ်ဆွေဖြစ်ခြင်းသည်လည်း ကွယ်ပျောက်ရ၏။

ပညာရှိများမှာမူ မိတ်ဆွေဖွဲ့ခြင်းကို ဘာသာရေးအသိအမြင်ပေါ်တွင် အခြေခံ၏။
ထို့ကြောင့် လောကီအခြေအနေများကို ကျော်လွန်သော စစ်မှန်သည့် မဟာမိတ်ဆွေကြီးများကို ရ၏။



OUTLOOKS  ATTITUDES

The foolish are pessimistic.
They share their dark side with others,
And are rewarded with grief and disaster.

The clever are optimistic.
They share their bright side with others and are
Rewarded with goodness but exhausted by pretense.

They wise are realistic.
They share the awareness of good and bad with others,
And strengthen their lives as they grow.

လောကအမြင်

လူမိုက်တို့သည် အဆိုးမြင်တတ်ကြ၏။
ယင်းတို့၏ အဆိုးဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
ထို့ကြောင့် ၄င်းတို့သည် ပူဆွေးခြင်းနှင့် ဘေးဒုက္ခများကို ဆုလာဘ်အဖြစ် ရကြ၏။

လူတော်များသည် အကောင်းမြင်တတ်၏။
ယင်းတို့၏ အကောင်းဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
သို့ဖြစ်၍ သူတို့သည် ကောင်းခြင်းများကို ဆုလာဘ် ရကြ၏။
သို့သော် သူတို့သည် ဟန်ဆောင်ရခြင်းဖြင့် နွမ်းနယ်ကြ၏။

ပညာရှိများမှာမူ အမှန်ကို အမှန်အတိုင်း ရှုမြင်ကြ၏။
အကောင်း-အဆိုး နှစ်မျိုးစလုံးနှင့် ပတ်သက်၍ သိမြင်နားလည်ခြင်းကို သူတစ်ပါးအား မျှဝေ၏။
ယင်းအတွက် သူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ဘ၀လည်း ပိုမိုကြံ့ခိုင် သန်စွမ်းလာ၏။



STRENGTHENING  RELATIONSHIPS

The foolish take advantage of others,
Gaining short term relationships.

The clever are willing to be taken advantage of,
Gaining affection but feeling bitter about their relationships.

The wise tend of to share advantages with others,
Gaining love, respect and enduring relationships.

ဆက်ဆံရေးကိုခိုင်မာစေခြင်း

လူမိုက်တို့သည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူတတ်သဖြင့် ရေတို ဆက်ဆံရေးကိုသာ ရ၏။

လူတော်များသည် မိမိအပေါ် အခွင့်အရေးယူခြင်းကို နှစ်သက်၏။
သို့ဖြစ်၍ သူတစ်ပါး၏ ချစ်ခင်ခြင်းကို ရသော်လည်း ယင်းတို့၏ ဆက်ဆံရေးကို အမြဲ မကျေမချမ်း ဖြစ်နေရ၏။

ပညာရှိများမှာမူ အခွင့်အရေးယူခြင်းကို အများနှင့် မျှဝေခံစား၏။
ယင်းအတွက် သူတို့သည် မေတ္တာနှင့် အကြည်ညိုကို ရရုံသာမက ရေရှည်တည်တံ့သော ဆက်ဆံရေးကိုလည်း ရ၏။



BENEFACTORS

The foolish betray even their benefactors,
No one dares to deal with them.
As a result, they have to pay for more than what they get.

The clever are greatful to their benefactors;
Everyone wants to be nice to them.
As a result, they feel endless obligation.

The wise uplift the souls of their benefactors
Because it is the only true way of repayment.
As a result, they inspire the benefactors for greater giving,
Benefiting all mankind.

ကျေးဇူးရှင်

လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။
မည်သူကမျှ ယင်းတို့ကို ဆက်ဆံရန် မ၀ံ့ကြ။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။

လူတော်များသည် ကျေးဇူးရှင်မပေါ် ကျေးဇူးသိတတ်သဖြင့် လူတိုင်းက သူတို့ကို နှစ်သက်ကြ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။

ပညာရှိများမှာမူ ကျေးဇူးရှင်တို့အား စိတ်၏ချမ်းသာမှုကို ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။



TRUTHFULNESS

The foolish cannot keep their word.
No one believes them.
They lose even their self-respect.

The clever are obsessed with truth
But cannot distinguish advantages from the disadvantagesin truthfulness,
And often trap themselves in the truth.

The wise mold truth and wisdom into oneness.
The truth protects them,
And their words become true.

အမှန်တရား

လူမိုက်တို့သည် ကတိစကားကို မတည်နိုင်ကြ၍ မည်သူကမျှ သူတို့ကို မယုံကြည်ကြပေ။
ထို့ကြောင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှုကိုပင် ပျောက်ဆုံးကြရ၏။

လူတော်များသည် အမှန်တရား၏ စီးနင်းလွှမ်းမိုးထားခြင်းကို ခံနေကြရ၍ အမှန်တရား၏ အားသာချက်နှင့် အားနည်းချက်တို့ကို ခွဲခြားနိုင်စွမ်း မရှိကြပေ။
သို့ဖြစ်၍ သူတို့သည် အမှန်တရားထဲတွင် မကြခဏ ချုပ်မိနေတတ်ကြ၏။

ပညာရှိများမှာမူ အမှန်တရားနှင့် ဉာဏ်ပညာတို့ကို တစ်သားတည်း ဖြစ်သွားအောင် သွန်းလောင်းယူကြ၍ အမှန်တရား၏ အကာအကွယ်ကို ရကြ၏။
ယင်းအတွက် သူတို့၏ စကားများသည်လည်း အမှန်တရားချည်းသာ ဖြစ်ကြရ၏။

မှတ်ချက်>>> ကျွန်တော်ဖတ်မိတဲ့  ပို့ စ်လေးတခုကိုပြန်လည်ဝေငှတာပါ။
မူရင်းလင့်ခ်>>> ဒီမှာ

ယောင်္ကျားနှင့် မိန်းမ

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရတယ်။

ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။

၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။

၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။
ဒါကြောင့်  ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။

၎) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ စိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ် ရချင်လို့ မဟုတ်ပါဘူး။
သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူ ရှိဖို့ပါပဲ။

၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကို စာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။
ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာ မရှိအောင် စာတွေ အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။

၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။

၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။

၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။

၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။
ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန်မြေပုံကို ကြည့်တတ်ကြတယ်။

မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။
ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်း ကြော်လှော်နေလို့ရတယ်။

၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။

၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။



မိန်းမ ဆိုတာ

မိန်မဟူဘိ ထိုကတ္ကိက မရှိမကောင်းရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက်၏ ဆိုတဲ့ မန်လည်ဆရာတော်ဘရားကြီးရဲ့စာသားလို ဆရာတော်ဘုရားကြီးရဲ့ အမြင်လို ကျနော်တို့ ဘလောက်ဂါ ပုရိသ တို့ရဲ့ အမြင်လေးတွေပါ ကျန်တဲ့ဘလောက်ဂါများလဲဖတ်ပြီး ကိုယ့်အမြင်လေးတွေကိုဝေမျှရအောင် ကွန့်မန့်လေးများပွတ်ခဲ့ပါနော်

ယောင်္ကျားတွေကို နူးညံ့သိမ်မွေ့စေတဲ့ သက်ရှိဖြစ်နိုင်သလို ရိုင်းစိုင်းခက်ထန်သွားစေနိုင်တဲ့ သတ္တ၀ါတစ်မျိုးလည်းဖြစ်တယ်.
လောလောဆယ်တော့ ချစ်စရာလေးတွေလို့မြင်နေတာခက်တယ်
ဟတ် ဟတ်
(ကိုရန်)

မိန်းမတွေက တစ်ခါတစ်လေမှာ ကာတွန်းစာအုပ်နဲ့တူပြီး တစ်ခါတစ်လေမှာ ကျမ်းစာတစ်အုပ်လောက် ဖတ်ရခက်တယ်
(မင်းယွန်းသစ်)

မိန်းကလေးတွေက မရှိမကောင်း၊ ရှိမကောင်း
(၀င်းဇော်ထက်)

မိန်းမတွေ စိတ်က မြန်မာပြည်ရဲ့ လျှပ်စစ်မီးလိုပဲဗျ...

ကောင်းချင်ရင်ကောင်းတယ်
မကောင်းချင်ရင် ချက်ချင်း
ဗို့အားနည်းတယ်
များချင်ပြန်လဲ
ပျက်သွားလောက်အောင်ကို များတယ်
ခုလာနေပေမယ့်နက်ဖန်မလာဘူး
လာမဲ့ရက်လဲမလာ
(ဖိုးသူတော်)အချစ်ကို ဈေးကွက်ဖွင့်ပြီး ဈေးကစားနိုင်သော ပညာရှင်များကို မိန်းမဟုခေါ်သည်
(ကိုဝေ)


မိန်းမတွေကိုကြောက်တယ်
မာယာများတယ်လိမ်ညာတယ်
လှည့်စားတယ်ငွေမက်တယ် အဆင့်အတန်းခွဲတယ်
လိုတာရှိရင် ညုတယ်
လိုချင်တာမရှိရင် ကန်တယ်
(ဇင်ကိုလတ်)်

ကျွန်တော်အတွက်တော့ မိန်းမဆိုတာ... နားလည်ရခက်တဲ့ လူသားပါပဲ။ အဲဒါကို မာယာလို့ ပြောရမလားဆိုတာကိုတော့ ကျွန်တော်လည်း မဝေခွဲတတ်ပြန်ဘူး။

ပေးဆပ်တဲ့ အချစ်တွေနဲ့ ဖြူစင်သန့်ရှင်းခဲ့တဲ့ လူသားတစ်ယောက်ကို တန်ဖိုးမထား ပစ်ပယ်ရှောင်ခွာခဲ့တာ မာယာပဲလား။ အရိပ်တကြည့်ကြည့်နဲ့ ပန်းပျိုးခဲ့တဲ့လက်ကို ရက်ရက်စက်စက် ပုတ်ထုတ်ခဲ့တာ မာယာပဲလား။ အလိုလိုက်လို့ အမိုက်စော်ကားခဲ့တာ မာယာပဲလား။ နားလည်ရခက်တဲ့ မျက်ဝန်းတွေကြားမှာ အကြင်နာတွေ ပိုခဲ့ရတဲ့ အဖြူရောင်နေ့ရက်တွေကို ပြန်စဉ်းစားရင်း... မာယာ မာယာ မာယာ...

မိန်းမတိုင်းမှာ မာယာဆိုတဲ့ အမူအကျင့်လေးက အနည်းနဲ့အများတော့ ရှိကြပါတယ်။ တချို့က ထုတ်မသုံးကြပါဘူး။ တချို့က မသိမသာလေး သုံးကြပါတယ်။ တချို့ကျတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ အကွက်ချပြီး သုံးကြပြန်တယ်။ တချို့ကတော့ တစ်စုံတစ်ခုကြောင့် မသိစိတ်မှာ မာယာလေးတွေ များနေတတ်ပါတယ်။ တချို့က မာယာများတယ်လို့ ပြောရင် စိတ်ဆိုးတတ်ကြပါတယ်။ တချို့ကျတော့ မာယာများတဲ့ မိန်းခလေးလို့ အပြောခံရရင် ဂုဏ်ယူနေတတ်ပြန်ရောဗျာ။

အင်း... မိန်းမဆိုတာ မာယာတွေနဲ့အတူ ယှဉ်တွဲနေတဲ့ လူသားတစ်မျိုးလို့ပဲ မှတ်ချက်ချမိခဲ့ရင်....
(ကိုဂျူလိုင်)


"မိန်းမတွေနဲ့ ပတ်သတ်လာရင် ပညာအရှိဆုံးဆိုသူတွေတောင် မိမိကိုယ်ကို အရူးအဖြစ်ခံယူကြတယ်၊ ယောက်ျားတွေနဲ့ ပတ်သတ်လာရင်တော့ အမိုက်မဲဆုံး မိန်းမတွေတောင် အသိဥဏ်မမဲ့ကြဘူး"
(သီအိုဒိုလိုက်)


"မိန်းမ မျက်ရည်ဟာ အသံမထွက်တဲ့ ဟောပြောချက်ပဲ"
(ဖလက်ဖျာအင်ပိုးမွန်)


"မိန်းမတစ်ယောက်ဟာ လောကရဲ့ လူ့ဘ၀နဲ့ အလှတရားကို သိရှိနားလည်လို့ရှိရင် ယောက်ျားကို လုပ်ကျွေးပြီး ပျော်ရွှင်စေရမယ်"
(ဖရက်ဒရီကာဖရီးမာရီ)


"လောကရှိ ကောင်းမြတ်တဲ့အရာ အကောင်းဆုံးတွေထဲမှာ ဇနီးမိန်းမကောင်းလည်း ပါတယ်"
(ဆင်နိုမိုက်)


"မိန်းမသည် ကျူပင်နှင့်တူ၏။ ကျူပင်သည် လေပြည်လေညှင်း တိုက်ခတ်ရုံနှင့် ယိမ်းနွဲ့တတ်၏။ သို့သော် မုန်တိုင်းတိုက်သော်မှ မကျိုးပြတ်ချေ"
(၀ှိက်တလီ)


"ယောက်ျားတစ်ယောက်ရဲ့ အချစ်ဟာ သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ မိန်းမတစ်ယောက်ရဲ့ အချစ်ကတော့ သူ့ဘ၀တစ်လျှောက်လုံး အတွက်ဖြစ်တယ်"
(ဘိုင်ရွန်)


"အိမ်သည် မိန်းမပျို၏ အကျဉ်းထောင် ဖြစ်၍၊ အိမ်ရှင်မအတွက် အလုပ်စခန်းဖြစ်သည်"
(ဘားနဒ်ရှော့)


***("မိန်းမတို့ဣဒြေ္ဒရွှေပေးလို့မရ" 'သုတေသီဘုန်းမြင့်သွေး' ရေးသောစာအုပ်ထဲမှ ကောက်နှုတ် ဖော်ပြပေးတာပါ။)

၁၂ လ ရာသီဖွားတွေနဲ့  စိတ်နေသဘောထားများ




(၁) Aries (မိဿရာသီဖွား)( မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူ။)

မေမေ။ ။ "Aries ....သမီးလေး.. စကတ် ဝတ်ထားတဲ့အချိန် ဒန်း မစီးရဘူးနော်။...... ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"။

Aries ။ ။"ဟုတ်ကဲ့ပါ မေမေ"

ဒါပေမယ့် ...တစ်နေ့မှာ Aries က မေမေဆီ ပြေးလာပြီး .."မေမေ... မေမေ ..ဒီနေ့ အောင်အောင်နဲ့ ဒန်းစီး ပြိုင်တာ သမီးနိုင်တယ်"။

မေမေက စိတ်တိုပြီး ..."စကတ်ဝတ်ထားရင် ဒန်းမစီးရဘူးလို့ မေမေမှာထားတယ် မဟုတ်လား?"

Aries။ ။ "သမီး ဒီလောက် မ အ ပါဘူး မေမေရဲ့၊ အတွင်းခံကို သူ မမြင်အောင်... ချွတ်ထားပြီးမှ... ဒန်းစီးတာပါ"။

မေမေ။ ။ (---------)။
(Aries ဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်။)
----------------------------------------------------------------

(၂) Taurus (ပြိဿရာသီဖွား)--(ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်း မွေးဖွားသူ။)

ဖရဲသီး ရောင်းသူ။ ။ "လာနော်.. လာနော်.. ဖရဲသီး ချိုတယ်၊ မချိုရင် ပိုက်ဆံ မယူဘူး။"

ရေဆာနေတဲ့ Taurus က ။ ။ " အတော်ပဲ... ကျွန်တော့်ကို မချိုတာ ပေးပါ။"

ဖရဲသီး ရောင်းသူ။ ။ (----------------)။
(Taurus ဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ။ ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုယ်ကို ကာကွယ်တတ်သူဖြစ်တယ်။)
----------------------------------------------
(၃) Gemini (မေထုန်ရာသီဖွား)( မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ။)

မေမေ။ ။ "Gemini သမီးရေ .....ထတော့..... ကြက်ဖတောင်တွန်နေပြီ။"

Gemini။ ။ "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မ မှ မဟုတ်တာ။"

မေမေ။ ။(---------------------)
(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်။)
-----------------------------------------------
 (၄) Cancer (ကရကဋ်ရာသီဖွား)(ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ။)

Cancer ။ ။ "ဒီည- သား....မေမေနဲ့အိပ်မယ်။"

မေမေ။ ။ "သား မိန်းမ ယူပြီးလည်း မေမေနဲ့အိပ်မှာလား?။"

Cancer ။ ။ "အင်း"။

မေမေ ။ ။ "ဒါဆို သားမိန်းမ ဘယ်လိုလုပ်မလဲ?။"

Cancer ။ ။ "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်။"

မေမေ။ ။(----------------)
(Cancer ဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်။)
--------------------------------------------------------

(၅) Leo (သိဟ်ရာသီဖွား)(ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ။)

Leo ။ ။ "ဒီ တင်ပါးပုံ ပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"

ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leo က ပဲပေါက်စီ တစ်လုံး ယူလိုက်တယ်။

Leo။ ။ "မေမေ.. မေမေ..... တင်ပါးထဲမှာ အီးတွေနဲ့...."

ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)
------------------------------------------------

(၆) virgo (ကန်ရာသီဖွား)( သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူ။)

virgo က ကိုယ့်ချက်ကိုကြည့်ပြီး။ ။ "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက။ ။ "ချက်လို့ခေါ်တယ်။ အမေ့ဗိုက်ထဲမှာ အဲဒီချက်နေရာက ချက်ကြိုးလေးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ ခလေးကိုမွေးတဲ့နေ့မှာ ခလေးဟာ မိခင်ဝမ်းတွင်းက ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲလိုနဲ့ ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo ။ ။ "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်။"

ဖေဖေ။ ။(---------------)
(virgo ဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်။)
-----------------------------------------------------------------------------

(၇) Libra (တူရာသီဖွား)(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူ ။)

ဖေဖေ။ ။ "Libra ...သား.. ဒီနေ့ ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက အမွှာလေး မွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"

Libra ။ ။ "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲ မွေးတယ်လို့ သားပြောမယ်။ ကျန်တစ်ယောက်ကို သား ကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်"
ဖေဖေ။ ။(-------------)
(Libra ဖွားက ထက်မြက်ပြီး ချင့်ချိန် မှန်းဆတတ်သူဖြစ်တယ်။)
--------------------------------------------------------------------

(၈) Scorpio (ဗြိစ္ဆာရာသီဖွား)-( အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ။)

Scorpio အိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကို ကိုက်လိုက်တယ်။ ဒါနဲ့ Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လို မောင်းထုတ်ထုတ် အခန်းထဲကနေ ခြင် ထွက်မသွားဘူး။

"ကောင်းပြီ.... မင်း မထွက်ရင် ငါထွက်တယ်ကွာ!"

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpio ထွက်သွားပြီး တံခါးကို သော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---

"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်။)
------------------------------------------------------------------------------

 (၉) Sagittarius (ဓနုရာသီဖွား)( နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius ။ ။ "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"

ဖေဖေ။ ။ "သား မလိမ္မာလို့ပေါ့။ သား မလိမ္မာလို့ ဖေဖေဆံပင်ဖြူ များရတာပေါ့"

Sagittarius တအောင့်လောက် စဉ်းစားပြီး.....

"ဘိုးဘိုး ဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲ ဖေဖေ?"

ဖေဖေ။ ။( "............")
(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်။)
---------------------------------------------------------------

(၁ဝ) Capricorn (မကာရရာသီဖွား)(ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ။)

တစ်နေ့မှာ Capricorn နဲ့ မေမေ လမ်းထွက်လျှောက်တယ်။
လမ်းခုလပ်ရောက်တော့ ရုတ်တရက် မိုးရွာချတယ်။
မေမေက Capricorn လက်ကိုဆွဲပြီး ....

"မိုးရွာပြီ... ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့
Capricornက တုံ့နှေးနှေးနဲ့...

"ရှေ့မှာ မိုးမရွာလို့လား? မေမေ" တဲ့။
မေမေ။ ။(-------------------------------)။
(Capricorn ဖွားက အမှန်ကို သိပေမယ့် လိုက်ပြုပြင် ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်။)
-----------------------------------------------------------------------------------------

 (၁၁) Aquarius (ကုံရာသီဖွား)-- (ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ။)

Aquarius ။ ။ "ကြက်ဥက ဘယ်က ထွက်လာတာလဲ မေမေ?"

မေမေ။ ။ "ကြက်မက ထွက်လာတာပေါ့"

Aquarius။ ။ "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ ။ ။"ကြက်ဥက ပေါက်လာတာပေါ့"

Aquarius။ ။ "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"

မေမေ။ ။(------------------)
(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်။)
---------------------------------------------------

(၁၂) Pisces (မိန်ရာသီဖွား)(ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ။)

ဖေဖေက သူ့ ငယ်စဉ်က အကြောင်းတွေ Pisces ကို ပြောပြနေတယ်။

ဖေဖေ။ ။ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာ မဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"

Pisces ။ ။"သနားလိုက်တာနော်။ ဖေဖေက စားစရာ မရှိလို့ သားတို့အိမ်ကို ရောက်လာခဲ့တာပေါ့နော်"

ဖေဖေ။ ။(-----------------)။
(Pisces ဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် ...အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်။)
--------------------------------------------------------------
***၁၂ရာသီဖွားတွေမှာ အားနည်းချက်၊ အားသာချက်တွေ ဒီထက်မက ရှိကြပါတယ်။ အင်တာနက်မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဒီမှာရေးထားတာက တချို့တလေပဲဖြစ်ပါတယ်။ (၁၂)ရာသီခွင်ဟာသလို့ ဆိုထားပေမယ့် တချို့က သိပ်မရယ်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ဘာသာပြန် မျှဝေလိုက်ပါတယ်။

ကျွန်တော်ကတော့ Sagittarius ဖြစ်လို အမြဲတွေးနေတာလား မသိဘူး......ဟီးးးးးးးးးးးးးးးး

ဒီပို့ လေးက ဟစ်တိုင်ကနေ ကြိုက်လို့  ကူးယူဖော်ပြထားတာပါ။

ဘ၀အတွက် တန်ဖိုးရှိသောစကားများ



      ဒီအဆိုအမိန့် လေးတွေ ဘာသာပြန်သူကတော့  ဆရာကြီး သုတေသီဘုန်းမြင့်သွေး ပါ။

  • အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)

  • အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။
(အယ်ဘတ်အိုက်စတိုင်း)

  • လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။
(ဟင်းရစ်အစ်ဆန်)

  • ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
(အီစွတ်)

  • သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။

(ဆမ်းမာဆက်မော)

  • ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။
(လိုင်ဗွီ)

  • စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
  • ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
  • မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။
(ဆာဖရန်စစ်ဘေကွန်)

  • မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
(နီကီတာခရုရှက်)

  • တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။
(လူခရီးတပ်စ်)

  • သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
(ရပ်ဝယ်ဒိုအီမာဆန်)

  • ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
  • အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
  • မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်တယ်။
(ဂျော့ဖရီချော်ဆာ)

  • ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။
(အဲဖရက်တင်နီဆင်)

  • အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။
(ဘလက်စတုံး)

  • သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။
(ဂျွန်ဒရိုင်းဒန်)

  • ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။
(ဘားနဒ်ရှော)

  • သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။
(ဂျွန်မီတန်)

  • ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။
(ဟင်းရစ်အစ်ဆန်)

  • သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
(ပလူးတက်)

  • သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။
(ချားဒါဝင်)

  • အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။
(ဘင်ဂျမင်ဖရင်ကလင်း)

  • လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။
(စီဆာရို)

  • ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။
(အယ်လင်နွာရုစဗဲ့)

  • ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။
(အလက်ဇန်းဒါးပုတ်)

  • အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။
(ပလူးတက်)

  • စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)

  • ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်မှာ တင်းကျပ်နေတတ်သည်။
(ဗစ်တာဟူဂို)

  • ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။
(ဂျေ ၊ ဂျေ ၊ ရူးဆိုး)

  • ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။
(သိုးဆောင်းစကားပုံ)

  • အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။
(အဂ္ဂါး)

  • သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။
(အင်္ဂလိပ်စကားပုံ)

  • စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။
(ဒီဖိုမင်း)

  • စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။
(ဒေါက်တာဝီလျံအိုစလာ)

ဘုရားရှင်အပေါ် အမြင်



ဘာသာရေး ဖိုရမ်ဘက်မှာ အမြင်မတူတာတွေ အများကြီးဖြစ်နေတာ တွေ့ရတော့ ကိုယ်ကိုတိုင်တော့ ဘယ်နေရာမှာပါလိမ့်လို့ သိပ်မသေခြာဘူး ဖြစ်သွားတယ်ဗျာ....ဗုဒ္ဓဘာသာခြင်းအတူတူတောင် နှစ်ပေါင်း ၁၅၀၀ ကျော်မှာ ယုံကြည်မှုပေါင်း အများအပြားကွဲပြားသွား ကြတာတွေရတယ်...ထေရ၀ါဒ အရတော့ ပတိကတ် သုံးပုံမှာ ပါတဲ့အတိုင်း တသွေမတိမ်း ယူခဲကြပေမဲ့လို့....အချို့က ၀တ်နည်းတွေ တင်ကြပ်လွန်းလို့ တမျိုးတစ်ဖုံ ကွဲထွက်ကြပြန်တယ်...အချို့ကတော့ အကျင့်ကနေ့ အသိမဖြစ်နိုင်ဘူးဆိုပြီး အတွေးအခေါ် ဥာဏ်နဲ့ စဉ်ခြင်စဉ်းစားခြင်းအားဖြင့်သာ နိဗာန်ကို သိနိုင်မယ်ဆိုပြီး ခွဲထွက်ခဲ့ကြတယ်...အချို့ကတော့ ကျင့်ပုံကျင့်နည်း မတူလို့ ခွဲထွက်သွားကြတယ်...

မြတ်စွာဘုရား ပရိနိဗာန် စံဝင်ပြီးနောက်ပိုင်း အဓိက ပြဿနာတက်တာကတော့ နိဗာန်ဟာ ဘုံတစ်ခုအနေနဲ့ သီးခြားရှိမှုနဲ့.....နိဗာန်ဟာ ဘုံမဟုတ် ဘာအရာမှ မရှိတဲ့ အရာကြီးလို့ သုညတ သဘောတရားတွေနဲ့ စတဲ့စတဲ့ နိဗာန်အမြင် မတူညီမှူတွေနဲ့ သဘောထားတွေကွဲလွဲကြပါတယ်...မယုံကြည်သူတွေကို အပြစ်မဆိုနိုင်တဲ့ ခိုင်လုံတဲ့ အချက်ကတော့ စာပေရေးသားမှူ မရှိခြင်းဟာ အဓိကအကျဆုံး ဖြစ်ပါတယ်...စာပေအေ၇းအသား မရှိတဲ့အတွက် နှုတ်တိုက် အာဂုံတွေဟာ တည်မြဲမှု မရှိပါဘူး...ဒါဟာ အင်မတန် စိုးရိမ်စရာကောင်းပါတယ်...ထို့ကြောင့် ကွဲလွဲလိုက ကွဲလွဲနိုင်ပါတယ်....မြတ်စွာဘုရားဟာ ဘာသာတည်ထောင်သူမဟုတ်ပါဘူး...ယုံကြည်မှုတခုပေါ်မှာ ရက်တည်နေသူလို့ ဆိုလိုမည်ဆို ဆိုလိုနိုင်မယ်လို့ထင်ပါတယ်...သူ့ရဲ ယုံကြည့်မှုဟာ လောကလွန်တဲ့ နေရာ တစ်ခုရှိရမယ်...အဲဒီနေရာ ကိုနိဗာန်လို့ ပညတ်ခဲတယ်...အဲဒီနေရာကို ရောက်ဖို့ အင်္ဂါရှစ်ပါးရှိတယ် တစ်ခုတည်းသော် လမ်းရှိတယ်...အဲဒီလမ်းအတိုင်းသွားရင် ကိလေသာတွေ ကုန်ကုန်သွားပြီး နောက်ဆုံး နိဗာန်ကို စံဝင်ရမယ်...

သို့သော် နောက်ဘ၀ ဆက်ရှိမယ် မရှိမယ်ကိတ်စဟာ ယခုလက်ရှိ ဖိုရမ်ထဲမှာ ဖြစ်နေတဲ့ ပြဿနာပါ...နောင်ဘ၀ ဆိုတာ မရှိရင် သေတဲ့လူတွေ မွေးတဲ့လူတွေ ကိတ်စဟာ လောဂျစ်ကယ် မဖြစ်တော့ဘူးလို့ ထင်ပါတယ်...ဒါကျွန်တော်အမြင်ပါ...လွှတ်လပ်စွာ ကွဲလွဲနိုင်သမို့ ကျွန်တောလည်း သူတို့နဲ့ ကွဲလွဲနေပါတယ်...နောင်ဘ၀အကြောင်းစဉ်းစားရင် မိတ်စာဒိဌိ ဆိုတော့ သိပ်တော့ သဘောမတွေဘူးဗျ..ဘာသာရေးကို အဓိကလေ့လာတဲ့ လူတွေဟာ နောင်ဘ၀အတွက် လေ့လာကြတယ်...သေလွန်ခြင်းရဲ့နောက်ကွယ်အတွက် လေ့လာကြတဲ့လူတွေဟာ အများစု ဖြစ်နေမယ်လို့ ထင်တယ်...အဲဒီအချိန်မှာ ဗုဒ္ဓဟာ နောင်ဘ၀ ကို ငါမဟောဘူးကွာ ဆိုရင် ဗုဒ္ဓကို ယုံကြည့်သူ ရှိမှာမဟုတ်ဘူး...ဒီပုဂိုလ်ဟာ သေလွန်ခြင်းနောက်ကွယ်တောင် မသိရင် သေပြီး နိဗာန်ရောက်ကြောင်း ဘယ်လိုသိနိုင်မှာလည်း ဆိုတဲ့ ၀ိစိကိတ်စတွေ ဖြစ်ပေါ်လာနိုင်မှာပဲ...ဒီအတွက် ဗုဒ္ဓမှာ အဖြေရှိကို ရှိရမယ်....ဟုတ်ပါတယ် နောက်ဘ၀ အတွက် အတွေးဟာ မ၀င်သင့်တဲ့ အတွေး အကျင့်ကောင်းရဲ့ အစမျှအမဟုတ်တဲ့ အတွေးပါ....ဘ၀ကိုတွယ်တာနေတက်တဲ့ ဒိဌိ တစ်မျိုးရှိပါတယ်...ဒီဒိဌိက ဘ၀ကို တွယ်တက်တာမို့ ယခုလက်ရှိ ပစ္စူပန် တည့်တည့်ကိုပဲ ရှုသင့် မှတ်သင့်ပါတယ်လို့...အတိအလင်း ပြောကြားထားပါတယ်...

ခုခေတ်က ကြားဖြတ်လမ်းတွေသုံးပြီးလိုက်တာတွေ တွေ့ရတယ်ဗျာ..မြတ်စွာဘုရားက သီလမှာစင်ကြယ်နေတဲ့အမြင်တွေနဲ့ သမထဈာန် တွေကို လေးဆင့်အထိ ရောက်ပြီးတော့မှ....ဒီဈာန်တရားတွေနဲ့ ဖြစ်ပျက်ရှုလိုက်တော့မှ ၀ိပဿနာဖြစ်....နောက်ဆုံ အရဟတ်တ မတ်ဖိုလ် ဆိုက်ရောက်တာပါဘဲ....ခုခေတ်မှာတော့ ဈာန်လေးဆင့်အထိတက်စရာမလို....အခံ သမထလောက်နဲ့ ၀ိပဿနာ သွားရှုတော့ သမထ သမာဓိ အပြည့်မရဘဲ ၀ိပဿနာသွားရှုတော့ တိုင်တွေပတ်ကုန်ပြီး ဘာမျှမမြင်တဲ့ လူမမြင် ဖြစ်ကုန်ကြရော....သဘောကတော့ လေယာဉ်တဆင်း အရှိုန်မရသေးဘဲ လေပေါ်တက်သလို ဖြစ်နေပါလိမ့်မယ်...

ဒီတော့ နိဂုံးချူပ်ရရင်ဖြင့်....မြတ်စွာဘုရားကို တကယ်ယုံကြည်တယ်ဆိုရင် မဟာသတိပဌာန်န သုတ်တော်ကြီးအတိုင် လေ့ကျင့်ပြီး ဈာန်အဆင့်ဆင့် ပြည့်အောင်တက်ပါ...ပြီးမှ အားလုံဖြတ်ချပါ...ဒါမှ နိဗာန်ချမ်သာစစ်စစ်ကို ရရှိမှာပါ...ကျွန်တော်လည်း ဒီယုံကြည့်မှုတစ်ခုတည်းနဲ့ ဘ၀ကို ရပ်တည်နေမှာပါ....အမှန်တကယ်တော့ ကျွန်တော်လည်း ဘာမှ မဟုတ်ပါဘူး....လူရူး ပုတုတစ်ယောက်ပါဘဲ...

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes