Showing posts with label internet. Show all posts
Showing posts with label internet. Show all posts

Gmail သမိုင်းကြောင်း



Paul Buchheit အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ Friend Feed တည်ထောင်သူ Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်

2004 March
ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။

2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။

2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင် ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။

2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။

2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏ သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။

2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။ ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့် အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။ ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက် လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက် စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။

2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး Username@gmail.com နေရာတွင် Username@google.com အဖြစ် အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။

2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။

2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည် Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့် ရေးသားပေးခဲ့သည်။

2006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။

2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။

2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅ ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင် အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။

2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။

2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။

2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။

2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။

2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။

Paul Buchheit
အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ
Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
                        Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်
Source:>> မောင်စေတနာ

မိမိတို့ Gtalk အကောင့်ကိုကာကွယ်ကြမယ်>>>>

ဒီပို့ စ်လေးကတော့ ကျွန်တော် သူများဆီမှာ ဖတ်ထားတာလေးကိုပြန်ပီး လွယ်ကူအောင်ပုံလေးနဲ့ ရှင်းပြထားတာပါ။ခု hack တာတွေကလဲ တော်တော်လေး ခေတ်စားနေကြတယ်လေ။နည်းပညာတွေကလည်း ကျွန်တော်တို့ လို ချာတိတ်တယောက်အနေနဲ့ လိုက်မမှီအောင်ပါပဲဗျာ......
ကဲသူငယ်ချင်းတို့ ရေ အောက်မှာ ဖတ်လိုက်ကြဦးစို့ နော်>>>>

ဆိုက်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို
စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။
ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း
ပြောပြရတော့မှာပေါ့ဗျာ။

ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ ••••
အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။
ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး
လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား
keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ
မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk
sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင်
ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ်
လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ်
အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့်
ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1
key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ
မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ်
ဟဟ)။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင်
.. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ
..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်
ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End
process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ
ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး
ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို
ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို
ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end
process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ
အကောင်းဆုံးပါပဲ။

 အရင်ဆုံး taskbar မှာright click ထောက်(သို့ ) Ctrl+Alt+Delete တခုခုကိုသွားလိုက်ပါ။
ပုံလေးကိုကြည့်လိုက်ပါ ...ရှင်းသွားပါလိမ့်မယ်။ပုံကို ကြည့်ရတာ မမြင်ရရင် click တချက်ထောက်ပီးကြည့်လိုက်ပါ။





မှတ်ချက်။  ။ ကျွန်တော်က vzo chat ကို နမူနာလုပ်ပြထားတာနော်......
စာသားလေးကတော့  ကိုသံလုံငယ်ဆီကမှီငြမ်းထားတာပါ။


အားလုံးပဲ အဆင်ပြေပါစေဗျာ>>>>>>>>>>






networking ဆိုတာဘာလဲ

ကျွန်တော်ဖတ်မိတဲ့  စာလေးကိုပြန်လည်ဝေငှတာပါ။ဆရာကြီးတွေ အတွက်တော့ မဟုတ်ပါ။
အာလုံးပဲ networking ဆိုတာဘာလဲ ဆိုတာကို အခြေခံလေးပါပဲ။

 
Network ဆိုတာ အရှင်းဆုံးပြောရရင် ကွန်ပျုတာကွန်ယက်ပေါ့ ဗျာ...ဒီနေ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ ၊ပညာသင်ကြားရေး ကျောင်းနဲ အိမ်တွေ ၊ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ကွန်ပျုတာတွေ သုံးနေတာအားလုံးအသိဘဲဖြစ်ပါတယ်...အဲဒီလိုသုံးတဲ့ နေရာမှာ ကွန်ပျုတာတစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ထားချင်းမရှိဘဲ တစ်လုံးစီသီးခြားရပ်တည် အသုံးပြုတဲ့  ကွန်ပျုတာကို Stand Alone Computer လို့ ခေါ်ပါတယ်..လိုအပ်ချက်အရ အသုံးပြုသူတွေဟာကွန်ပျုတာတွေကို အချင်းချင်းချိတ်ဆက်ပြီးအသုံးပြုလာတဲ့ အခါမှာတော့ကွန်ပျုတာကွန်ယက်ဆိုတာဖြစ်ပေါ်လာပါတယ်။ကွန်ပျုတာကွန်ယက်ဆိုတာကွန်ပျုတာတွေကိုကြား
ခံပစ္စည်းတစ်ခုခုနဲ
့ချိတ်ဆက်ပြီးအသုံးပြုချင်းဖြစ်ပါတယ်.....ကွန်ပျုတာများကိုတစ်လုံးနှင့် တစ်လုံးအပြန်အလှန် ဆက်သွယ်လို့ရအောင်ကြားခံပစ္စည်းတစ်မျိုးမျိုးကိုအသုံးပြုပြီးပင်ကူအိမ်သဖွယ်ချိတ်ဆက်ထားခြင်းကိုကွန်ပျုတာ
ကွန်ယက်(Network)လို့ ခေါ်ပါတယ်။



Network Infrastructure ဆိုတာ..

Network တစ်ခုဖြစ်ပေါ်လာဖို့ အတွက်ချိတ်ဆက်မှုတွေ ၊Connectivity ဒါမှမဟုတ် Network တစ်ခုရဲ့  လုံခြုံမှု Security တွေ၊လမ်းကြောင်းချိတ်ဆက်မှု Routing တွေ ၊ထိန်းချုပ်အုပ်ချုပ်မှု Management တွေ ၊ရယူသုံးစွဲမှု Access တွေ တခြားဒီ Networkတွေမှာပါဝင်ပါတ်သက်နေတဲ့ အစိတ်အပိုင်းတွေ ဟာ Network တစ်ခုရဲ့  Infrastructure ပဲဖြစ်ပါတယ်

Types of Network ကွန်ယက်အမျိုးအစားများ

ကွန်ယက်အမျိုးအစား(၃)မျိုးကို အကြမ်းဖျင်းအားဖြင့် တွေ့ ရပါတယ်..အဲဒါတွေကတော့ -

၁။ Local Area Network (LAN)
၂။ Metropolitan Area Network (MAN)
၃။ Wide Area Network (WAN)


Local Area Network (LAN)

ရုံးတွေ၊ကျောင်းတွေ၊မှာတပ်ဆင်ပါတယ်..ကွန်ယက်ငယ်လေးပါ..ဘာလို့သူကိုကွန်ယက်ငယ်လေးလို့ ပြောရသလဲဆိုတောအဆောက်အအုံတစ်ခုရဲ့ပြင်ပကိုကျော်ပြီးကျယ်ပြန့်တဲ့ကွန်ယက်တစ်ခုမဖြစ်နိုင်လို့ ပါဘဲ...LAN ဟာအများဆုံး ၁၀၂၄ ပါဝင်ပြီး အဝေးဆုံးမီတာ၉၀၀ အထိချိတ်ဆက်နိုင်ပါတယ်။ဒါဟာလဲ ချိတ်ဆက်ပေးတဲ့  ကြိုးပေါ်မူတည်ပါသေးတယ် ။ တခြားကြိုးတစ်ခုနဲ့တပ်ဆင်ကြည့်မယ်ဆိုရင်လဲဒီထက်
လဲလျော့ သွားနိုင်ပါတယ်။LAN ဆိုတာ အဆောက်အအုံ တစ်ခု ဒါမှမဟုတ် ၀င်းတစ်ခုရဲ့ ပရ၀ုဏ်အတွင်း
မှာပဲ ဧရိယာငယ် တစ်ခုတည်းမှာပဲတပ်ဆင်တဲ့ ကွန်ယက်ပါ။


Metropolitan Area Network (MAN)


Local Area Network နဲ့  Wide Area Network ကြားက MAN ပေါ့ ..သူ့ ရဲ့ သဘောက LAN တွေအများကြီးကို ၁၀၀ ကီလို မီတာအကျယ်အ၀န်း လောက်မှာ ထပ်ဆင့် ချိတ်ဆက်ထားတာဖြစ်ပါတယ်။သူဟာ LAN လို Private မဟုတ်ဘဲ Public ပိုဆန်တယ်။ နောက်ပြီး LANထပ်ပိုတဲ့  High Speed နဲ့  အချက်အလက်တွေအပြင် အသံတွေကိုပါ ပို့ လွတ်နိုင်ပါတယ် ။ဒါကလဲ သူက LAN နဲ့ မတူတဲ့  Transmission Mediaနဲ့  Network Hardware တွေကိုသုံးထားလို့ ပါ။

Wide Area Network (WAN)

WAN ဆိုတာက တိုင်းနှင့် ပြည်နယ်တွေအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကိုဖြတ်ကျော်ပြီး တစ်ကမ္ဘာလုံး အနေနဲ့ ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။တော်တော်များများသိကြတဲ့  Internet က WAN အမျိုးအစားပေါ့  ။Internet ဆိုတာ ကွန်ယက်တွေကို ထပ်ဆင်စုဆောင်းပြီးတကမ္ဘာလုံးအတိုင်းအတာနဲ့ ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ နည်းပညာ အရသူ့ ကို Internetwork လို့ ခေါ်ပါတယ်။ တနည်းဆိုရင်Internet ဆိုတာ Internetwork ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ကွန်ပျုတာတွေ သန်းပေါင်းများစွာပါဝင်တဲ့ ဒီInternet ဟာ ၁၉၇၀လောက်ကစပြီး ပေါ်ပြူလာ ဖြစ်လာပါတယ် ။ဒါဟာလဲ GUI လို့ ခေါ်တဲ့  Graphic User Interface ကြောင့် ကွန်ပျုတာကို သုံးတဲ့  အထွေထွေလူတန်းစားစိတ်ဝင်စားမှုနှင့် လိုအပ်တဲ့  သီးခြား နေရာတစ်ခုထဲ သုံးရလောက်အောင် မခက်ခဲပဲ အထွေထွေလူတန်းစားအတွက် သင့် တော် မှုတွေကြောင့် ပဲဖြစ်ပါတယ်။


Network Medium ကြားခံဆက်သွယ်ပေးမည့် ပစ္စည်းများ

Network Medium ဆိုတာ ကွန်ယက်ချိတ်ဆက်တဲ့ အခါ ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကို ကြားခံချိတ်ဆက်ပေးတဲ့ ပစ္စည်းကိုပြောတာပါ။ဒီကြားခံပစ္စည်းဟာ Network Cable ကြိုးတွေဖြစ်ပါတယ်။ ဒါတွေဟာ Metallic Cable (or) Fiber Optic Cable တွေဖြစ်ပါတယ်။Metallic Cableက Coaxial Cable ( TV Antenna ကြိုးနှင့်  ) Twisted Pair Cable (တယ်လီဖုန်းကြိုး) တို့ ပါပဲ။ခုပြင်နောက်ပိုင်းကြိုးတွေကိုမသုံးတော့ ဘဲWireless ဆိုတဲ့  ကြိုးမဲ့ ကွန်ယက်တွေလဲသုံးလာကြပါတယ်။နောက်တခုက ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကြား Networkကြိုးနှင်းချိတ်ဆက်တယ်ဆိုပေမဲ့  ဒီကြိုးတွေလာရောက်တပ်ဖို့ က ကွန်ပျူတာမှာ NIC ဆိုတဲ့  Network Interface Card တော့ ရှိရမှာပါ။ဒီတော့ ကွန်ပျူတာတစ်လုံးမှတစ်လုံး သို့  Network Card တွေ Network ကြိုးတွေ Network ခေါင်းစတဲ့  Network Medium တွေကို သုံးပြီး Dataတွေကို Carries လုပ်ကြတာဖြစ်ပါတယ်။

အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..............

G-talk မှာဘာသာပြန်လေးတွေထည့်ချင်သူများအတွက်



ကဲ G-talk မှာမိမိတို့လိုချင်တဲ့ ဘာသာပြန်စနစ်ကိုအကောင့်လေးအပ်လိုက်ယုံနဲ့အသုံးပြုနိုင်ပါပြီ။
ကျွန်တော်အတက်နိုင်ဆုံးစုစည်းဖော်ပြပေးထားပါတယ်။မိမိသိချင်တဲ့ဘာသာစကားကို
အကောင့်လေးအပ်ပြီးဘာသာပြန်ယုံပါပဲ.....
ဥပမာ- en2fr ဆို၇င် ကျွန်တော်တို့က Hello ၇ိုက်လိုက်၇င် သူက Hello ကို French လို HELLO
ကို BONJOUR လို့ပြန်ဖြေပေးမှာဖြစ်ပါတယ်


  • English -Bulgarian       en2bg      bg2en
  • English -Czech            en2cs       cs2en
  • English -Danish           en2da      da2en
  • English -German         en2de      de2en  
  • German - French         fr2de       de2fr 
  •  English  -Greek           el2en en2el
  • English -Spanish         en2es       es2en
  • English -Finnish          en2fi        fi2en 
  • English -French          en2fr        fr2en
  • English -Hindi            en2hi        hi2en    
  • English -Croatian        en2h         hr2en
  • English -Italian           en2it         it2en  
  • English -Japanese       en2ja        ja2en 
  • English -Korean          en2ko       ko2en 
  • English -Dutch            en2nl       nl2en
  • English -Norwegian     en2n        no2en 
  • English -Polish            en2pl       pl2en 
  • English -Portuguese     en2pt      pt2en
  • English -Romanian       en2ro      ro2en
  • English -Russian          en2r        ru2en    
  • English -Swedish         en2sv       sv2en 
  • English -Chinese          en2zh      zh2en  
  • Traditional Chinese -English   zh-hant2en       en2zh-hant
  • Traditional Chinese -Chinese   zh-hant2zh       zh2zh-hant
Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပေးပါ။

အားလုံပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ........               

                                                                                                Posted by နေမင်း  

What To Do When Your Gmail or Google Account is Hacked


Here are some options suggested by Google Support when your forget the Gmail password or if someone else takes ownership of your Google Account and changes the password:

1. Reset Your Google Account Password:
Type the email address associated with your Google Account or Gmail user name at google.com/accounts/ForgotPasswd - you will receive an email at your secondary email address with a link to reset your Google Account Password.
This will not work if the other person has changed your secondary email address or if you no longer have access to that address.
2. For Google Accounts Associated with Gmail
If you have problems while logging into your Gmail account, you can consider contacting Google by filling this form. It however requires you to remember the exact date when you created that Gmail account.
3. For Hijacked Google Accounts Not Linked to Gmail
If your Google Account doesn't use a Gmail address, contact Google by filling this form. This approach may help bring back your Google Account if you religiously preserve all your old emails. You will be required to know the exact creation date of your Google Account plus a copy of that original "Google Email Verification" message.
It may be slightly tough to get your Google Account back but definitely not impossible if you have the relevant information in your secondary email mailbox.

ကျွန်တော် သိတဲ့  firefox

 မိတ်ဆွေသူငယ်ချင်းများ အားလုံး မင်္ဂလာပါ။ဒီပို့ စ်လေး က ကျွန်တော် သိထားတာလေး ဝေမျှတာပါ။ကွန်ပျူတာနဲ့  အင်တာနက်နဲ့  အထိတွေ့ နည်းတဲ့ သူတွေအတွက်ပါ။ ဘာမှတော့ မဟုတ်ပါဘူး firefox နဲ့ ပါတ်သတ်တာလေးတွေပါ ။အားလုံးလည်း သိပြီးသားတွေဆိုရင် မလိုအပ်ရင် လည်း မသိသေးတဲ့ သူတွေ လိုအပ်တဲ့ သူတွေအတွက်ပါ။
(၁) ပထမဦးဆုံးအလှဆင်မယ်
     google မှာ personas လို့ ရိုက်ထဲ့ ပြီးရှာလည်းရတယ်။ခုကျွန်တော်ပေးထားတဲ့ linkကနေသွားလည်းရပါတယ်။ဒီမှာ 
     ဘေးကပုံစံလေးပေါ်လာမယ်ဗျာ။
     အဲ့ မှာ အားလုံးမြင်တွေ့ ရတဲ့ all personas ကဟာလေးတွေယူသုံးလို့ ရသလို လှပတဲ့  themesတွေကိုမှ သုံးချင်ရင်တော့ ဘယ်ဘက်ကအောက်ဆုံးမှာရှိတဲ့ Explore Firefox Themes
ကိုသွားပြီး မိမိတို့ နှစ်သက်တဲ့ ဟာလေးတွေကို firefox မှာ add လိုက်ပေါ့ဗျာ.။






(၂)ဒါကတော့ လူတိုင်းလုပ်တတ်မှာပါ။home page ထားတာပါ။စဉ်းစားရမယ်ဗျ။ကျွန်တော်ကတော့ home page ကို google ပဲထားတယ်။ရှာရဖွေရလွယ်ကူတယ်လေ။ကဲမိမိတို့ ထားချင်တဲ့ ဟာကိုအရင်ဆုံး copy လုပ် ပြီးရင် အောက်ကပုံလေးအတိုင်းလုပ်လိုက်ပါနော်။
ဒါဆိုအဆင်ပြေသွားပြီနော်။
(၃)ဒါကတော့ ဘာမှမဟုတ်ပါဘူး။သုံးနေရင်း ကိုယ်မှတ်ထားတဲ့ bookmark ကဟာလေးတွေကိုsidebar ဖော်တာပဲ။
menu bar ကနေ view >side bar > bookmark သွားလို့ရသလို ကီးဘုတ်ကနေ ctrl + B နှိပ်လည်းရတယ်နော်။
history ဆို ctrl+ H
gtalk side bar ဆို Alt +G ပဲ။
shortcutkey တွေကအများကြီးရှိပါတယ်။နောက်အားရင် တင်ပေးပါ့မယ် ။ခုအလုပ်နည်းနည်းရှုပ်နေလို့ဗျ:)အဲ့ လိုပုံလေးတွေနော်။
အော် မိတ်ဆွေတို့  စာဖတ်တာစာလုံးတွေသေးနေတယ် ပုံတွေသေးနေရင် zoomချဲ့ ချင်ရင်ctrl+ +
                                                                                                     ချုံ ချင်ရင်ctrl+ - ရသလို ctrl နှိပ်ပြီး mouse က wheel နဲ့ လည်း ကစားပြီးလုပ်လို့ရပါတယ်။
ဒါလောက်ပါပဲ အချိန်မရလို့ဗျ။နောက်တင်ပေးပါဦးမယ် အများကြီး စိတ်ဝင်စားစရာကောင်းတာလေးတွေ။
အားလုံးပဲပျော်ရွင်ကျပါစေ။
                                                                                          Izumi phyoe 

FireFox မှာ Gtalk ပေါင်းထည့်ခြင်း

ဒီဟာလေးကတော့ အသစ်လေးလားတော့ မသိဘူးဗျ။မသိသေးတဲ့ သူတွေဆိုရင်အသစ်ပေါ့နော်:) ကျွန်တော်တို့ အကိုကြီးကိုမြတ်ဆီကနေ
ပြန်ဝေငှတာပါဗျာ။ အားလုံးစိတ်ဝင်စားမယ်ထင်တယ်။ ကျွန်တော်တို့ မော်ဇီလာသုံးထားတဲ့ အိုင်ပီအတိုင်း ဂျီတော့ကို သုံးလို့ရပါတယ်..

ဒါဆိုFreedom နဲ့လဲကျော်စရာ
မလိုတော့ဘူးပေါ့နော်... ဒီလိုထည့်ထားချင်ရင်...
အရင်ဆုံး ဒီဆိုဒ် လေးကနေ၀င်လိုက်ပါ..
ပြီးရင်သူကinstall ဆိုတောလေးရှိတယ်... အဲ့ဒါလေးကိုနှိပ်ပေး..
ဒါဆိုinstall လုပ်သွားလိမ့်မယ်... ပြီးရင်မော်ဇီလာကို restart လုပ်ခိုင်းလိမ့်မယ်...
အဲ့ဒါလုပ်ပေးပြီးလို့မော်ဇီလာပြန်တက်လာရင် view ထဲက sitebar မှာ Gtalk sitebar
ဆိုတာလေးကို on ပေးပါ...ဒါဆိုသုံးလို့ ရပါပြီ.

 အားလုံးပဲပျော်ရွင်ပါစေ


                                                                                  Izumi phyoe

G-talk မှာ သူလေးအပ်ပြီး မေးချင်ရာမေး



Gtalk အသုံးပြုတဲ့သူတွေအတွက်တော့ တော်တော်ကောင်းတယ်ဗျ။
မသိတာမှန်သမျှ အလိုအလျောက် ဖြေကြားပေးမယ့် ဝန်ဆောင်မှုတစ်ခုပါ။
webtoim လို့ခေါ်ပါတယ်။webtoim@gmail.com ကို add ပြီး
ကိုယ်မသိတာတွေအားလုံးကို မေးလို့ရပါတယ်။

နောက်ပြီး ဘယ်နှစ်နာရီရှိပြီလဲ ဆိုတာတွေကို မေးရင်လဲ အဖြေက မှန်ပါတယ်။ဥဗမာ-

What is the time in Myanmar now?
June 21st 2009, 21:09:50 MMT

What is the time in ENgland now?
June 21st 2009, 15:56:00 BST

နောက်ပြီး နာမည်မကြီးတဲ့ ဘောလုံးသမားကအစ အမှန်မတိုင်းဖြေပေးပါတယ်။

izumi phyoe: Who is Sidwell?

webtoim: Steve Sidwell (born 1982), the English football player


ဘယ်မေးခွန်းကို မဆို ဖြေကြားပေးနိုင်ပေမဲ့ နောက်ဆုံးအချက်အလတ်တွေကို
မဖြေကြားပေနိုင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအတွက် အသုံးဝင်နိုင်မယ်ထင်လို့ လို့ 
တင်ပေးလိုက်ပါတယ်။
 အားလုံးပဲ ပျော်ရွင်နိင်ကြပါစေ
                                                                                                   Izumi phyoe



G-mail ကနေခိုးချက်သူတွေကိုဖမ်းဖို့ 


Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။
အကယ်၍ စာဖတ်သူဟာ ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါဗျာ။
(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။

(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။

(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။

(၄) blahblahblah@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။

(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေပျော်ရွင်ကြပါစေ
                                                                                    Izumi phyoe 

G-talkနဲ့ သက်ဆိုင်သော Short key များ

 ဒါက ကျွန်တော် နိုင်ငံခြားသားဆိုဒ် ကနေကူးထားတာပါ။မိတ်ဆွေတွေ
ဗဟုသုတရအောင်ပြန်လည်ဖော်ပြလိုက်ပါတယ်။


၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။

၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။

၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။

၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။

၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။

၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။

၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။

၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။

၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။

၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။

၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )

၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။

၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။

၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။

၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။

၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window shiftကိုဖိပြီး m ကိုနိုပ်ပါ။                                                                         

                                                                                      Izumi phyoe 

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာသိဖို့ နှင့်မေးလ်းဖတ်မဖတ်သိချင်ရင်

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/


ကိုသွားလိုက်ပါ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။

Gtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်ရင်.........






ဒီနည်းကိုလူတိုင်းနီးပါးသိကြမှာပါ။မသိသေးတဲ့  မိတ်ဆွေများအတွက်ပါ။
အများအားဖြင့်Gtalkသုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများပါတယ်။အခုတင်ပြတဲ့နည်းကတော့
အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk၀င်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုကမိမိGtalk၀င်ခဲ့ရင်လဲမိမိGmailAddressကိုသူများမသိအောင်ဘယ်လိုဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။
သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွား
ပါတယ်။စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
(သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။
Gmail Address များကိုတွေ.ရပါလိမ့်မည်။
အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Addressနာမည်
ပေါ်နေပါလိမ့်မည်။
ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။ ဒါဆိုအားလုံးအဆင်ပြေသွားပါလိမ့်မယ် ခင်ဗျာ။
အားလုံးပဲအဆင်ပြေပါစေ။
                           Izumi phyoe

ဝက်ဆိုက်ကို CMD ဖြင့်ကျော်ကြည့်နည်း







ဒါကတော့ ကျွန်တော်ဆိုက် တစ်ဆိုက်မှာတွေ့ လို့ ကျွန်တော်မိတ်ဆွေတွေအတွက် ဝေမျှတာပါ။
ဖွင့်လို့ မရတဲ့ ဆိုက်တွေကိုကျော်လွားနိုင်ပါတယ်။

ပထမဆုံး Start Menu ထဲက Run ကိုသွားပါ။ ပြီးရင် cmd ရိုက်ထည့်ပြီးတော့ Ok သို့မဟုတ် Enter ခေါက်ပါ။ Menu တစ်ခုထွက်ကျလာပါလိမ့်မယ်။



အဲ့ဒီထွက်ကျလာတဲ့ Menu ထဲကိုဒီစာသား tracert နဲ့ ကိုယ်ကျော်မယ့်ဝက်ဆိုက် adress ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ ဥပမာ tracert www.yahoo.com
အဲ့ဒါဆိုရင် ကိုယ်ဖွင့်ချင်တဲ့ဝက်ဆိုက်ရဲ့ IP Address နံပါတ်ရလာပါလိမ့်မယ်။ ရလာတဲ့နံပါတ်ကို Mozilla Firefox ကိုဖွင့်ပြီး အဲ့ဒီနံပါတ်ကိုရိုက်ထည့်ပါ။ ပြီးတော့ Enter ခေါက်ပါ။ အဲ့ဒါဆိုရင် သော့ခတ်ထားတဲ့ ၀က်ဆိုက်ပွင့်သွားပါလိမ့်မယ်။အားလုံးပဲ အဆင်ပြေကြပါစေဗျာ။



                    Izumi phyoe

Gtalkတွင် Mail icon ကို နှိပ်ပြီး Mozilla ဖြင့် တိုက်ရိုက်ပွင့်အောင်လုပ်နည်း



မေးလ်တွေဖွင့်တာနဲ့ ပါတ်သတ်ပြီး အခက်အခဲလေးတွေ ရှိတတ်တယ်။ ဘာလည်းဆိုတော့က တစ်ချို့ကွန်ပျူတာမှာ Gtalkတွင် Mail icon ကို နှိပ်လိုက်တာနဲ့ Mozilla Broswerနဲ့ ပွင့်မလာပဲ၊ Enternet Explorer နဲ့ ပွင့်လာတာတွေ့ရတယ်။ အဲဒါကို mozilla firefoxနဲ့ တိုက်ရိုက် ပွင့်စေချင်ရင် အောက်ပါအချက်တွေဖြင့်လုပ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

Gtalk တွင် Setting ကိုနှိပ်။



၁။ box တစ်ခုကျလာပါလိမ့်မယ် general ကို နှိပ်ပါ။
၂။ ထိုနောက် Open Gmail When I click on email links တစ်ခြစ်လိုက်ပါ။ ပြီးတော့ OK
နှိပ်။

ပြီးတော့ Mozilla firefox ကိုဖွင့်။ Menu ဘားတွင်ရှိသော tools = option ကိုဆက်နှိပ်။



၃။ ပေါ်လာသောဘောက်စ်တွင် Menu ဘားတွင်ရှိသော advance ကိုနှိပ်။
၎။ System defualt အောက်မှာရှိသော Always check to see .........အကွက် တစ်ခြစ်
လိုက်ပါ။
Mozilla firefox ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ အားလုံးပဲအဆင်ပြေကြပါစေ။
                                            Izumi phyoe

Blog လုပ်နည်းအပြည်.အစုံ











ကျွန်တော်ရေးတာမဟုတ်ပါဘူး။ဒါပေမဲ့  ကျွန်တော်လိုပဲ ဘလော့ရေးချင်သူတွေအတွက်အဆင်ပြေအောင်တင်ပေးထားတာပါ။လုပ်ကြည့်ကြပါဦးဗျာ..စိတ်ဝင်စားတယ်ဆိုရင်ပေါ့..
မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။
Step 1) Sign in to blogger
Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template
Step 5) Publish your first pest
မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။

Step1) Sign to Blogger

မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။

Step 2) Display Name (0r) Author Name

မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။

Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။

မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။

Step3) Name your Blog

ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။
စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။

URL (or) Blog Address

Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။

မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။

လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။

မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။

Step 4) Choose your Template

Template ဆိုတာမိမိ Blog ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။
Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။

အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။

မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။

Step 5) Publish Your First Post

Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create! စာတန်းအောက်ခြေမှ Start blogging တွင်
Click တစ်ချက်နှိပ်ပါ။

ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ်။ ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။

ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေေ၀ဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။

စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။


Post Title
ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။ မရောထွေးမိပါစေနှင့်။ Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။ ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။

Text Area

ရေးလိုသမျှ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျှတို့သည် မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။
ရေးလိုသမျှရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လွှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။
မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။ Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။
Sign Out
Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click နှိပ်ပြီးထွက်ပါ။ မှုလအစဖြစ်တဲ့ www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။

Blogger Interface အားလေ့လာခြင်း
Blog လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog နှင့်ဆိုင်တဲ့ သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။ Blogger interface ကို နားလည်ထားဖို့လိုပါလိမ့်မယ်။

Posting Tab
Posting tab အောက်မှာ Create၊ Edit post အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊ တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ လုပ်ဆောင်နိုင်ကြတယ်။

Setting Tab
Setting Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog title ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email ဖြင့် post လှမ်းတင်နိုင်အောင် စီစဉ်ခြင်းများ အပါအ၀င် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။


Layout Tab
Layout tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။ Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင် Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။
The Dashboard
မိမိရဲ့ Blog မှာ Post အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း Blogger homepage ဖြစ်တဲ့ (www.blogger.com) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး ပြန်လည် Sign in လုပ်ရပါမယ်။

Sign in ၀င်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။ Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit လုပ်ခြင်းတို့အပါအ၀င် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည် Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။

မှတ်ချက်။ ။ Blog တစ်ခုကို ဖန်တီးခဲ့ဘူးသော Gmail Account နှင့် ပြန်ဝင်တိုင်းမှာ Blogger Dashboard ကိုမြင်ကြရပါမည်။


Post အသစ်များထပ်တင်ခြင်း
ရှေ့ဘက်မှာဖော်ပြခဲ့သလို User name နှင့် Password တို့ကို ထည့်ပြီး Blogger မှာ Sign in လုပ်ပြီးတာနှင့် မိမိ Blog ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။

Post အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။

ရှေ့မှာတုန်းက Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့် Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျှင် အရင်တင်ခဲ့သည့် Post များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။

တင်ပြီးသား Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း
မိမိတင်ထားခဲ့တဲ့ Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။ Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။ မိမိ၏ Blog မှာတင်ထားသမျှသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။

ပြန်လည် Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။ (Posting /Edit posts) Page သို့ရောက်သွားပြီး Post တွင်ပါ စာသားများကို မြင်ကြရပါမယ်။

၎င်း Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။ စိတ်တိုင်းကျပြီဆိုလျှင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။
ဒီနေရာမှာ တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title နှင့် သက်ဆိုင်သော Delete ပေါ်တွင်Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။
Delete It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး ဖြစ်ပါလိမ့်မယ်။

Add formatting
Text area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose တွင် Formatting tools တစ်ခုပါရှိပါတယ်။

စာလုံးပုံစံ Font ပြောင်းခြင်း
ရိုက်ထည့်ထားသည့် စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျှင် Font family ထဲက down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။ ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font ပြောင်းသွားပါလိမ့်မယ်။

စာလုံးအရွယ်အစားပြောင်းခြင်း
Text area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List ထဲမှ နှစ်သက်ရာ အရွယ်အစား တခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။

Bold, Italic, Text color
အချို့စာလုံးတွေကို Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ် ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။

Bold လုပ်ချင်ရင် “B” တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။
Italic လုပ်ချင်ရင် “I” တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။
Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။

Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image)
တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့ ခံစားနိုင်အောင် မျှဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။
Add to Picture
ပုံတွေကို ရှေ့မှာတုန်းကလို Post ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image ပွင့်လာပါမည်။
Title နှင့် Caption တို့တွင် နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။ ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော ပုံကို ရွေးချယ်ညွှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change တွင် Click နှိပ်လိုက်ပါ။
မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။


Third-Party Page Elements (widgets)
Poll တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့ Page element တွေအပြင်အခြား Website များထံမှ Page element တွေကို ယူထားပြီးတော့လည်း မိမိ Blog page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါသေးတယ်။ အဲဒီလို Blogger ထံမှ မဟုတ်ပဲ အခြား Website တစ်ခုခုထံမှ သီးခြားယူသုံးတဲ့ Element တွေကို Third- Party element တွေလို့ခေါ်ပါတယ်။ အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။ ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအောင်။

Third-party element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ Blog ထဲထည့်ထားလိုတဲ့ အခြား Website မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy မှ ကူးယူရမယ်။ ပြီးမှ မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။

နာရီပုံ HTML widget ရယူရန်အတွက် www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင် Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့ ရောက်သွားပါမယ်။

မှတ်ချက်။ ။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock widget site တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock widget လို့ ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည့် Link များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။

မိမိနှစ်သက်ရာ နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ View Html Tag ပေါ်တွင် Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows တစ်ခုပွင့်လာပါမည်။
Time Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ- မြန်မာနိုင်ငံအတွက်ဆိုလျှင် (GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင် ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ (130*130)

နာရီနှင့်ပတ်သက်ပြီး စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆိုလျှင် အပေါ်ကွက်လပ်ထဲရှိ Code များအားလုံးကို Copy ကူးယူရပါမယ်။ စာသားများကို Select မှတ်ပြီးညာဘက် Click တစ်ချက်နှိပ်လိုက်ပါ။ ကျလာမည့် Menu ထဲရှိ Copy တွင် နှိပ်ပြီး ကူးယယူလိုက် ရပါမယ်။

Post ထဲမှာ ပုံတွေထည့်ရန်အတွက်က ဘာမှမခက်ခဲပါဘူး။ Blogger မှာပုံတွေကို အလွယ်တကူ ထည့်သွင်းနိုင်တဲ့ Add Image လို့ခေါ်တဲ့ Tools တစ်ခုပါ၇ှိပြီးသား ဖြစ်ပါတယ်။ အရေးကြီးတာက ဘယ်ပုံကို တင်မှာလဲ။ မိမိကွန်ပျူတာထဲက ဘယ်နေရာ (ဥပမာ-Desktop ပေါ်မှာလား၊ My Document ထဲမှာလား) ဘယ်မှာရှိနေသလဲဆိုတာလောက်ကိုတော့ သိနှင့်ပြီးသားဖြစ်ဖို့လိုပါတယ်

1. Compose bar ပေါ်ရှိ Formatting toolbar ထဲမှ Add image တွင် Click နှိပ်လိုက်ပါ။ Upload window တစ်ခုပွင့်လာပါမည်။

2. ပထမဦးစွာတင်ချင်သည့် ပုံကို ရွေးချယ်ညွှန်ပြပေးရပါမယ်။ Browse တွင် Click နှိပ်ပါက “File upload” box ပျောက်သွားပြီး မှုလ Upload window ရှိ Browse နေရာတွင် မိမိရွေးချယ်ခဲ့သောပုံ File အမည်ကို မြင်ကြရပါမယ်။
ယခုအဆင့်ထိသည် ပုံကို အမှန်တကယ် Upload မလုပ်ရသေးပါ။ ဘယ်ပုံတင်မလဲဆိုတာကို ရွေးချယ်ညွှန်ပြပြီးရုံရှိသေးတယ်ဆိုတာကို သတိပြုပါ။

မှတ်ချက်။ ။ တပြိုင်နက် ပုံငါးပုံအထိတင်နိုင်ပါတယ်။ အခြားပုံတွေထပ်တင်လိုပါက Add another image တွင် Click နှိပ်ပြီးထပ်မံရွေးချယ်နိုင်ကြပါတယ်။
3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။ တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။ တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊ Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။
အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload လုပ်ရန်အတွက် Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ ” Term of Services” ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box ပေါ်တွင် အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျှင် Upload တွင် Click နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။ ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး အချိန်အနည်းငယ်ကြာပါလိမ့်မယ်။
Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင် Click နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင် မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။
မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့် ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင် ရှေ့မှာပြောပြသလို Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit လုပ်သလိုမျိုး ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။

အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link)
Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့ ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မြှားပုံကနေ၊ လက်ပုံပြောင်းတာမှန်သမျှ သည် Link များပဲဖြစ်ပါတယ်။ လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။

Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့ ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့် အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။

အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့ Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့ ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ ညွှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။

1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy လုပ်လိုက်ပါ။
2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။
3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျှင် ဒီနေရာမှာ ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့ အထူးဂရုပြုရပါလိမ့်မယ်။
4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link ဖြစ်သွားပြီဆိုတာကို ပြပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင် Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့) Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။

Comments
ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ အကြောင်း အရာနှင့် ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။


Writing Comment
ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment ၀င်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google account တစ်ခုရှိရင် ၀င်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click နှိပ်လိုက်ပါ။

ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ၀င်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။

ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List ထဲရောက်သွားပါမည်။


Stop Comments
မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျှ Post အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။ ဒီအခြေအနေ ၂မျိုး ပေါ်မှုတည်ပြီး …..
1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။
2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။
Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ မျိုးကန့်သတ်နိုင်ကြပါတယ်။ Anyone ကို ရွေးမယ်ဆိုရင် Google account (Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါတယ်။
Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have Comments ဖြစ်ပါတယ်။ သဘောက တင်သမျှ Post တိုင်းမှာ Comment ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျှင် New Posts Do Not Have Comments ကိုရွေးရပါမယ်။
စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော “Save Settings” တွင် Click နှိပ်လိုက်ပါ။

Template Selection
Dashboard ပေါ်မှ Layout ပေါ်တွင် Click နှိပ်ပြီးသွားမယ်ဆိုရင် Template Selection အောက်ကို ရောက်ပါတယ်။ ဒီနေရာက မိမိ Blog ရဲ့ ဒီဇိုင်း အဆင်အပြင်နှင့် ပတ်သက်ပြီး လိုသလို ပြုပြင်ပြောင်းလဲ
နိုင်ကြပါတယ်။

Pick a New Template
Blogger မှာ အဆင်သင့်ယူသုံးနိုင်တဲ့ Template ပေါင်းများစွာရှိပြီးသား ဖြစ်ပါတယ်။ တစ်ခုမကြိုက်ရင် အခြားတစ်ခု အချိန်မရွေးပြောင်းသုံးလို့ရပါတယ်။ အခြား Template တစ်ခုသို့ ပြောင်းချင်ရင် Layout အောက်မှ Pick New Template တွင် Click နှိပ်ပါ။
အဆင်သင့် ယူသုံးနိုင်တဲ့ Template များကို မြင်ရပါမယ်။ ဒီနေရာကို (Layout/Pick New Template) လို့ ဆိုရပါမယ်။
အကြိုက်ဆုံး တစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် Save Template တွင် Click နှိပ်ပါ။ မိမိ Blog ရဲ့ Template ကို ပြောင်းပေးသွားပါမည်။ View Blog တွင် Click နှိပ်ကြည့်နိုင်ပါသည်။

Page Elements (Widgets)
Page Elements တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညွှတ်မျှတအောင် ပေါင်းဆပ်ဆင်ယင်နိုင်မည်ဆိုပါက Page ရဲ့ အဆင့်အတန်းအရည်အသွေးကို ပိုမိုပေါ်လွင်စေပါလိမ့်မယ်။ မိမိတို့ Blog ရဲ့ဒီဇိုင်း (Template) ကိုလည်း Page element တို့ ထပ်မံပေါင်း စပ်ထည့်သွင်းပြီး စိတ်ကြိုက်တန်ဆာဆင်ထားလို့ ရပါတယ်။ ပုံမှန်အားဖြင့် Blog တစ်ခုဖန်တီးပြီးတိုင်း Profile တို့ Active တို့ဆိုတဲ့ Page element တွေကတော့ အလိုအလျှောက်ပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒါတွေအပြင်၊ နာရီတို့၊ ပြက္ခဒိန်တို့။ မိမိမိတ်ဆွေတို့၏ Blog လိပ်စာများ အစရှိသည်တို့ကို Page element တွေအဖြစ် လိုသလို ထည့်သွင်းထားနိုင်ပါသေးတယ်။
Layout အောက်မှ Page elements တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာ ကို (Layout/Page element) လို့ဆိုပါမယ်။ ညာဘက်ခြမ်းကို သတိထားပြီးကြည့်ပါ။ Contributors နှင့် Blog Archive ဆိုပြီး Page elements နှစ်ခုကို တွေ့ရပါမယ်။ ထိုနှစ်ခုက Blog စတင် Create လုပ်စဉ်ကတည်းကိုက အလိုလျောက်ပါပြီးသား ဖြစ်ပါတယ်။ ကိုယ်စိတ်တိုင်းကျ Page Elements သစ်တွေထပ်ထည့်ချင်ရင် “ Add a page element” တွင် နှိပ်ပြိး ထပ်ထည့်နိုင်ကြပါတယ်။
မှတ်ချက်။ ။ မိမိရွေးခဲ့တဲ့ Template ပေါ်မှုတည်ပြီး Page element ထည့်နိုင်မယ့်နေရာတွေ အနည်းငယ် ကွဲပြားပါလိမ့်မယ်။

Add a Description
Blog Title အောက်တွင် Description ထည့်လိုက ထည့်ထားနိုင်ပါတယ်။ Description ဆိုတာက မိမိရဲ့ Blog သည် စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး အစရှီသည်တို့ထဲက ဘယ်ကဏ္ဍပေါ်မှာ အခြေခံတည်ဆောက်ထားသလဲဆိုတာကို ဖတ်ရူ့သူများအား အလွယ်တကူသိစေနိုင်မည့် အချက်အလက် စကားလုံးများပဲ ဖြစ်ပါတယ်။
Dashboard ပေါ်မှ Manage Setting တွင်နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။
Blog title ကိုပြင်လိုက ဒီနေရာတွင် ပြင်နိုင်ပါတယ်။ Description နေရာတွင် မိမိရေးလိုတဲ့ ကဏ္ဍကို ကိုယ်စားပြုမည့် စကားလုံးများကို ရိုက်ထည့်ပါ။ ပြီးလျှင် Page ၏ အောက်ခြေတွင်ရှိသော Save Setting ကို Click နှိပ်ပါ။
“setting were saved successfully” ဆိုတာ ပေါ်လာပါမည်။ သဘောက မိမိဖြည့်စွက်ခဲ့သည့် အတိုင်း ထည့်သွင်းပြင်ဆင်ပြိးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။

ဒါဆိုရင် Description ထည့်ပြီးသွားပြီ။ မိမိ Blog ကိုသွားကြည့်မယ်ဆိုရင် Blog title အောက်မှာက Description အဖြစ်ထည့်ခဲ့သော စာသားများကို မြင်ကြရပါမယ်။


Add a team Member
Blog တစ်ခုတည်းကို လူအများစုပေါင်းရေးလို့ရတယ်။ သဘောက ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုပါ မိမိ Blog မှာဝင်ရောက်ရေးသား Post တင်နိုင်အောင် လုပ်ထားလို့၇ပါတယ်။ အားသာချက်ကတော့ တစ်ယောက်မအားတဲ့အခါ တစ်ယောက်ဝင် ရေးကြခြင်းဖြင့် မိမိ Blog သည် အမြဲတမ်း Update ဖြစ်နေမယ်ပေါ့။
အဲ့လိုဝင်ရေးနိုင်အောင် သူတို့သည် မိမိ Blog ရဲ့ Member ဖြစ်ကြရပါမယ်။ Member ဖြစ်အောင်လုပ်ဖို့၇န် အပိုင်း(၂)ပိုင်း ရှိပါတယ်။ ပထမဦးစွာ Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကနေသူတို့ထံသို့ Email ဖြင့် Invite လုပ်ရပါမယ်။ ဒါက ကိုယ့်ဘက်က လုပ်ရမယ့်အပိုင်း။ ဟိုတစ်ဖက်က ၀င်ရောက်ရေးသားဖို့ရန် ဖိတ်ကြားခံရသူတွေ အနေနှင့်တော့ Invite လုပ်သည့် Email ရောက်လာပြီဆိုရင် ဖွင့်ဖတ်ပြီး Activate လုပ်ပေးရပါမယ်။ Activate လုပ်ပြီးတာနှင့် Member ဖြစ်သွားပြီး ၀င်ရောက်ရေးသားနိုင်ကြပါပြီရှင်


Invite လုပ်ခြင်း
Member ဖြစ်အောင် Invite လုပ်ရန်အတွက် Setting အောက်မှ Permission တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာကို (Setting Permission) Page လို့ ဆိုရပါမယ်။

Permission အောက်ရှိBlog Author နေရာတွင် ဒီ Blog မှာ ၀င်ရေးသူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို ဖြစ်ပါတယ်။ ယခုချိန်မှာတော့ Member မရှိသေးသည့် အတွက် မိမိ တဦးတည်း၏ အမည်ကိုသာ မြင်တွေ့ကြရပါဦးမယ်။
Invite လုပ်ရန်အတွက် Add Author တွင် Click တစ်ချက်နှိပ်ပါ။ ထို့နောက် Member အဖြစ် ဖိတ်ကြား လိုသော သူ၏ Email လိပ်စာကို Invite more people နေရာတွင် ရိုက်ထည့်လိုက်ပါ။
Invite တွင် Click နှိပ်လိုက်ပါက Blogger သည် ထည့်သွင်းပေးခဲ့သော Email လိပ်စာထံသို့ Activation Link တစ်ခုပါတဲ့ Email တစ်စောင်ပေးပို့ပါလိမ့်မယ်။ ထို့အတူ Permission အောက်တွင် Invite ခုပ်လိုက်သော Email လိပ်စာပေါ်လာပါမည်။
အကယ်၍ အကြောင်းတခုခုကြောင့် Invite မလုပ်လိုတော့ပါက Remove တွင် Click နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။

Invite လုပ်ခြင်းကို လက်ခံခြင်း (Join a team Blog)
ယခုဆက်လက်ပြီး Member အဖြစ်ဖိတ်ကြားခံရသူတွေဘက်က ဆက်လက်လုပ်ဆောင်ကြရမယ့် Activation အပိုင်းကို ဖော်ပြသွားပါမယ်။ Blog မှာ ၀င်ရောက်ရေးသားရန် ဖိတ်ကြားသော Email ထဲသို့ ၀င်လိုက်ပါက Invite လုပ်သော Email message ကိုတွေ့ရပါမယ်။
၎င်း Message ကို ဖွင့်လိုက်ပါက အပြာရောင်စာသားများဖြင့် Activation Link တစ်ုခကိုတွေ့ရပါမယ်။ Member ဖြစ်အောင် Activate လုပ်ဖို့ရန် Link ပေါ်တွင် Click တစ်ချက်နှိပ်ပါ။
ဒါဆိုရင် www.blogspot.com သို့ရောက်ရှိသွားပြီး Invite လုပ်ခြင်းကို လက်ခံသဘောတူကြောင်း အတည်ပြုပေးရပါမယ်။ Username နေရာတွင် Email Address နှင့် Password နေရာတွင် ၄င်း Email Address နှင့် သက်ဆိုင်သော Password တို့ကို ထည့်ပေးရပါမယ်။
Username နှင့် Password တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြိးပါက Accept Invitation တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Team Member ဖြစ်သွားပြီး ၄င်း Blog တွင် ၀င်ရောက် ရေးသော Post တင်နိုင် ကြပါပြီ။

Manage team Member
ဖိတ်ကြားချက်ကို လက်ခံ၍ Activate လုပ်ပြီး သူတို့သည် မိမိ Blog ရဲ့ Member များဖြစ်လာကြပါပြီ။ အဲဒီ Member ဖြစ်လာသူတွေသည် ပုံမှန Default အားဖြင့် မိမိ၏ Blog မှာ Post တွေကိုသာ ရေးတင်နိုင်ခွင့်ရှိ ကြပါတယ်။ အခြားဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။
Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကသာလျှင် Blog အမည်ပြောင်းခြင်း၊ Template ပြောင်းခြင်း၊ Post တွေဖျက်ထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက အခြေခံသဘောကို ပြော တာပါ။ အကယ်၍ လိုအပ်ပါက Member ထဲမှ ယုံကြည်ရသူတစ်ဦးဦးကို မိမိရဲကလုပ်ပိုင်ခွင့်များအတိုင်း ပေးအပ်ထားလို့လည်းရပါတယ်။
Setting အောက်မှ Permission တွင် Click နှိပ်ပြီး (Setting / Permission) သို့သွားလိုက်ကြရအောင်။ Permission အောက်တွင် ဒီ Blog မှာ ၀င်ရောက်ရေးသားနိုင်သူ Member ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို တန်းစီဖော်ပြထားပါလိမ့်မယ်။
အဲ့ဒီ Member တွေထဲကမှ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးလိုသော Member အမည်ဘေးမှ Grant Admin တွင် Click နှိပ်ပါ။ Admin အဆင့်ပေးပို့ရန် အတည်ပြုချက်တောင်းခံသော Box တစ်ခုမြင်ရပါမယ်။ “Grant Admin Privilege” တွင် Click နှိပ်လိုက်ပါ။
ဒါဆိုရင် ထိုသူသည် Post ရေးသားနိုင်ရုံသက်သက် မဟုတ်တော့ဘဲ Blog အားမိမိကဲ့သို့ စီမံခန့်ခွဲနိုင်ခွင့်ရှိသူ တစ်ဦး ဖြစ်သွားပါလိမ့်မယ်။


Add Poll
Poll ဆိုတာက အကြောင်းအရာ အဖြစ်အပျက် တစ်ခုပေါ်မှာ လူအများ၏ သဘောထား အမြင်တွေကို သိရှိနိုင်အောင် ကောက်ယူသော စစ်တမ်းတစ်မျိုးပင် ဖြစ်ပါတယ်။ ဆိုရရင် စစ်တမ်း ထုတ်ချင်တဲ့ မေးခွန်း တစ်ခု ဖန်တီးမယ်။ ပြီးရင် သဘောထားအမြင်တွေကို ခြုံငုံမိနိုင်တဲ့ အဖြေလေးတွေပေးထားလိုက်မယ်။ လာရောက်ဖတ်ရူသူတွေက သူတို့ဆန္ဒရှိတဲ့ အဖြေကို ရွေးချယ်ဖြေကြားသွားခြင်းဖြင့် အများဆန္ဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ သိနိုင်မယ်ပေါ့။
Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရပါမယ်။ ဒါဆိုရင် မိမိ Blog မှာ ထပ်မံထည့်သွင်းနိုင်မည့် Element များပါဝင်တဲ့ Pop-up window တစ်ခုပွင့်လာပါ မည်။ အဲဒီအထဲကမှ ဆန္ဒရှိရာ Element ၏ Add to blog တွင် Click နှိပ်ပြီးထည့်သွင်းနိုင်ကြပါတယ်
Pop-up window ထဲက “ Poll ” Section နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Create Poll” Window ကို မြင်ကြရပါမယ်။
ပြည့်စုံစွာ ဖြည့်စွက်ပြီးပြီဆိုရင် Save တွင် Click နှိပ်ရပါမယ်။ Pop-up window ပျောက်သွားပြီး မှုလ (Template/Page element) တွင် Element သစ်တစ်ခု တိုးလာတာကို တွေ့ကြရပါမယ်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Poll ကို အောက်ပါအတိုင်း တွေ့ကြရပါမယ်။


Add Link List

မိမိ Blog ကို ၀င်ရောက်ဖတ်ရူသူတို့အားကောင်းနှိုးရာရာ Website လေးတွေ၊ ဦးတည်ချက်တူလို့ ညွှန်ပြချင်တဲ့ Blog တွေကို Link List အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။ Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရမယ်။
Pop-up window ထဲက Link List နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Configure Link List” Window ကိုမြင်ကြရမယ်။
ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Add Link တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Link တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင် ဖြည့်စွက်ပြီးနောက် Link များထပ်ထည့်ပါ။
ထည့်သွင်းလိုတဲ့ Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window ပျောက်သွားပါလိမ့်မယ်။
Pop-up window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။
View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။
ဒါဆိုရင် HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက် www.blogger.com ထဲ Login ၀င်ရောက်ပြီး Page Element သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML Java Script နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ Configure window ပွင့်လာပါမယ်။
Title တွင် နာရီနှင့် ပတ်သတ်၍ ပေးလိုသော အမည်ရိုက်ထည့်ပါ။ (ဥပမာ-မြန်မာစံတော်ချိန်) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။
ဒါဆိုရင် www.clocllink.com ကနေကူးလာတဲ့ HTML Code များ ဒီ Content ထဲမှာ ပေါ်လာပါမည်။
Save Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Page Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။

Email ဖြင့် Post အသစ်များတင်ခြင်း
Blogger ကို ရွေးချယ်မှုအတွက် ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့ Email ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email Address ပင်ဖြစ်ပါတယ်။

၎င်း Email လိပ်စာကိုရရှိဖို့ရန် Blogger မှာ Login ၀င်ရောက်ပြိး ဖန်တီး ယူရမယ်။ ပြီးရင် လျှို့ဝှက်ထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူပဲပို့ပို့ အဲဒီလျှို့ဝှက်လိပ်စာဆီပို့လိုက်ပြီဆိုတာနှင့် Blog ထဲမှ Post တစ်ခုအနေနှင့် တက်လာတော့မှာ ဖြစ်သည့်အတွက် ထိုလိပ်စာကို လုံးဝ လျှို့ဝှက်ထားရပါမယ်။ ပထမ အဆင့်အနေနှင့် လျှို့ဝှက်လိပ်စာ (Secret Email Address) ရရှိအောင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကြည့်ကြရအောင်။ ပြီးမှ Gmail ဖွင့်ပြီး ၄င်းလျှို့ဝှက် လိပ်စာထံသို့ Email တစ်စောင်ရေးပို့ပြီး Post လှမ်းတင်ပုံကို ဆက်လက် ပြောပြသွားပါမယ်။

1. www.blogger.com ထဲသို့ Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Page လို့ခေါ်လိုက်ကျရအောင်။

2. Blog Send Address နေရာတွင် မိမိရဲ့ Email လိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေ၇ာတွင် လျှို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။ လျှို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။ ------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့် အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျှို့ဝှက်လိပ်စာဖြစ်ရမှာ ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ လျှို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။

3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။

ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန် အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို ကြည့်လိုက်ရအောင်……..

1. To နေရာတွင် လျှို့ဝှက်လိပ်စာကို ထည့်သွင်းပါ။
2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။
3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ စာသားများ ဖြစ်လာပါလိမ့်မယ်။ ရေးလိုသမျှ ရေးပြီးပြီဆိုရင် နောက်မှ စာနောက်ဆုံးမှာ #end ဆိုတာလေးကိုထည့်ပေးလိုက်ပါ။ ဒီနေရာအထိပဲဆိုတဲ့ သဘောဖြစ်ပါတယ်။ အချို့ Email Program တွေမှာ ကိုယ်ရေးတာအပြင် “No Virus Found” ဆိုတဲ့ စာသားတွေ၊ ကြော်ငြာတွေအလိုလိုပါသွား တတ်ပါတယ်။ အဲ့ဒါတွေမပါအောင် #end ကိုထည့်ရခြင်း ဖြစ်ပါတယ်။

စိတ်တိုင်းကျပြီဆိုလျှင် Send တွင် Click နှိပ်ပြီးပို့လိုက်ပါ။ ခဏအကြာ Blog ထဲမှာ Post သစ်တခုတိုးလာပါလိမ့်မယ်။



Address ဘားမှာ လိုဂိုလေးတွေထည့်မယ်

ကျွန်တော် တို့ ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆို
ရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလိုတွေ့ရမှာ ဖြစ်ပါတယ်...။
ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။
လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...
ပထမဦးဆုံး ဘလော့ဂ် ရဲ့ Layout ကိုဝင်လိုက်ပါ..
ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...
အဲဒီမှာ ကုဒ်တွေထဲက
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...
http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'

rel='shortcut icon'/>

ဒီကုဒ်မှာထည့်ထားတဲ့  လိုဂိုလေး ရဲ့လိပ်စာ အတိုင်းထည့်လိုက် ရင်တော့ 
ကျွန်တော့် လိုဂိုပုံစံလေး  ဖြစ်တဲ့ မြန်မာ နိုင်ငံအလံလေး ဟာ လိပ်စာ ဘားမှာ
 တလူလူ လွင့်နေမှာ ဖြစ်ပါတယ်  ..
အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန် http://slip-meepyatite.blogspot.com/2008/12/blog.html သို့....

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes