Showing posts with label love. Show all posts
Showing posts with label love. Show all posts

အချစ်စတင်ဖြစ်ပေါ်လာပုံနဲ့  မင်္ဂလာဆောင်ခဲပေါက်တဲ့ ဓလေ့

အနာဂါမ်မဖြစ်မချင်း အချစ်နဲ့ မကင်းဟု ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်...

လောကတွင်ရှိရှိသမျှသော လူသားအားလုံး အချစ်နဲ့မကင်းနိုင်ကြပါ...


အချစ်ထက်အရေးကြီးသော အရာများလည်းလောကမှာ အများကြီးရှိနေသေးသည်ကအမှန်ပင်ြ
ဖစ်သည်...

လူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားကြီးမားတဲ့ အရာများထဲမှာအချစ်လည်း တခုအပါအ၀င်ဖြစ်တယ်ဆိုတာကို ငြင်းနိုင်မယ့်သူရှိနိုင်ပါမလဲ
...


အင်အားကြီးမားစွာ လူတွေကိုချုပ်ကိုင်မောင်းနှင်နု
ိင်သောထိုအချစ်ကိုဘယ်ကစတင်ဖြစ်ပေါ်လာသလည်းဆိုတာ အကျယ်သိသူရှိလို ယေဘုယျအားဖြင့် အကျဉ်းလောက်သာသိတဲ့သူတွေများပါတယ်...

အများစုကတော့ ''ဗြဟ္မာတွေမြေသွေးစားလို့'' အချစ်စတင်ဖြစ်ပေါ်လာတယ်လို့ပဲသြိ
ကတာပါ...


ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ချစ်သူတွေပေါင်းစည်းကြတဲ့ မင်္ဂလာအခမ်းအနားပြီးတဲ့နောက် သူငယ်ချင်းတွေက ခဲဖိုးဆိုပြီးတောင်းကြပါတယ်...


အချစ်စတင်ဖြစ်ပေါ်လာပုံနဲ့ မင်္ဂလာဆောင်ခဲပေါက်ကြတဲ့ဓလေ့လေး
ကို သိသလောက် ဖတ်ဖူးထားသမျှလေးတွေကို

အကျယ်မသိကြတဲ့သူငယ်ချင်းတွေအတွ
က် မျှဝေလိုက်ပါတယ်...


လူသားအစ



ကမ္ဘာကြီးပျက်ပြီးတော့ ကမ္ဘာအသစ်တခု ပြန်တည်တဲ့အခါ အရင်ရောက်လာသူတွေကတော့ ဗြဟ္မာတွေပါ...


ဗြဟ္မာပြည်ကနေစုတေပြီးတော့ လူ့ပြည်မှာ ဥပပတ္တိပဋိသန္ဓေစိတ်နဲ့ လူဖြစ်လာကြပါတယ်...


အဲ့ဒီလိုလူဖြစ်လာတဲ့အချိန်မှာ ယောက်င်္ကျား မိန်းမဆိုတဲ့ သဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး...


အဲ့ဒီမှာ တခုသတိထားရမှာက ဗြဟ္မာတွေ လူပြည်ကိုဆင်းလာတာမဟုတ်ပါဘူး...


ဗြဟ္မာပြည်ကနေစုတေပြီး လူ့ပြည်မှာလူလာဖြစ်ကြတာပါ...တချ
ို့တွေက ကမ္ဘာဦးအစမှာ ဗြဟ္မာတွေ ဗြဟ္မာပြည်ကဆင်းလာတယ်လို့ ပြောနေကြလို့ပါ...

ဗြဟ္မာပြည်ကနေစုတေစဆိုတော့ ပီတိလေးတွေနဲ့ပဲနေနေကြပါသတဲ့...


ဘာမှမစားကြသေးပါဘူး...ကမ္ဘာပျက်
တုန်းက မိုးရွာထားပြီး တဖြေးဖြေးနဲ့ ရေတွေခန်းခြောက်သွားတာဆိုတော့ မြေရဲ့အထက်မှာ အပေါ်ယံမြေဆီတွေ ကျန်ခဲ့ပါတယ်...

အဲ့ဒီမြေဆီလွှာတွေက နို့ရည်အထက်မှာတက်နေတဲ့ မလိုင်လိုချိုဆိမ့်တဲ့ အနံအရသာရှိတယ်လို့ဆိုပါတယ်...


ဗြဟ္မာပြည်ကစုတေလာတဲ့သူတွေထဲက တယောက်က မွှေးကြိုင်နေတဲ့ မြေဆီလေးတွေကို ဘယ်လိုအရသာရှိမလည်းဆိုပြီး လက်နဲ့တို့ပြီးတော့ လျှက်ကြည့်လိုက်ပါတယ်...စားကော
င်းတယ်ဆိုပြီးဆက်စားပါတယ်...ကျန်တဲ့လူတွေကလည်း သူစားသလိုလိုက်စားကြတယ်...ဒီတော့ရသတဏှာဝင်လာပြီး

ကိုယ်ရောင်ကိုယ်ဝါတွေလည်း ပျောက်သွားကြတယ်...


အဲ့ဒီအချိန်မှာ အချစ်မဖြစ်ပေါ်သေးပါဘူး...


သူတို့ရဲ့ သန္တာန်မှာ ရသတဏှာပဲဝင်သေးတာပါ...ဗြဟ္မာတွေက မြေဆီတွေစားကြတာမဟုတ်ပါဘူး...


ဗြဟ္မာပြည်ကနေ လူပြည်ကိုစုတေလာကြတဲ့ လူသားတွေဖြစ်နေကြတဲ့ သူတွေကစားတာပါ....


ဒီလိုမြေဆီတွေစားရင်းစားရင်းကု
န်သွားတော့ ကံအားလျှောစွာ သလေးဆန်တွေပေါ်ပေါက်လာပါတယ်...

သလေးဆန်တွေဟာ အိုးခွက်ထဲကိုထည့် မီးကျောက်ပေါ်တင်လိုက်တာနဲ့ အလိုလိုမီးတောက်ပြီး တမင်းကျက်တဲ့အခါ အလိုလိုမီးငြိမ်းသွားပါတယ်...ြေ
မဆီတွေစားတုန်းကတော့ စားသမျှအဆီတွေဟာ

အသားတွေဖြစ်ပြီး အဖက်နဲ့အကာတချို့ပဲ ကျန်တယ်လိုဆိုပါတယ်...


အဲ့ဒီအဖက်အကာတွေကိုလည်း ၀မ်းမီးကတောက်လောင်လိုက်တဲ့အတွ
က် ကုန်ခမ်းသွားတယ်...

ဒါကြောင့်ကျင်ကြီးကျင်ငယ်ဆိုတာ
ကသလေးဆန်စားပြီးမှ ကျင်ကြီး ကျင်ငယ်ဆိုတာ ဖြစ်လာပြီး ကျင်ကြီး ကျင်ငယ်ထွက်ရာ အပေါက်တွေလည်းဖြစ်လာပြီး ယောင်္ကျားမိန်းမဆိုတဲ့

ပုံသဏ္ဍာန်တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတယ်...


ဗြဟ္မာပြည်မိန်းမဖြစ်ခဲ့သူက က္ကုတ္ထိသဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူကတော့ ပုရိသဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်...

မင်္ဂလာဆောင်ခဲပေါက်တဲ့စလေ့

နားနဲ့မနား ဖ၀ါးနဲ့နာ လို့ပြောပါရစေနော်...တယောက်နဲ့
တယောက် အင်္ဂါတွေမတူကြလို့ တယောက်အင်္ဂါတယောက်ကြည့်ပြီး                                                                                                                                                                              ကာမစိတ်တွေဝင်လာကြတယ်...စိတ်ကိုမချုပ်တည်းနိုင်တော့ပဲ ကာမကိစ္စကို ပြုကြတယ်...

ဒီတော့ကျန်တဲ့သူတွေက မပြုကောင်းတာကို ပြုရပါ့မလားဆိုပြီး[ဂဲ]ခဲနဲ့ဝို
င်းပေါက်ကြတယ်...

ကာမကိစ္စပြုတဲ့သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများသီးခြားတည်ထောင်ကြရင်


အိမ်ထောင်ပြုခြင်း အိမ်ရာများခွဲ၍တည်ထောင်ခြင်းမျာ
းစတင် ဖြစ်ပေါ်လာပါတယ်...

အခုကျွန်တော်တို့ မြန်မာလူမျိုးတွေ မင်္ဂလာဆောင်တွေမှာ ခဲပေါက်ကြတဲ့ဓလေ့ဟာ ကမ္ဘာဦးအစကတည်းက အချစ်နဲ့အတူ စတင်ပေါ်ပေါက်လာခဲ့တာပါသတဲ့ခင်ဗျ
ာ...

မှတ်ချက် ။ ။


ကျမ်းကိုး ။ ။ ထေယျပါဠိတော် မြန်မာပြန် အဂ္ဂညသုတ်နဲ့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ သဂြိုလ်ဘာသာဠိကာ အခြေပြုပဠာန်းတရားတော်စာအုပ်မှ
အကျင်းမျှသာတင်ပြလိုက်ပါသည် အကျယ်သိလိုပါက၄င်းစာအုပ်တွင်ရှာဖွေဖတ်ရှုနိုင်ပါကြောင်း..                                                                                                                                                 အားလုံးကိုကျေးဇူးတင်လျှက်..........                                                                                                                                                                       source>>> ချစ်ကောင်း(နတ်သျှင်နောင်)

"ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး"


လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်းအချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . .
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး
ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင်
လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .



ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင်
တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော
အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊
စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်
ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ
ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက်
ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ
ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . .
ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်.
. . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ
ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .
အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .


  • အချစ်က နုပျိုစေနိုင်တယ်
  • အချစ်က အသက်ရှည်စေနိုင်တယ်
  • အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
  • အချစ်က သွေးတိုးကာကွယ်ပေးတယ်
  • အချစ်က နှလုံးအတွက် ကောင်းစေတယ်
  • အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
  • အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
  • အချစ်က ညဏ်ကောင်းစေတယ်
  • အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
  • အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .

အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . .
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို
ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ်
ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

 

ကိုးကား>>>နုမြတ် (ဆေး -၁) (အာရောဂျံ)

အသင့်တော်ဆုံးချစ်သူ



အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

ဥပမာ (၁)

ရည်ရွယ်ချက်ကြီးကြီးမားမား မရှိတဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်လေးတစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ချင်မိတယ်။ သူလိုချင်တဲ့ ဘဝမျိုးကို လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတာ မောင်မောင်သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင်မကြိုက်လို့ပဲ။ အလုပ်စောစောဆင်း၊ ကိုယ်တိုင် ချက်ပြုတ်စားသောက်၊ အဝတ်လျှော်ဖို့ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့အလုပ်ကို မောင်မောင် မရှာချင်ခဲ့ဘူး။

ကျောင်းနေဖက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေ ဖြစ်ကုန်ကြပေမယ့် မောင်မောင်က သာမန် ဝန်ထမ်းအဆင့်ကနေ မတက်ခဲ့ဘူး။ မောင်မောင့်ချစ်သူ ဝေဝေတစ်ယောက် မာစတာအောင်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်ရတဲ့အချိန် သူတို့အချစ်ရေးကို လူတွေက ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြတယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေမထားခဲ့ဘူး။ ဝေဝေလခတွေ တိုးပြီးကုမ္ပဏီက ဒါရိုက်တာရာထူး ခန့်အပ်ခံလိုက်ရတဲ့အခါ လူတွေက အဆင့်အတန်းမတူတဲ့ မောင်မောင်တို့ရဲ့အချစ်ရေးကို လုံးဝဆုံးခန်းတိုင်ပြီလို့ ထင်ကြေးပေးကြပြန်တယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေလက်ထပ်လိုက်တယ်။

လက်ထပ်ပြီးနောက် ဝေဝေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်။ ၂ နှစ်နေပြီးနောက် ကလေးတစ်ယောက် မွေးဖွားခဲ့တယ်။ မောင်မောင် အလုပ်ကထွက်ပြီး အိမ်မှာပဲ ကလေးထိန်းခဲ့တယ်။

မိတ်ဆွေတွေက မောင်မောင် အလုပ်ထွက်လိုက်တာကို စိုးရိမ်နေကြတယ်။ ကလေးကြီးလာပြီး ကိုယ်ပါအသက်အရွယ် ကြီးလာရင် အလုပ်ထပ်ရှာရခက်လိမ့်မယ် လို့လည်း ပြောကြတယ်။ မောင်မောင်က ကလေးတွေကြီးလာရင် မြေးတွေကို ထိန်းရဦးမယ်။ မိန်းမက ဒီလောက် ပိုက်ဆံအရှာတော်နေမှတော့ သူဘာအလုပ် ထပ်လုပ်စရာ လိုသလဲလို့ ပြောတယ်။

ဝေဝေရဲ့ သူငယ်ချင်းတွေကလည်း ဝေဝေကို "ကိုယ့်ဘေးမှာ လုံးဝပြီးပြည့်စုံတဲ့ လူတွေ ဝိုင်းဝိုင်းလည် နေရက်သားနဲ့ ဘာဖြစ်လို့ တကယ့်အသုံးမကျတဲ့သူကိုမှ ပိုချစ်ရတာလဲ" လို့ မေးတော့ ဝေဝေက "ကျွန်မ အလုပ်အရမ်းလုပ်ချင်တယ်။ မိသားစုလိုချင်တယ်၊ ကလေးလိုချင်တယ်။ ဒါကြောင့် အလုပ်မလုပ်တဲ့ ယောက်ျားတစ်ယောက်ကို လိုချင်တယ်။ ဒါမှ ကလေးတွေကို ကျွန်မအစား သူစောင့်ရှောက်မှ ကျွန်မစိတ်ချချ အလုပ်လုပ်နိုင်မှာ" လို့ ပြန်ဖြေခဲ့တယ်။

ဥပမာ (၂)

စုစုက သန့်ရှင်းမှုဆိုတာနဲ့ လုံးဝမပတ်သက်သူဖြစ်တယ်။

ထမင်းချက်ဖို့ မပြောနဲ့ အဝတ်လျှော်၊ တံမြက်စည်းတောင် မလှဲတတ်တဲ့သူဖြစ်တယ်။ ငယ်ငယ်ကနေ ကြီးလာတဲ့အထိ ကိုယ်ခြုံတဲ့ စောင်ကိုတောင် မခေါက်ဖူးတဲ့သူဖြစ်တယ်။ အခန်းထဲမှာရှိတဲ့ စုစုရဲ့ ပစ္စည်းတွေက အချိန်မရွေး ပြိုကျနိုင်လောက်အောင် ရှုတ်ထွေးတယ်။ သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းအောင် စုစုလုပ်တတ်တဲ့ အလုပ်တစ်ခုက အလှပြင်တာပဲဖြစ်တယ်။ သူ့အိမ်ကို ရောက်ဖူးတဲ့ သူငယ်ချင်းတွေက စုစုကို လက်မြောက်သြချကြတယ်။ အင်္ကျီင်္တစ်ထည်ကို ရှုတ်ထွေးတဲ့ အခန်းထဲကနေ ရှာပြီး ကိုယ့်ကိုယ်လှလှပပ ဝတ်ဆင်နိုင်လို့ပါပဲ။

စုစုရဲ့အမေက စုစုကို အမြဲဆူတယ်။ ဒီလို အိမ်မှုကိစ္စမနိုင်၊ ညစ်ပတ်တဲ့စုစုကို ဘယ်သူ့မှ ယူမှာမဟုတ်ဘူးလို့ အမြဲပြောတယ်။ ချစ်သူရည်းစားရှိခဲ့ရင်လည်း စုစုအခန်းထဲ ရောက်တာနဲ့ လန့်ပြီး ထွက်ပြေးသွားနိုင်တယ်လို့လည်း ပြောတယ်။

ဒါပေမယ့် စုစု အိမ်ထောင်ကျခဲ့ပါတယ်။ စုစုယောက်ျားက စုစု မသန့်ရှင်းတဲ့အကြောင်းကို တစ်ခွန်းမှဟပြီး မဆူခဲ့ပါဘူး။ စုစုရဲ့ယောက်ျားက အနုပညာသည်ဖြစ်တယ်။ သူ့အတွက် စုစုက သူရဿတီ နတ်သမီး (MUSE goddess) ဖြစ်တယ်။ သူ့အတွက် စုစုထမင်းချက်၊ တံမြက်စည်း လှဲစရာမလိုဘူး။ အိမ်အပြည့် စုပုံထားတဲ့ သူ့အနုပညာပစ္စည်းတွေကို စုစုယောင်လို့တောင် မထိခဲ့ဖူးဘူး။ ရှုတ်ထွေးနေတဲ့ အခန်းက သူ့အတွက် အနုပညာဖြစ်ခဲ့တယ်။ တာကျိုးမလား ထင်ရလောက်တဲ့ အဝတ်ပုံကြားထဲကနေ မနက်စောစော နိုးထလာရတာကိုက သူ့အတွက် ရိုမန်တစ်ဆန်တယ်လို့ ထင်နေခဲ့တယ်။

အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။
တစ်ချို့က အသည်းကွဲသူတစ်ယောက်ကို နောက်တစ်ယောက် ပိုကောင်းလိမ့်မယ်။ သူ့ထက်ပိုကောင်းတဲ့ချစ်သူ တွေ့လိမ့်မယ်လို့ နှစ်သိမ့်ကြတယ်။ ဒါပေမယ့် ပိုကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက်မှာ လူတိုင်းမတူညီခဲ့ကြဘူး။ လူတွေထင်တဲ့ ကိုယ်နဲ့အတွက် အကောင်းဆုံးချစ်သူက ကိုယ်လက်ထပ်ချင်တဲ့လူ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ကိုယ်လိုအပ်တာက ကိုယ်နဲ့အသင့်တော်ဆုံးလူဖြစ်တယ်

အဲဒီလိုပဲ ကိုယ့်ကို မချစ်တတ်တဲ့လူ၊ ချစ်သူကောင်း မပီသတဲ့လူလို့ တစ်ချို့က ပြောကြမယ်။ ဒါပေမယ့် ဒီလောကမှာ ကိုယ်နဲ့သင့်တော်မယ့် လူတစ်ယောက်ကတော့ ရှိနေပါတယ်။ ကိုယ့်ရဲ့အိမ်ရှေ့မင်းသား (မင်းသမီး) ကို ရှာမတွေ့လို့ စိတ်ပျက်မနေကြပါနဲ့... တစ်နေ့နေ့မှာ မင်းသား (မင်းသမီး)က ကိုယ့်ကို လာကယ်တင်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘဝကို ကောင်းကောင်းတန်ဖိုးထားပြီး ချစ်လိုက်ပါ...

အချစ်အက္ခရာ A to Z



Accept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ် ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာ မဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)

သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွတ်သည်းခံ)

ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။

လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး ချစ်နိုင်ကြပါစေ...

နိုင်းနိုင်းစနေ

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes