Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Online မှာတွက်ချက်လို့ ရမဲ့  Math tools များ




ဘာလိုလိုနဲ့  ကျွန်တော်လည်း post မတင်ဖြစ်တာ ၁နှစ်တိတိရှိသွားပီဗျ။ ဒီညတော့ ဘာစိတ်ကူးပေါက်လာမှန်းမသိဘူး မပြန်ခင်လေး ကိုယ်သိတာလေးတွေ ပြန်လည်ရှယ်ယာလုပ်ချင်လို့ ပါ။သိပီး တတ်ပီးသားမိတ်ဆွေများအတွက်တော့  post title ဖတ်ပီး လှည့်ထွက်လိုက်တော့ ပေါ့ဗျာ.......:)

ခုခေတ်က အရမ်းလွယ်ကူတယ်။ဘာလိုချင်လည်း ဘာသိချင်လည်း ဘာလုပ်ချင်လည်း internet ကြီးတခုလုံးရှိနေတယ်လေ။ကျွန်တော့်အတွက် ကျေးဇူးတင်ထိုက်သူတွေကတော့  wiki , youtube, google, facebook တို့ ပါပဲ။ကဲပါဗျာ လေကြောရှည်နေတာနဲ့ လိုရင်းမရောက်တော့ ဘူး...

ဒီလိုဗျ........
တခါတလေ စာလုပ်ရတဲ့ အခါ မှာ အတွက်အချက်တွေဆို ဦးနှောက်ကငယ်ငယ်ကလို ထွက်မလာတော့ ဘူးဗျ။ဒီတော့ သင်္ချာပိုင်းဆိုင်ရာအတွက်အချက်တွေအတွက် အလွယ်တွက်ချက်ပေးနိုင်တဲ့  Online free site လေးတွေစုပီးပြန်လည်ရှယ်ယာလုပ်ခြင်းသာဖြစ်ပါတယ်။နယ်ပယ်ပေါင်းစုံမှ အင်ဂျင်နီယာ ကျောင်းသားများအတွက် အရမ်းအသုံးဝင်လိမ့်မယ်လို့ ထင်မိပါတယ်။
အောက်ကလင့်ခ် တွေမှာ သွားေ၇ာက်တွက်ချက်နိုင်ပါတယ်..........




 နှစ်သစ်မှာ သာယာပျော်ရွှင်ချမ်းမြေ့ကြပါစေ.....:)






How to hide your harddisk partition (without using software)



Window တစ်ခုမှာ hard disk (C) ဟာ အလွန်အရေးကြီးလှပါတယ်..
Windows ၊ program ဖိုင်တွေအပြင် system ၊ system 32 တို့လဲပါဝင်နေပါတယ်။
ဒီလိုအရေးကြီးတဲ့ C : hard disk ကိုဖျောက်ထားမယ် ဆိုရင် ပိုမကောင်းဘူးလား။

Run box မှာ gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ။ Group Policy ဆိုတဲ့ box ကျလာပါမယ်။
User Configuration Windows Components မှ Window Explore ကိုရွေးပြီး double click ပါ။
ညာဘက်က box ထဲမှာ “ Hide these specified drives in my computer “ ဆိုတဲ့ စာကြောင်းကို ရှာလိုက်ပါ။
တွေ့ပြီဆိုရင်တော့ စာကြောင်းပေါ်မှာ right click ထောက်ပြီး properties ကိုရွေးပါ။ properties box မှ dorp down menu မှာ Restrict C drive only ဆိုတဲ့စာကြောင်းကို ရွေး Enable ကို check လုပ်ပြီး Apply, Ok ပေါ့ဗျာ။
အခုဆိုရင် C: hard disk ကို My computer မှာတွေ့ရတော့မှာ မဟုတ်တော့ပါဘူး။

ပြန်ဖော် ချင်တယ် ဆိုရင်တော့ Enable နေရာမှာ Disable ပေးလိုက်ယုံပါပဲ။

မလိုချင် မကြည့်ချင် ပိတ်ထားချင်တဲ့  ဆိုဒ်တွေကို Cmd ကနေ Block မယ်

စာမရေးတာတော့ အတော့်ကိုကြာပီ fb တောင်မနည်းသုံးနေရတယ်.....ဟီးးးးးးးးး
မရေးဖြစ်တဲ့ အတွက် စာဖတ်သူမိတ်ဆွေတွေကို တောင်းပန်ပါတယ် ။နောက်ပိုင်း ကျွန်တော် ကိုယ်တိုင် လဲ ဆိုဒ်ကို မကြည့်ဖြစ်ဘူး။
မနေ့ က  အမတယောက်ကသိချင်တာမေးလာလို့  ကျွန်တော်လဲ ရှာပီးပြောပြလိုက်တယ်...
သူက သူ့ အိမ်က ကလေးတွေ ပေါက်တတ်ကရဆိုဒ်တွေ ၀င်မှာဆိုးလို့ တဲ့ လေ..
ကျွန်တော်လဲ သူကို ဆော့ဝဲလ် သုံးစ၇ာမလိုပဲ လွယ်ကူတဲ့ နည်းပြောလိုက်ပါတယ်...ပီးတော့  တချို့ သိချင်တဲ့  မိတ်ဆွေများအတွက်လဲ တင်ပေးလိုက်တာပါ....


လုပ်နည်း
1. Start >> Cmd ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။ Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. notepad C:/Windows/System32/drivers/etc/hosts ကို Cmd (Commmand Prompt ) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။


3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ 127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့ facebook နဲ့ပြထားပါတယ်။

4. Save ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း Exit လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။

တကယ်လို့ ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို ပြန်ဖျက်ပေးလိုက်ပါ။ ဒါဆိုပြန်ဝင်လို့ ရပါပြီ။











website နည်းပညာများကို လေ.လာလိုသူများအတွက် CSS(Cascading Style Sheets), HTML

ဘာမှကို မတင်ဖြစ်တာကြာပါပီ ....ကျောင်းစာတွေနဲ့  နပန်းလုံးနေလို့ ပါ....:)
ခုတော့ သူငယ်ချင်းတယောက်က ကြိုးစားပန်းစားရေးထားတဲ့  စာအုပ်မို့လို့ တင်ပေးလိုက်တာပါ။
အချိန်တော့မရဘူးဗျာ...စိတ်ဝင်စားတဲ့  မိတ်ဆွေများအတွက်ပါ...ရေးသားသူကတော့  ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းကြီး ကျော်ကို (ဂျီးတော် http://www.itloading.com )ကိုယ်တိုင်ရေးသားထားတာပါ.။
အမြည်းအနေနဲ့  နည်းနည်းပြောပြမယ်နော်....
Cascading Style Sheets (CSS) ဆိုတာ style sheet language တစ်ခုပဲဖြစ်ပါတယ် ၊ CSS သည်
markup language ထဲမှာ ရေးသားထားတဲ့ document တွေ၏ style တွေကို formatting ချဖို့အတွက်
World Wide Web Consortium (W3C) ဖန်တီးထားခြင်းဖြစ်ပါတယ် ၊ CSS တွေကို
အများဆုံးအသုံးပြုတာကတော့ HTML , XHTML နှင့်ရေသားထားသော document တွေမှာ
အသုံးပြုကြပါတယ် ၊CSS အကြောင်း မလေ့လာခင်မှာ HTML / XHTML ကိုတော့
သိထားသင့်ပါတယ်။HTML 3.2 မှာ font နှင့် color တွေ သတ်မှတ်တဲ့ အခါ web developers
တွေအတွက် အဆင်မပြေမူတွေ၊ HTML 3.2 နှင့် ကြီးမားတဲ့ web sites တစ်ခုတည်ဆောက်တဲ့
အခါ ရူပ်ထွေးမူတွေဖြစ်ပေါ် စေပါတယ် ၊ CSS – Cascading Style Sheets ဆိုတာ HTMl
element တွေကို ဘယ်လို style မျိုးနဲ့ ဖော် ပြမလဲဆိုတဲ့ အခါ အသုံးပြုပါတယ် ၊ CSS files တွေကို
  သီခြားထားပြီး ခေါ်ယူအသုံးပြုနိုင်ပါတယ် ။ 


     CSS သတ်မှတ်သော ပုံစံ


ပြထားသော ပုံကိုကြည့်လိုက်ပါ။ ၎င်းမှာ အပိုင်းနှစ်ပိုင်း၇ှိပါတယ်၊  Selector ဆိုတာ ကိုအသုံးပြုချင်တဲ့ HTML element (p,h1,h2 စသဖြင့်) ပါ။
Declaration ထဲမှာတော့ Property နှင့် value တွေ ပါဝင်ပါတယ်၊
CSS declarations တွေကိုတော့ အမြဲတမ်း semicolon(;) နဲ့ ဆုံးပြီး၊ declaration groups တွေကို
curly brackets { } တွေနဲ့ ပိတ်ပါတယ်။ တစ်ခုထက်ပိုတဲ့ declaration တွေ ကြေညာချင်ရင်တော့
semicolon(;) နဲ့ ခြားပြီး ဖေါ်ပြပါတယ်။ အောက်မှာ ကြည့်ကြည့်ပါ-----
CSS style


လိုချင်ရင်အောက်က လင့်ခ်မှာဒေါင်းလော့လုပ်ယူနိုင်ပါသည်။
  ဒီမှာ  

အားလုံးကိုကျေးဇူးတင်ပါတယ်....


လူဖြစ်ဖို့အင်တာနက်သုံးကြစို့

ဘာရယ်မဟုတ်ပါဘူး....ဖတ်မိတဲ့  ပို့စ်လေးတခုကိုပြန်ပီးရှယ်ရာလုပ်ပေးတာပါ။




ကွန်ပျူတာ၊ အင်တာနက် နည်းပညာ ပျံ့ပွားရေးအတွက် ရည်ရွယ်ထုတ်ဝေတဲ့ စာစောင် တစ်ခုရဲ့ လူငယ်တွေက အိုင်တီ ခေတ်အကြောင်း လစဉ်ဆောင်းပါး ရေးပေးဖို့ လာပြောပါတယ်။ ထုံးစံ အတိုင်း ကျန်းမာနေရင် တတ်နိုင် သလောက် ကြိုးစားရေးပေးပါမယ် လို့ ပြောလိုက်ရတယ်။
ပညာရပ်ဆိုင်ရာတွေ အလွန်နည်း
လာပြောသူက လူငယ်တစ် ယောက်ဖြစ်ပြီး လူငယ်တွေ အတွက် ဒီခေတ်မှာ မသိမဖြစ်သိ နေရမယ့် ပညာရပ်အကြောင်း ဖြန့် ဝေတာဆိုတော့ ရေးပေးဖို့ဝတ္တရား ရှိတယ် ယူဆတာကြောင့် ချက်ချင်း ကတိပေးလိုက်တာပါ။ ဒီလို မဂ္ဂဇင်း စာစောင်မျိုးတွေ များများပေါ်ထွက် လာဖို့ အထူးလိုအပ်ပါတယ်။ ဒီနေ့ ဈေးကွက်မှာရှိနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းမျိုးစုံ စုစုပေါင်း သုံးရာကျော် လေးရာနီးပါးရှိတဲ့အထဲမှာ ပညာ ရပ်တစ်ခုကို အထူးပြုထုတ်ဝေတဲ့ စာစောင်မျိုး အလွန့်အလွန်နည်းပါ တယ်။ ဖတ်သူမရှိလို့ ထုတ်သူမရှိ တာလား၊ ထုတ်သူမရှိလို့ ဖတ်သူ မရှိတာလား စောကြောကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီလိုပညာရပ်ဆိုင် ရာ စာစောင်မျိုးတွေ ထွန်းကားမှ တိုင်းပြည်တိုးတက်မှာပါ။ ဖျော်ဖြေ ရေး စာစောင်တွေပဲ များနေလို့ တော့ ဘယ်တော့မှ လူလူသူသူဖြစ် မှာ မဟုတ်ပါဘူး။
ကူညီချင်လို့သာ
လူငယ်တွေကို ကူညီချင်လို့ သာ ရေးပေးမယ် ပြောလိုက်တာ၊ တကယ်တော့ ကိုယ်တိုင်က ဘာမှ ဟုတ်ဟုတ်ငြားငြား သိတာမဟုတ် ပါဘူး။ သတင်းသမားဗီဇမဖျောက် နိုင်လို့ ကွန်ပျူတာတစ်လုံးနဲ့ အင် တာနက် သုံးနေပေမယ့် အခက် အခဲကြုံရင် ဘာမှမလုပ်တတ်တော့ ဘူး။ လူငယ်တွေကို ကူပါဦးလုပ်ပါ ဦး ပြောရတော့တာ။ အသက်က ကြီးသထက်ကြီးလာတော့ ဖန်သား ပြင်နဲ့ မျက်စိနဲ့က တယ်ပြီး သဟ ဇာတ မဖြစ်တော့ဘူး။ ခဏလေး ကြည့်လိုက်တာနဲ့ မျက်စိကျိန်းစပ် ပြီး မျက်ရည်ကျလာတော့တယ်။ ကြည့်စရာတွေကလည်း ကြာလေ များလာဖြစ်လာတော့ နိုင်အောင် မကြည့်နိုင်တော့ဘူး။ အချိန်သိပ် လိုတယ်။ လူငယ်တွေလို အကျော် အခွတွေလည်း ကျွမ်းတာမဟုတ် ဘူးလေ။
ထင်မြင်ချက်တွေ သိဖို့လို
အဲဒီတော့ လူငယ်တွေကိုပဲ အပူကပ်ရတော့တယ်။ အရေးကြီး တဲ့ ဖတ်ကိုဖတ်သင့်တဲ့ အကြောင်း အရာတွေကို ထုတ်ယူကူးပေးဖို့ ပြောရတယ်။ သတင်းသမားတစ် ယောက်လည်းဖြစ်၊ လူငယ်နဲ့ပတ် သက်တဲ့ စာမျိုးတွေရေးဖူးလည်း ဖြစ်ဆိုတော့ ၀က်ဘ်ဆိုက်တွေ ဘလော့ဂ်တွေနဲ့ ထင်မြင်ယူဆချက် တွေကို အလေးမထားလို့ မရဘူး လေ။ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာ ဖြစ်ဖြစ် သိဖို့လိုအပ်ပါတယ်။ စာရေးသူတစ်ယောက်ဟာ စာဖတ် သူတွေ အထူးသဖြင့် လူငယ်တွေ ကို အမြဲတမ်း အလေးထားဖို့လို တယ်။ လူငယ်တွေဆိုပြီး အထင် သေးလို့ မရဘူး။ ဒီလူငယ်တွေက အင်တာနက်ခေတ် လူငယ်တွေ။ ကမ္ဘာကြီးတစ်ခုလုံးကို လက်ဝါး ပေါ် တင်ကြည့်သလို နေ့စဉ်စောင့် ကြည့်နေကြတဲ့ လူငယ်တွေ ဖြစ်တယ်။
ရှာကီရာအကြောင်း သိ သလို မူဂါရေးအကြောင်းလည်း သိ ကြတယ်။ သူတို့ထင်မြင်ယူဆချက် တွေကို ပစ်ပယ်ထားဖို့ မသင့်ဘူး။ ထင်မြင်ချက်ရေးသူတွေ၊ ဘ လော့ဘ်ဂါတွေဟာ အခြေအမြစ် မရှိတဲ့ ကလေကချေတွေလို့ပြောတဲ့ သူဟာ ကွန်ပျူတာရှေ့မှာ တစ်ခါမှ မထိုင်ဖူးသူပဲ ဖြစ်လိမ့်မယ်။ ဘား ရတ်အိုဘားမားက တွစ်တာသုံးပြီး လူငယ်တွေနဲ့ စကားပြောသလို၊ တရုတ်ပြည်က ဟူကျင်တောင်း လည်း အင်တာနက်ကတစ်ဆင့် လူငယ်တွေနဲ့ စကားပြောနေပါ တယ်။ ရုရှားကပူတင်လည်း သုံး နေပါတယ်။
အမှန်ဆုံးအမြန်ဆုံး သိနိုင်တာ
အင်တာနက်မသုံးရင် ဒီ ခေတ်နဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ဘူး။ အထူးသဖြင့် သတင်း သမား၊ နိုင်ငံရေးသမား၊ နိုင်ငံရေး သုတေသီများဟာ အင်တာနက် လှိုင်းတွေကြားမှာ နေ့စဉ်ကူးခတ် နေဖို့ လိုပါတယ်။ အင်တာနက် မသုံးရင် သတင်းသမား၊ နိုင်ငံရေး သမား၊ နိုင်ငံရေးသုတေသီ လုံးဝ မလုပ်ပါနဲ့လို့တောင် ဆိုချင်တယ်။ လူတွေရဲ့ဆန္ဒစစ်ဆန္ဒမှန် လူတွေရဲ့ ထင်မြင်ယူဆချက်၊ လူတွေရဲ့ အကြိုက် စတဲ့ အရေးကြီးဆုံးကိစ္စ တွေကို အမှန်ဆုံးနဲ့ အမြန်ဆုံးသိနိုင် တာ အင်တာနက်တစ်ခုတည်း ရှိ ပါတယ်။
လူထုလက်နက် အင်တာနက်
နျူကလီးယားဗုံးက မဟာ အင်အားကြီးနိုင်ငံတွေအတွက် အားအထားရဆုံးလက်နက် ဖြစ် သလို၊ အင်တာနက်ဟာလည်း လူထုအတွက် အကောင်းဆုံးလက် နက်ဖြစ်တယ်။ နျူကလီးယား လက်နက်လို အစွမ်းထက်ပါတယ်။ တစ်နေ့မှာ လူထုလက်ထဲက အင် တာနက်က နျူကလီးယားလက် နက်တွေကို ဖျက်သိမ်းအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ မယုံ မရှိနဲ့။
စောင့်ကြည့်ပါ။ အဲဒီ လောက် စွမ်းအားကြီးမားတဲ့ အင် တာနက် နည်းပညာဟာ ကျွန် တော်တို့ လူထုကြီးနဲ့ အများကြီး အလှမ်းဝေး နေပါသေးတယ်။ လူထုကြီးမဆိုထားနဲ့ တတ်သိပညာ ရှင်လို့ခေါ်ကြတဲ့ သူတွေထဲမှာ တောင် ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်း ၀င်သူ အင်မတန်မှ နည်းပါးပါ သေးတယ်။
အင်တာနက်ကမ္ဘာထဲ တွန်းပို့
အဲဒီအခြေအနေမှာ ကွန်ပျူ တာနဲ့ အိုင်တီနည်းပညာစာအုပ် စာစောင်တွေ များများစားစားပေါ် ထွက်လာဖို့ လိုပါတယ်။ ကလေး တွေတင်မက မိဘတွေပါ ဖတ်သင့် ကြပါတယ်။ ဒီလိုစာအုပ်စာစောင် ထုတ်ဝေသူများကိုလည်း အားပေး ကူညီသင့်ပါတယ်။ ဒီသဘောနဲ့ စာမူတောင်းတဲ့ လူငယ်ကို ရေးပေး မယ်လို့ ကတိပေးလိုက်တာပါ။ ကိုယ်က ဘာမှမတတ်ပေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့မိဘတွေကို တော့ အိုင်တီပညာရဲ့ အရေးပါပုံ တွေကို ပြောပြပြီး၊ အင်တာနက် ကမ္ဘာထဲ တွန်းပို့နိုင်တာပေါ့။ နှစ် ဆယ့်တစ်ရာစု လူသားပီပီသသ ဖြစ်ချင်ရင် အင်တာနက်ကိုသုံးမှ ဖြစ်လိမ့်မယ်။ ဒါကြောင့် လူဖြစ်ဖို့ အင်တာနက် သုံးကြစို့လို့တောင် ဆောင်ပုဒ်ထုတ်လိုက်ချင်ပါတယ်။

MOUSE ကို ဘယ်နဲ့မှ သုံးချင်တယ်ဆိုတဲ့ သူများအတွက်...

သူငယ်ချင်းတယောက်က သိချင်လို့ တင်ပေးလိုက်တာပါ....သိပီးသားသူများဆိုလည်းတောင်းပန်ပါတယ်။
လူတွေက မိမိတို့ အားသန်ရာ ကို ပဲ အသုံးပြုချင်ပါတယ်။
မွေးကတည်းက ဘယ်လက်ကိုပဲသုံးတတ်တဲ့သူဟာ ကွန်ပျူတာမောက်စ်ကို ညာနဲ့ကိုင်ရတယ်ဆိုရင် အတော်လေး ကသိကအောင့်နိုင်မယ်ထင်ပါတယ်..။
ကျွန်တော်တင်ပြတဲ့နည်းလေက မောက်စ်function တွေ landscape တွေပါ အားလုံးဘယ်ကို ပြောင်းသွားမှာပါ ။
စမ်းကြည့်လိုက်ပါ

အဆင့် ၁။ Start Menu မှတစ်ဆင့် Control Panel ကိုသွားပါ
အဆင့် ၂။ Control Panel ထဲ မှ Mouse control ကိုသွားပါ ။
အဆင့် ၃။ Mouse Control ထဲမှ switch primary and secondary button ကို ကလစ်ပေးလိုက်ပါ ။

အဲဒါဆိုရင်တော့ ဘယ်ကျော်သမားအတွက် မောက်စ် ရဲ့ left click ဟာ လက်ညှိုးကို ရောက်သွားသလို right click ကလည်း ညာဘက်မှာကိုင်တဲ့ပုံစံအတိုင်း လက်ခလယ်ကိုရောက်သွားပါပြီ...။





နောက်တစ်ခုကတော့ ညာလက်နဲ့မောက် ကို right click ပေးတဲ့အခါမှာ User ရဲ့ ညာဘက်မှာ ပေါ်ပါတယ် ။
ဒါကိုလည်း ဘယ်အသုံးပြုရဲ့ ဘယ်ဘယ်မှပေါ်အောင် ထပ်လုပ်လိုက်ပါ့မယ်။
အောက်ပါ အတိုင်းလုပ်ဆောင်ကြည့်ပါ။

အဆင့်၁ ။ start menu မှတဆင့် control panel ကိုသွားပါ။
အဆင့်၂ ။ control panel မှတဆင့် table pc setting ကိုဝင်လိုက်ပါ။
အဆင့်၃ ။ right handed ကိုကလစ်ပေးလိုက်ပါ ။

အဲဒါဆိုရင်တော့ အားလုံးအဆင်ပြေသွားပါပြီ...။
မောက်စ်ကို ဘယ်နဲ့ကိုင်လို့ရသလို ညာဘက်မှာကိုင်အသုံးပြုတဲ့အတိုင်း အားလုံးက ပုံစံတူသွားပါပြီ...။


အဆင်ပြေကြပါစေဗျာ...။


ကိုဇော် (Multiply)

အမြန်ဆုံး စူပါကွန်ပျူတာကိုထုတ်လိုက်သည့် တရုတ်နိုင်ငံ


ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာများအနက် ထိပ်ဆုံးကျသော စူပါ ကွန်ပျူတာကို ထုတ်လုပ်နိုင်ပြီဟု တရုတ်နိုင်ငံမှ ကြေညာလိုက်ပါသည်။ Tianhe-1A (Milky Way) ဟု အမည်ပေးထားသော ကမ္ဘာ့အမြန်ဆုံး တရုတ် စူပါကွန်ပျူတာသည် တစ်စက္ကန့်တွင် ထရီလီယံပေါင်း (၂၅၀၀) ကျော် တွက်ချက်နိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုပါသည်။ ဤကဲ့သို့သော အမြန်နှုန်း ရရှိနိုင်ရန် Graphic Processor အလုံးပေါင်း (၇၀၀၀) ကျော်နှင့် Intelchip (၁၄,၀၀၀) ကျော် အသုံးပြုထားသည်ဟုလည်း ဆိုပါသည်။ ကမ္ဘာ့အကောင်းဆုံး စူပါကွန်ပျူတာ ၅၀၀ (Top 500 Supercomputer) စာရင်းကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်လေ့ရှိပြီး အဆိုပါ စူပါကွန်ပျူတာ စာရင်း မထွက်မီ တရုတ်၏ Tian he-1A သတင်းထွက်ပေါ် လာခြင်း ဖြစ်သည်။
အဆိုပါ တရုတ်၏ 'Tianhe-1A' သည် တစ်စက္ကန့်တွင် (၁.၇၅) Petaflops တွက်ချက်နိုင် သော အမေရိကန်စူပါကွန်ပျူတာ XT5 Jaguar ကို ကျော်တက်သွားကာ ကမ္ဘာ့အမြန်ဆုံးသရဖူကို ရရှိခြင်းဖြစ်သည်။ (One petaflop သည် ထရီလီ ယံ တစ်ထောင်နှင့်ညီမျှသည်) ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာစာရင်းပြုစု ရာတွင် ပါဝင်သော အမေရိကန်နိုင်ငံ Tennessee တက္ကသိုလ်မှ ကွန်ပျူ တာ သိပံ္ပပညာရှင် ပါမောက္ခ Jack Dongarra မှလည်း တရုတ်၏ ကြေညာ ချက်ကို ထောက်ခံလိုက်ပြီး၊ တရုတ်၏ စူပါကွန်ပျူတာသည် အမေရိကန်ထက် ၄၇%ကျော် ပိုမြန်ကြောင်း ပြောကြားခဲ့သည်။

ref >>>http://www.knowledgebridge.net

လူသားတိုင်းအတွက် အသိပညာစွယ်စုံကျမ်း


Wikipeia ဆိုတာဘာလဲ

Wikipedia ဆိုတာ အင်တာနက်ပေါ်က အခမဲ့ လွတ်လပ်စွယ်စုံကျမ်းပါ။ ဘာသာစကားပေါင်း မြောက် များစွာနဲ့ ဒီစွယ်စုံကျမ်းကြီးကို ဘယ်သူမဆို လွပ်လပ်စွာ အခမဲ့ ဖတ်ရှုနိုင်ပါတယ်။ လိုအပ်နေတဲ့ အကြောင်းအရာ တွေ ဖြည့်စွက်ဖို့ဖြစ်စေ၊ လုံးဝမရှိသေးတဲ့ အကြောင်းအရာ အသစ်တစ်ခုကို ထပ်မံဖြည့်သွင်းဖို့ဖြစ်စေ၊ မည်သူမဆို ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်ပါတယ်။ Wiki ရဲ့ Logo ကို အပိုင်းအစလေးတွေ ဆက်ပြီး ကစားရတဲ့ Jigsaw ကစားနည်းအတိုင်း ကမ္ဘာပေါ်က ဘာသာစကားပေါင်း များစွာနဲ့ အသုံးပြု နိုင်တဲ့ ဒီ Wikipedia မှာ သင်ကိုယ်တိုင် ပါဝင်ဖို့ လိုအပ်နေ ပါသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပုံဖော် ထားတာ တွေ့နိုင်ပါတယ်။
Wikipeia ဘယ်လို ပေါ်ပေါက်လာတာလဲ၊
အခြားစွယ်စုံကျမ်းတွေနဲ့ ဘာကွာလဲ
စွယ်စုံကျမ်းဆိုတာ ဟိုးအရင်တုန်း ကတည်းက ဘာသာရပ်အလိုက်သော်လည်းကောင်း၊ တက္ကသိုလ်က ပါမောက္ခတွေသော်လည်းကောင်း သို့မဟုတ် ကျွမ်းကျင် သူတွေ စုစည်းပြီး အကြာကြီးပြုစုပြီးမှ စာအုပ်အထူကြီး တွေ အနေနဲ့ ထွက်လာပါတယ်။ တစ်အုပ်ထဲ ထွက်လာ တာလဲ မဟုတ်ပါဘူး။ အတွဲလိုက် ထွက်လာတာမျိုးပါ။ ၀ယ်သုံးမယ်ဆိုရင်လဲ ဈေးကြီးပေးဝယ်ရတာပါ။ ဟိုးအရင် ကတော့ စွယ်စုံကျမ်းတွေထဲမှာဆိုရင် Britanica စွယ်စုံကျမ်း ဟာ နာမည်အကြီးဆုံးပါပဲ။ စာအုပ်ကြီးတွေ သယ်သွားရ တဲ့ ခေတ်ကနေ CD Rom လေးနဲ့ အသုံးချနိုင်တဲ့အချိန် ရောက်လာတော့ Microsoft ကနေထုတ်တဲ့ Encarta ဆိုတာ Computer နဲ့ သုံးနိုင်တဲ့ စွယ်စုံကျမ်း CD Rom အဖြစ် နာမည်ကျော်ကြား လူသုံးများတယ်။ Encarta ကို တရားဝင် ၀ယ်သုံးမယ်ဆိုရင် စာအုပ်တစ်အုပ်ကိုတောင် အနည်းဆုံး $ 50 လောက် ပေးရပါလိမ့်မယ်။ အကြောင်း အရာတွေကို တူတူပဲ ပါဝင်တဲ့ Encarta DVD ၀ယ်မယ် ဆိုရင် Encarta 2007 ကို $ 20 လောက်ပေးရပါမယ်။ DVD နဲ့ စာအုပ်နဲ့တော့ ဘာမှမကွာပါဘူး။ အချက်အလက်တွေ ကို စာအုပ်ပေါ်ကနေ DVD ပေါ် ပြောင်းတင်ပေးလိုက်တာ ပါပဲ။ ယခင်က Britannia မှာ ဆောင်းပါး ၈၀,၀၀၀၀ ကျော် ကနေ Microsoft Encarta မှာ တစ်သိန်းကျော် ပါလာ ပါတယ်။
ဘာကြောင့်လဲဆိုရင် Encarta မှာက အခကြေးငွေ နဲ့ ရေးသားပေးတဲ့ ဆောင်းပါးတွေ ပါဝင်တယ်။ ကမ္ဘာ ကျော်တွေ သိပ္ပံပညာရှင်တွေရဲ့ အဆိုအမိန့်တွေ ပါဝင် ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပါဝင်တဲ့ အကြောင်းအရာ တွေ ပိုမိုများပြားလာပြီး ပိုမိုစုံလင်လာပါတယ်။ အဲတာ ကတော့ နာမည်ကြီးလူသုံးများပြီး ၀ယ်ယူသုံးစွဲရတဲ့ စွယ်စုံကျမ်းပါ။
အခုပြောနေတဲ့ Wikipedia ဆိုတာကကော Encarta လိုပဲလား။ Wikipedia နဲ့ Encarta နှစ်ခုလုံးက စွယ်စုံကျမ်းပဲလေ။ ဒါပေမယ့် ပညာရှင်တွေ ပေါင်းရေးပြီး Encarta က ၀ယ်ရတယ်။ Wikipedia မ၀ယ်ရဘူး ဒါပဲ ခြားနားချက်ရှိတာလား။ အဲဒီလောက်နဲ့တော့ လူတွေက Wikipedia ကို မညွှန်းပါဘူး။ Wikipedia ကို မစတင်မီက Nupedia ဆိုတဲ့ သာမန်စွယ်စုံကျမ်းပုံစံနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်း အခုမြင်နေရတဲ့ Wikipedia Project အဖြစ် ပြောင်းလဲခဲ့တယ်။ လူတိုင်းပါဝင်ပြီး ပြင်ဆင်ရေးသားတာ တွေ ထပ်မံပေါင်းထည့်တာတွေ ပြုလုပ်နိုင်တဲ့ စွယ်စုံကျမ်း တစ်ခုအနေနဲ့ပေါ့။
ပါမောက္ခတစ်ယောက်ကဖြစ်ဖြစ် ၀ါသနာရှင် တစ်ယောက်ကဖြစ်ဖြစ် အကြောင်းအရာတစ်ခုကို စပြီး ရေးသားနိုင်တယ်။ ပိုသိတဲ့ တစ်ယောက်က လိုအပ်ချက် တွေ ဖြည့်စွက်မယ်။ စာလုံးပေါင်းမှားတာပဲ ဖြစ်ဖြစ် အချက်အလက် မှားတာပဲဖြစ်ဖြစ် ကိုယ်တိုင်သေသေ ချာချာသိတယ်ဆိုရင် ၀င်ပြင်နိုင်တယ် ဖြည့်စွက်နိုင်တယ်။ တကယ်လို့ Wikipedia မှာ တစ်ယောက်ယောက် တင်ထား တာဟာ မသေချာတဲ့ အချက်အလက် ဖြစ်နေတယ်။ ကိုယ်ကလည်း သိတော့သိပါရဲ့ ၀င်ပြင်ရလောက်အောင် လည်း မသေချာဘူး၊ အကိုးအကားနဲ့ ညှိနိုင်းသင့်တယ် ထင်ရင် Discussion နေရာမှာ ဆွေးနွေးနိုင်တယ်။ ကိုယ် တိုင် Wikipedia မှာ ရေးသားတော့မယ်၊ ပြင်ဆင်တော့ မယ်ဆိုရင် မှတ်ပုံတင်ထားဖို့ လိုပါတယ်။ အခကျေးငွေ ပေးစရာ မလိုပါဘူး။ ကိုယ်ရေးတဲ့ ဆောင်းပါးဟာ မှန်ကန် ဆီလျှော်သင့်တော်မှု ရှိမရှိတော့ စိစစ်ပါလိမ့်မယ်။
စွယ်စုံကျမ်းတွေ တော်တော်များများ Online မှာ ရှိနေပါတယ်။ သို့သော် ၀င်ရောက်ပြင်ဆင်ဖို့ အခွင့်မရှိတဲ့ အတွက် ကျန်တဲ့ စွယ်စုံကျမ်းတွေဟာ Up to Date မဖြစ် ပါဘူး။ Wikipedia ကို မည်သူမဆို ၀င်ရောက်တည်းဖြတ် နိုင်တဲ့အတွက် Up to Date ဖြစ်နေတဲ့ Wikipedia ကို Print ထုတ်မယ်ဆိုတောင် ဆောင်းပါးတွေဟာ Print ထုတ်ပြီး ချိန်မှာ ဆောင်းပါအရေအတွက်နဲ့ ပါဝင်တဲ့ အချက် အလက်က တူညီမှာ မဟုတ်တော့လောက်အောင်ပဲ တိုး တက်များပြားနေပါတယ်။
Wikipedia ကို မြန်မာဘာသာစကား အပါအ၀င် ဘာသာစကားပေါင်း (၂၇၂) မျိုးလောက်နဲ့ ရေးသား ထားပါတယ်။ တကယ်ဆောင်းပါး အများအပြားရေးနေ တာတော့ ဘာသာစကားပေါင်း (၂၅၀) လောက်ပဲရှိမှာပါ။ ဆောင်းပါးပေါင်း (.) သန်းကျော်ရှိရာမှာ အင်္ဂလိပ် ဘာသာနဲ့တင် ဆောင်းပါးပေါင်း . သန်းကျော် ဖတ်ရှုနိုင် ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် en.wikipedia.org ဆိုပြီး အင်တာနက်အသုံးပြု Browser ရဲ့ လိပ်စာ Address Bar မှာ ရိုက်ရမှာ ဖြစ်ပါတယ်။ မြန်မာဘာသာအနေနဲ့ my.wikipedia.org ဖြစ်ပါတယ်။ မြန်မာဘာသာနဲ့ ဆောင်း ပါးပေါင်း ၃၂၀၀ ကျော်ဖတ်ရှုနိုင်ပါတယ်။ အခြားဘာသာ စကားတွေရဲ့ လိပ်စာကို ရှာရတာ ခက်နေရင် http://www.wikipedia.org မှာ ကြည့်နိုင်ပါတယ်။ Wiki ကို ကြည့်ရှုသူသန်းပေါင်း ၂၅၀ ကျော်ပါတယ်။ ဆောင်းပါး ရေးသားသူသန်းပေါင်း ၁၀ ကျော် ရှိပါတယ်။ ပြုပြင်ပေး နေသူ အယ်ဒီတာပေါင်း သိန်းကျော် ရှိပါတယ်။ အဲလို စွယ်စုံကျမ်းကြီးဟာ တစ်နေ့ထက်တစ်နေ့ အသစ်တိုးလာ တဲ့ ဆောင်းပါးတွေ အမှားပြင်ဆင်ချက်တွေကြောင့် Print ထုတ်လို့ မမီနိုင်လောက်တဲ့ Online Encyclopedia လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ လူတိုင်းဝင်ရေးတဲ့အတွက် မှန်ပါ့ မလားဆိုတဲ့ မေးခွန်းပေါ်မှာ တော်တော်များများက မှန်ကန် တဲ့ စွယ်စုံကျမ်းဖြစ်ကြောင်း ထောက်ခံခဲ့ကြပြီး ရေးသားတဲ့ လူတွေကလည်း အချက်အလက်တွေ ကိုယ့်အတွက် အသုံးဝင်မ၀င် ကိုယ်တိုင်ချင့်ချိန်သင့်ပါတယ်လို့ ပြောကြ ပါတယ်။
Wikipedia မှာ သိချင်တာရှာဖို့
တကယ်ပဲလွယ်ကူလား၊ ပြုပြင်ဖို့အတွက်
ဘာတွေ လိုအပ်မလဲ
ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုကို Wiki မှာ ရှာချင်ရင် Search ဆိုတဲ့နေရာမှာ ရိုက်ထည့်ပြီး အကြောင်း အရာ အချက်အလက်တွေ ရှာဖွေနိုင်ပါတယ်။ ပေါ်လာတဲ့ ဆောင်းပါးတွေထဲမှာ သက်ဆိုင်ရာ ဝေါဟာရတွေ စကား လုံးတွေအတွက် ဆောင်းပါးတွေရှိရင် Link လေးတွေကို အပြာရောင်လေးတွေ ချိတ်ထားပါတယ်။ လက်ရှိ ဆောင်း ပါးနဲ့ ဆက်စပ်မှုရှိတဲ့ ဆောင်းပါးတိုင်းအတွက် Link လေး တွေကို See also အ၀ါရောင်နဲ့ ချိတ်ထားပေးပါတယ်။ လက်ရှိဆောင်းပါးနဲ့ ပတ်သက်ပြီး သိထားသင့် ဖတ်ရှုသင့် တဲ့ အခြားဆိုက်တွေကိုလည်း External Link အနေနဲ့ လမ်းညွှန်ပေးထားပါတယ်။ လက်ရှိဆောင်းပါး ရေးစဉ်က ဘယ်က ကိုးကားခဲ့တယ်ဆိုတာကို References တွေ အနေနဲ့ ဖော်ပြထားပါတယ်။ ဆောင်းပါးတွေကို ပြုပြင်မယ် အသစ်တစ်ခု ရေးမယ်ဆိုရင်တော့ Wiki မှာ Online Register လုပ်ထားရမှာ ဖြစ်ပြီး Wiki ကို ပြုပြင်နည်းကို သိထားရပါမယ်။ Register လုပ်ရတာ ခက်ခဲမှာ မဟုတ် သလို Wiki ကို Edit လုပ်ဖို့လည်း အလွယ်တကူ လေ့လာ နိုင်တဲ့အတွက် အခက်အခဲတွေ ရှိမှာမဟုတ်ပါဘူး။
Wikipedia ဆိုတာ Nupedia ကနေ ပြောင်းလဲလာ တဲ့ စွယ်စုံကျမ်းတွေဖြစ်ကြောင်း သိပြီးပြီဆိုတော့ သူ့ရဲ့ ညီနောင် Project တွေကိုလဲ သိထားရင် ပိုပြီးကောင်း တာပေါ့။
၁။ ဘာသာမျိုးစုံ အဘိဓာန်အတွက် Wikionary
၂။ အဆိုအမိန့်တွေအတွက် Wikiquote
၃။ Online ကနေ လေ့လာသင်ယူနိုင်ဖို့အတွက်
Wikiversity
၎။ သတင်းတွေအတွက် Wikinews
၅။ စာအုပ်တွေအတွက် Wikibooks
၆။ Source တွေ အခမဲ့ကြည့်နိုင်ရန်အတွက်
Wikisource
၇။ မျိုးစိတ်တွေလေ့လာနိုင်ရန် Wikispecies
စသဖြင့် အခြား Sister Project တွေရှိပါတယ်။
အခြားသော စွယ်စုံကျမ်းတွေ လေ့လာချင်ရင်တော့ Wiki မှာ List of encyclopedia ဆိုပြီး ရှာကြည့်လိုက်ပါ။ စွယ်စုံကျမ်းစာရင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ့ရ ပါလိမ့်မယ်။
ကိုယ်ပိုင် Wiki တစ်ခုပြုလုပ်ခြင်း
နာမည်ကျော် လူကြိုက်များတဲ့ Wikipedia မှာ အချက်အလက်တွေ ပြည့်စုံတဲ့အတွက် တော်တော် များများက အားထားကြပါတယ်။ Wiki ကို ရည်ညွှန်း ကိုးကားဖို့အတွက် တော်တော်အသုံးပြုကြပါတယ်။ သူရဲ့ အချက်အလက်တွေကိုပြတဲ့ ပုံစံနည်းစနစ်ကိုက ရှင်း လင်းတဲ့အပြင် အက္ခရာနဲ့စီပြီး ရှာလဲရတယ်။ ဒါပေမဲ့ Game အကြောင်းအရာ ရှာရင်း Gameတွေရဲ့ Site တွေနဲ့ နှိုင်းယှဉ်ချက်တွေ သိရမယ်။ အသေးစိတ် အသုံးပြုပုံကို တော့ Wikipedia မှာ တင်ထားမှာ မဟုတ်ဘူး။ ကိုယ်ပိုင် Wiki မှာပဲ တင်ထားမှရ မယ်။ ကိုယ်ရေးကိုယ်တာ နဲ့ သီးသန့် Wiki တွေမှာပဲ သင့်တော်မှာပါ။ အဲဒီ တော့ ကျွန်တော်တို့ ကိုယ် ပိုင် Wiki တစ်ခုကိုဘယ်လို ပြုလုပ်ရယူမလဲ။
Wiki ကို ကိုယ်ပိုင် ပြုလုပ်နိုင်မယ့်နည်းလမ်း သုံးမျိုး ရှိတယ်။ ပထမ တစ်မျိုးက Wiki Script ကို Download ဆွဲပြီး ကိုယ့်ရဲ့ Web Server Host ပေါ် တင် တာ။ နောက်တစ်မျိုးကတော့ Wiki Services တွေမှာ ပိုက်ဆံပေးပြီး ရယူတာနဲ့ အခမဲ့ Wiki Services တွေမှာ မှတ်ပုံတင်ပြီး Wiki ကိုယ်ပိုင်ရယူတာပဲ။ နောက်ဆုံး တစ်ခု ကတော့ Offline လို့ခေါ်တဲ့ အိမ်သုံးကွန်ပျူတာမှာ Local Wiki ဖန်တီးရယူတာပါ။
ကိုယ်ပိုင် Wiki တစ်ခုပြုလုပ်မယ်ဆိုတဲ့ နေရာမှာ အမျိုးအစား အရင်ခွဲရအောင်။ ကိုယ်ပိုင်ရယူနိုင်တဲ့နည်း () မျိုး ရှိပါတယ်။
1. Wiki Services ပေးသောနေရာတွင် အခမဲ့ရယူခြင်း
2. Wiki Services ပေးသောနေရာတွင် နှစ်စဉ်ကြေး ပေးဆောင်၍ ရယူခြင်း
3. ကိုယ်ပိုင် Web Host ပေါ်တွင် ကိုယ်တိုင် Wiki Script တင်၍ ရယူခြင်း
4. Computer ပေါ်တွင် Local Server တည်ဆောက် ၍ Local Wiki ပြုလုပ်ခြင်း
5. USB ဖြင့် အသုံးပြုနိုင်သည့် Portable Wiki ပြု လုပ်ခြင်း
အမှတ်စဉ် ၁၊ ၂၊ ကတော့ Online အတွက် ဖြစ်ပါတယ်။ အောက်က အမှတ်စဉ် ၄ နဲ့ ကတော့ offline လို့ခေါ်တဲ့ Internet Connection မရှိရင်လဲ သုံးလို့ ရအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။
အလွယ်ဆုံးဖြစ်တဲ့ Wiki ကို အခမဲ့ဝန်ဆောင်မှု ပေးနေတဲ့ နေရာကနေ မှတ်ပုံတင်ပြုလုပ်ပြီး အသုံးပြု ကြည့်ရအောင်။
Wiki ကို အခမဲ့ဝန်ဆောင်မှုပေးတဲ့ နေရာပေါင်းများ စွာ ရှိပါတယ်။ အခမဲ့ Wiki ၀န်ဆောင်မှုပေးတဲ့ နေရာမှာ ကိုယ်ပိုင် Wiki ပြုလုပ်မယ်ဆိုရင်တော့ hosting တွေ Web Server တွေ ကိုယ်ပိုင် ရှိစရာ မလိုဘူး။ Data Base နဲ့ Wiki Install လုပ်ပုံလုပ်နည်း ကြုံတွေ့ရမယ့် အရာတွေကို အခမဲ့ Wiki ၀န်ဆောင်မှုသုံးရင် သိစရာမလိုဘူး။ မှတ်ပုံတင် ပြုလုပ်ပြီးတာနဲ့ ကိုယ်ပိုင် Wiki တစ်ခုကို သုံးနိုင်ပြီ။ အခမဲ့ Wiki ၀န်ဆောင်မှုသုံးရင် ကောင်တာလေးတွေက အလွယ် တကူ ပြုလုပ်နိုင်တယ်။ မြန်ဆန်တယ်။ အခမဲ့ရမယ်။ နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲတွေ မကြုံတော့ဘူး။ Free Wiki Services ပေးတဲ့နေရာမှာ အခမဲ့ လုပ်ယူရင် Upload လုပ်တာနဲ့ Install လုပ်တဲ့ အပိုင်းကို သိစရာ မလိုပါဘူး။ သူတို့ကြော်ငြာတွေ ပါဝင်နိုင်ပြီး Domain ဟာလည်း yourname.freewiki.com လိုမျိုး Sub Domain နဲ့ ဖြစ်နေ မယ်။ ကောင်းမွန်ပါတယ်ဆိုတဲ့ Wiki လုပ်ဆောင်ချက် အချို့ကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။
တကယ်လို့ ကိုယ်ပိုင် Wiki ရယူချင်တယ်ဆိုရင် အခမဲ့ Wiki အလွယ်တကူ ပြုလုပ်နိုင်တဲ့ အောက်မှာ ဖော်ပြထားတဲ့ နာမည်ကြီးဆိုက်တွေမှာ ရယူနိုင်ပါတယ်။
Wetpaint
http://www.wetpaint.com
Wiki Spaces
http://www.wikispaces.com
Wikia
http://www.wikia.com
ကိုယ်ပိုင် Host / Web Server ပေါ်မှာ Wiki ကို Upload လုပ်မယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် လုပ်နိုင် တယ်။ Media Wiki အသုံးပြုဖို့ Script ကို အခမဲ့ရယူနိုင် ပါတယ်။ Media Wiki လည်း အခြား CMS တွေလိုမျိုး Security Update တွေ ထုတ်ပေးနေတဲ့အတွက် လုံခြုံရေး အားနည်းချက်ပေါ်တာနဲ့ ဖာထေးနိုင်တယ်။ Media Wiki ကို အသုံးပြုပြီး စိတ်ကြိုက် Design ကိုယ်ပိုင် Domain နဲ့ ပြုလုပ်နိုင်ပါတယ်။ Media Wiki သုံးလို့ Wikipedia ဆိုဒ် အတိုင်း Design တွေ တူနေမှာ မပူပါနဲ့။ Design ဆိုဒ်တွေ၊ Group အစုအဖွဲ့တွေ၊ မိသားစုအကြောင်း၊ ကျောင်း အကြောင်း စုပေါင်းရေးသားထားတာ အများကြီး ရှိပါ တယ်။ ဘာတွေအတွက်ပဲဖြစ်ဖြစ် Wiki ကို သုံးနိုင်ပါတယ်။ ကိုယ့်ကုမ္ပဏီအလုပ်အကိုင် ကုန်ပစ္စည်းတစ်ခုခုအကြောင်း သတင်းတွေ နောက်ဆုံးသတင်းတွေ တင်နိုင်တယ်။
အင်တာနက်ပေါ်က ကိုယ်ပိုင် Wiki
ကိုယ်ပိုင် Wiki တစ်ခုကို ကိုယ်ပိုင် Server ပေါ်မှာ တင်မယ်ဆိုရင် လိုအပ်ချက်တွေအနေနဲ့ကတော့ -
1. Host နဲ့ Domain ရှိရပါမယ်။
2. Host ပေါ် Media Wiki ကို Upload လုပ်တဲ့ အပိုင်းနဲ့
3. Install လုပ်တဲ့ အပိုင်း
တွေကို နားလည်ထားဖို့ လိုမယ်။ အခြားသောHost နဲ့ Script ပိုင်းဆိုင်ရာ အခြေခံအချက်အလက်တွေ ကို သိထားသင့်ပါတယ်။
Offline Wiki
အင်တာနက်မရှိတဲ့ အိမ်သုံးကွန်ပျုတာမှာ Wiki ကို Offline အသုံးပြုနိုင်ဖို့အတွက် WikiMedia Script နဲ့ Apache, MySql, PHP တွေကို အသုံးပြုရပါမယ်။ အဲဒီ Services တွေ အကုန်ပါတဲ့ Wamp သို့မဟုတ် Xampp ဆိုတဲ့ အခမဲ့ရနိုင်တဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုပါမယ်။ WikiMedia Source ကို Wikimedia.org ကနေ အခမဲ့ Download လုပ်ယူနိုင်ပါတယ်။ wamp နဲ့ xampp ကို မေတ္တာလက်ဆောင် စီဒီထဲတွင် ထည့်ပေးထားပါတယ်။
Wiki ကို Portable အနေနဲ့ သုံးမယ်ဆိုရင် Wiki Portable နဲ့ သုံးနိုင်တဲ့နည်း နှစ်မျိုးရှိပါတယ်။
WOS Portable နဲ့ Uniform Server ဆိုတဲ့ Software တွေကို အသုံးပြုပြီး Wiki ကို သယ်ယူသွားနိုင်တဲ့ Memory Stick တွေ USB Drive တွေနဲ့ အသုံးပြုနိုင်ပါတယ်။ သုံးရ လွယ်တဲ့ WOS Portable ထည့်သွင်းပုံ ထည့်သွင်းနည်းကို ပြောပြပေးပါ့မယ်။ Wos Portable ကို chsoftware.net ကနေ ရယူနိုင်ပါတယ်။ WOS ကို ကြိုက်နှစ်သက်ရာနေရာ မှာ Install လုပ်လိုက်ရင် apache, mysql, php စတဲ့ Services ကို Run ပေးပါတယ်။ WOS အတွက် ပြင်ဆင် ထားတဲ့ Mediawiki ကို တပေါင်းတည်း ထည့်ပေးထားပါ တယ်။ ပုံမှန် Wiki တွေအတွက် ပြင်ဆင်ရတာလောက် တောင် အချိန် မကြာပါဘူး။ WOS အတွက် အဆင်သင့် ပြုပြင်ပြီးသား wiki အပြင် -
Drupal (Version 5.1)
Joomla (Version 1.0.12)
Knowledgeroot (Version 0.9.8.1)
Mambo (Version 4.6)
MediaWiki (Version 1.9.3)
Moodle (Version 1.7.1)
OS_Commerce (Version 2.2)
PHPMyAdmin (Version 2.10.0.2)
PunBB (Version 1.2.15)
TYPO3 (Version 4.1.1)
Wordpress (Version 2.1.2)
စတဲ့ CMS တွေ Forum Script တွေကိုပါ Portable အနေနဲ့ ရယူအသုံးပြုနိုင်ပါတယ်။ Setting တွေ ထပ်မံ ပြောင်းလဲစရာမလိုပဲ USB ကနေ ဘယ်စက်မှာမဆို အသုံး ပြုနိုင်ပါတယ်။
လူသားတိုင်းတွက် Wiki
Wiki မှာ အမည်တစ်ခုနဲ့ မှတ်ပုံတင်ထားရပါမယ်။ Online Registration ဖြစ်ပြီး မည်သည့် ၀န်ဆောင်ခမှ ပေးရန် မလိုပါ။ စတင်အသုံးပြုသူများအနေနဲ့ အစမ်း လေ့ကျင်နိုင်ရန် စာမျက်နှာရှိပါတယ်။ အဲဒီနေရာမှ ရေး သားတာ ပြုပြင်တာ စမ်းသပ်နိုင်ပါတယ်။ ဆောင်းပါး အသစ်တစ်ခုကို ရေးတော့မယ်ဆိုရင် ကိုးကားတွေ အရင် စုထားပြီး ယခင်ရေးပြီးသား ဆောင်းပါး ရှိမရှိ အရင်ရှာပါ။ ရေးပြီးသားရှိနေခဲ့ရင် ကိုးကားရည်ညွှန်းတွေနဲ့ ပိုမိုကောင်း မွန်အောင် ပြုပြင်နိုင်ပါတယ်။ မရှိခဲ့ရင်တော့ စာမျက်နှာသစ် အနေနဲ့ စတင်ရေးသားနိုင်ပါတယ်။
Wikimedia Foundation မူအတိုင်း ဘက်မလိုက် သော အမြင်ဖြင့်သာ ရေးသားဖော်ပြသင့်ကြောင်း wikimyanmar.co.cc တွင် တွေ့ရပါတယ်။ ဒါ့အပြင် အချို့ အကြောင်းအရာတွေအတွက် ခိုင်မာသော သက်သေ အထောက်အထား စာအုပ်စာတမ်းဖြင့် ရေးသားမှသာ သံသယရှိဖွယ် အချက်အလက်အဖြစ် သတ်မှတ်ကာ ပယ် ဖျက်ခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်းမှ ကင်းဝေးမှာ ဖြစ်ပါတယ်။ ဆောင်းပါးတွေပေါ်မှာ ကိုယ့်အမြင် အယူ အဆတွေ ထည့်သွင်းရေးသားတာမျိုး လုပ်တာဟာ Wiki ကနေ ရည်ညွှန်းကိုးကား ယူသုံးတဲ့သူတွေအတွက် အဆင် မပြေပဲ အချက်အလက်မှားတွေ စွဲမှတ်သွားနိုင်တဲ့အတွက် ကိုးကားချက်တွေ ရည်ညွှန်းချက်တွေကို ဆိုလိုရင်း မူလ အာဘော်အတိုင်း သီအိုရီအတိုင်း လိုအပ်ချက်များကိုသာ ဖြည့်စွက်ထည့်သွင်းပေးတာ အသင့်တော်ဆုံး ဖြစ်ပါ တယ်။ ဒီလိုမူတွေနဲ့အတူ Wiki ကို GNU FDL (Free Document License)နဲ့ အသုံးပြုထားတဲ့အတွက် မိမိ ရေးသားဖြည့်စွက်တဲ့ ဆောင်းပါးတိုင်း FDL လိုင်စင်နဲ့ အကျုံးဝင်တယ်ဆိုတာ သိထားရပါမယ်။ ၄င်းလိုင်စင်နဲ့ အကျုံးမ၀င်သော ဆောင်းပါးများ အား ကူးယူတင်ပြခြင်း မပြုလုပ်ရပါဘူး။
ဒါပေမယ့် Wiki ကို ရဲရဲသုံးပြီး ရဲရဲသာပြုပြင်ပါလို့ ဆိုထားပါတယ်။ ဘာကြောင့် လဲဆိုရင် ကိုယ်တင်လိုက်တဲ့ ဆောင်းပါးကို မည်သူမဆို စာလုံးပေါင်းမှအစ အချက် အလက်မှန်ကန်မှု လိုအပ်နေတဲ့ အချက်အလက်များ ထပ်မံထည့်သွင်းခြင်းများ စသဖြင့် ပိုမိုသင့်တော်အောင် ကောင်းမွန်အောင် ပြုပြင်ကြဦးမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အကယ်၍သာ ကိုယ့်ဆောင်းပါးက အခိုင် အမာ အထောက်အထားနဲ့ ရည်ညွန်းကိုးကားတွေ ပြည့်စုံ နေတယ်ဆိုရင်တော့ ပြုပြင်လိုသော အချက်အလက် ရှိပါ က ဆွေးနွေးရန်တွင် အချက်အလက်နဲ့တကွ တင်ပြထား ပါတယ်။ ဒီ့ထက်ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ကိုးကား ရှိရင် လာရောက်ဆွေးနွေးနိုင်ပါတယ်ဆိုပြီး ထပ်မံမပြုပြင်ဖို့ တောင်းဆိုထားနိုင်ပါတယ်။
အခမဲ့ လွပ်လပ်စွယ်စုံကျမ်းလို့ခေါ်တဲ့ ``လူသား တိုင်းအတွက် အသိပညာစွယ်စုံကျမ်း Wikipedia´´ မှာ သင်ကိုယ်တိုင်ပါဝင်မှ ပြည့်စုံမှာပါဆိုတဲ့ Wiki ရဲ့ logo လေး အတိုင်း ကျွန်တော်တို့ ကိုယ်တိုင် Wikipedia မှာ ကိုယ် သိထားတဲ့ Wiki ရဲ့ လိုအပ်ချက် ကွက်လပ်လေးတွေကို ၀င်ရောက်ဖြည့်စွက်ရေးသားပြီး လောကကို ကောင်းကျိုး ပြုကြပါစို့။

Ref: my.wikipedia.org
Wikimyanmar.co.cc
Wiki.mysteryzilion.org

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes