ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာများအနက် ထိပ်ဆုံးကျသော စူပါ ကွန်ပျူတာကို ထုတ်လုပ်နိုင်ပြီဟု တရုတ်နိုင်ငံမှ ကြေညာလိုက်ပါသည်။ Tianhe-1A (Milky Way) ဟု အမည်ပေးထားသော ကမ္ဘာ့အမြန်ဆုံး တရုတ် စူပါကွန်ပျူတာသည်
တစ်စက္ကန့်တွင် ထရီလီယံပေါင်း (၂၅၀၀) ကျော် တွက်ချက်နိုင်သည့်
စွမ်းရည်ရှိသည်ဟု ဆိုပါသည်။ ဤကဲ့သို့သော အမြန်နှုန်း ရရှိနိုင်ရန် Graphic
Processor အလုံးပေါင်း (၇၀၀၀) ကျော်နှင့် Intelchip (၁၄,၀၀၀) ကျော်
အသုံးပြုထားသည်ဟုလည်း ဆိုပါသည်။ ကမ္ဘာ့အကောင်းဆုံး စူပါကွန်ပျူတာ ၅၀၀ (Top
500 Supercomputer) စာရင်းကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်လေ့ရှိပြီး အဆိုပါ
စူပါကွန်ပျူတာ စာရင်း မထွက်မီ တရုတ်၏ Tian he-1A သတင်းထွက်ပေါ် လာခြင်း
ဖြစ်သည်။
အဆိုပါ
တရုတ်၏ 'Tianhe-1A' သည် တစ်စက္ကန့်တွင် (၁.၇၅) Petaflops တွက်ချက်နိုင် သော
အမေရိကန်စူပါကွန်ပျူတာ XT5 Jaguar ကို ကျော်တက်သွားကာ
ကမ္ဘာ့အမြန်ဆုံးသရဖူကို ရရှိခြင်းဖြစ်သည်။ (One petaflop သည် ထရီလီ ယံ
တစ်ထောင်နှင့်ညီမျှသည်) ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာစာရင်းပြုစု ရာတွင်
ပါဝင်သော အမေရိကန်နိုင်ငံ Tennessee တက္ကသိုလ်မှ ကွန်ပျူ တာ သိပံ္ပပညာရှင်
ပါမောက္ခ Jack Dongarra မှလည်း တရုတ်၏ ကြေညာ ချက်ကို ထောက်ခံလိုက်ပြီး၊
တရုတ်၏ စူပါကွန်ပျူတာသည် အမေရိကန်ထက် ၄၇%ကျော် ပိုမြန်ကြောင်း
ပြောကြားခဲ့သည်။
ref >>>http://www.knowledgebridge.net





0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။