လပြည့် နေက ကျွန်တော်ကျောင်းလေးမှာ ပြုလုပ်ခဲ့ တဲ့  အလှူမှတ်တမ်းလေးကို အမှတ်တ၇ဖော်ပြလိုက်ပါတယ်နော်။ဒီအလှူလေးနဲ့ ပါတ်သတ်ပီး ကျွန်တော် အရမ်းချစ်တ့ မေမေကို သတိရတယ်ဗျာ... အိမ်ကို သတိ၇ပါတယ်။ဘာလိုလဲ့ ဆိုတော့  ကျွန်တော်အိမ်က ထွက်လာတာ ၇ နှစ်တိုင်ခဲ့ ပြီလေ။ဆယ်တန်းအောင်ပီးတည်းက ကိုယ်လမ်းကိုယ်လျှောက် ဖောက်ခဲ့ ရတာပါ။အမေတွေ အမတွေညီမတွေနဲ့ နေရတဲ့  ကျွန်တော့်အဖို့ တယောက်တည်းနေရချိန်တွေမှာ အစစအရာရာအခက်ခဲဖြစ်စေခဲ့ပါတယ်။အိမ် ထမင်း အိမ်ဟင်းကို သတိ၇တယ်ဗျာ။ကျွန်တော်ပြန်ရင်တော့  အရင်ဆုံးမိဘကိုကျေးဇူးဆပ်တဲ့ အနေနဲ့  ကျွန်တော်ရဲ့ လက်ရာ (ကမ္ဘာကျော်စားဖိုမှူး...:P)နဲ့  မိဘတွေကို ချက်ကျွေးချင်နေမိတယ်။
အဲ့နေ့ က မနက်အစောကြီး ကြက်သားထကြော်တယ်။ပီးတော့ နီးစပ်တဲ့ သူငယ်ချင်းတွေကို ခွဲတမ်းနဲ့ ထမင်းတည်ခိုင်းတယ်..အမှန်ပြောရရင်ကျွန်တော် တရားတောင်မနာလိုက်ရဘူး..ညဘက်မှပဲ တရားခွေဖွင့်ပီးနာလိုက်ရတယ်။ထမင်းဆီဆမ်း နဲ ကြက်ကြော် ဟင်းချိုရည် အချဉ်လေးတွေနဲ့  ကျွန်တော်တို့ section ကတတ်နိုင်သလောက် ဒါနပြုတာပါ။
တရာနားကြတဲ့  စီနီယာနောင်တော်သူငယ်ချင်းများကလည်း ကျွန်တော်တို့ လက်ရာကောင်းတယ်ဆိုလို့  ပိတီဝေရပါတယ်ဗျာ။ကြက်ကြော်နဲ့  ဆီထမင်းမြင်ရတော့  အမေကိုသတိရမိတယ်ဗျာ။ကျွန်တော်က အိမ်မှာဆို အရမ်းကိုဂျီးများပါတယ် ထမင်းစားရင် ဆီဆမ်းပေးမှ ပြည်ကြီးငါးကို ရွံ့ တတ်တာ ကြက်ဟင်းခါးသီမကြိုက် ဟင်းနုနွယ်မကြိုက် စသည်ဖြင့်အစုံပဲပေါ့ဗျာ။့ငယ်ငယ်ကဆိုအမေလက်ရာကောင်းတဲ့ ဟင်းဆို ကျွန်တော်ကြိုက်ပီဆို အကုန်စားပစ်တတ်တယ်။ခုအမေ့လက်ရာ အကုန်စားချင်တာတောင်မရဘူးလေ..ကျွန်တော်ချစ်တဲ့ အမေနဲ့ ဝေးနေရတာကိုး........သတိ၇နေမိတယ်။ကျွန်တော် နောက်ပိုင်း အမေ့အကြောင်းရေးပါဦးမယ်ဗျာ....
ကျွန်တော့်တို့  ကျောင်းမှ ဘုရားခန်းလေး
သူငယ်ချင်းများနဲ့ ကျွန်တော်
လူ့ဘုံလူ့ဘဝ
လူ့ဌာနမှာ
သားလှရင်သွေး
ရွှေရင်အေးရစေဖို့
ရှိသမျှအားမာန်တင်း
မပျင်းတဲ့ဝီရိယတွေနဲ့
မောပန်းမရှိ
ဆုံးခန်းထိအောင်
လျှောက်နေသော်လဲ
စိတ်ထဲမှာတော့
သားအတွက်ပေါ့လို့..........
တစိမ့်စိမ့်ပီတိဖြာ
ယှဉ်ကြည့်စရာမရှိတဲ့
နှလုံးသားပိုင်ရှင်က.....
အမေပါလားကွယ်..............................။