Showing posts with label notes. Show all posts
Showing posts with label notes. Show all posts
ခေါင်းဆောင်များရဲ့ ခေါင်းဆောင်
                             ခေါင်းဆောင်တွေဘယ်ရောက်ကုန်သလဲ    သည်နေ့ကာလသည် ခေါင်းဆောင်များအတွက် အထူးသတိပေး ခေါင်းလောင်းသံထိုနေရသောအချိန်ဖြစ်သည်။ ကျနော်တို့ ပိုတော်လာကြပါသလာတစ်ဦးချင်းစီ၏ ခြုံငုံမြင်မှု (Perspective)သည် အရေးကြီး၏။ အရေးကြီးသော မေးခွန်း (၃) ခုရှိသည်။
● ယနေ့ကမ္ဘာကြီးတွင် ခေါင်းဆောင်မှုကို မည်သို့အဓိပ္ပါယ်ဖွင့်ကြပါသလဲ။
● ကော်ပိုရေရှင်းကြီးများ၊ နိုင်ငံရေးများတွင် ကျနော်တို့ဘယ်လိုတာဝန်ထမ်းဆောင်နေခဲ့ကြပါသလဲ။
● လက်တွေ့ကာလနှင့် ခေါင်းဆောင်မှုတို့ ပြောလာသည့်အတိုင်း ကိုက်ညီကြပါသလာ။
ဤပိုစ့်တွင် အတိတ်ကာလက ခေါင်းဆောင်ကြီးများနှင့် မျက်မှောက်ခေါင်းဆောင်ကြီးတို့၏ ပညာနှင့် အလုပ်တွေကိုတွေ့ရပါလိမ့်မည်။ခေါင်းဆောင်များ၏ လကခဏာနှင့်  အမူအကျင့်များ၊စရိုက်၊သရုပ်များကို အသေးစိတ်ဖော်ပြထားသည်။အဖွဲ့အစည်များတွင် အဆင့်တိုင်း၊အဆင့်တိုင်း၌ ထက်မြတ်သော ခေါင်းဆောင်များ ပိုင်ဆိုင်နိုင်ရေးအတွက် အရင်းအမြစ်များ၊အရင်းအနှီးများသုံးစွဲကာ ဖွံ့ဖြိုးတိုးတတ်ရေးကို ဆောင်ရွက်နေကြသည်။
      “အသွင်ပြောင်းခေါင်းဆောင်မှု” (Transformational Leadership)ကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အယူအဆမျိုးကို ယနေ့ဂရုများကပြောနေဆိုနေကြသည်။တချို့ကလည်း ကျနော်တို့အားလုံးသည် အဖွဲ့အစည်း၏နေရာအသီးသီး၌ ခေါင်းဆောင်များဖြစ်ကြသည်ဟု ပြောကြပြန်ပါသည်။ခေါင်းဆောင်မှု နယ်ပယ်၌ အတော်စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ဆွေးနွေးမှုများ ဖြစ်ကြပါသည်။ကျနော်တို့၏ ဂရုကြီးများက ခေါင်းဆောင်မှုဟူသည်အများ၏အာရုံကို သိမ်းသွင်းနိုင်သူ၊အများကိုစိတ်ဓာတ်လှုပ် ရှားစေနိုင်သူ၊ပုံသေအတွေးအခေါ်ရှိသူများကို ပြောင်းလဲပေးနိုင်သူများဖြစ်ပြီး မဖြစ်နိုင်သောရည်ရွယ်ချက်များကို  ရရှိအောင်ဆောင် ရွက်နိုင် သူ များဟု ထောက်ပြကြပါသည်။ခေါင်းဆောင်တွေက စိတ်လှုပ်ရှားစေသော အနာဂတ်အမြင်များကိုဖန်တီးကြသည်။ သို့သော်လည်း မျက်မှောက် လူမှုစီးပွားရေးနှင့် ဆန့်ကျင်ပြီး ခေါင်းဆောင်တွေလုပ်ဆောင်နေကြပါသလား။
                                          လွန်ခဲ့သော နှစ်အနည်းငယ်က ကမ္ဘာ့အသိအမှတ်ပြုအင်းအာကြီး Enron ကော်ပိုရေးရှင်းကြီး၏ ပြသနာများက ကော်ပိုရိတ်ခေါင်းဆောင်မှုနှင့်ပတ်သတ်၍ကမ္ဘာ့ခေါင်းစဉ်တစ်ခုအဖြစ် တွန်းတင်ခဲ့သည်။ Enron ကျဆုံးမှုသည် ထောင်းပေါင်းများစွာသော လုပ်သားထုကြီး၏ အသက်အိုးအိမ်ကိုပျက်စီး၊ဆုံးရှုံးစေခဲ့သည့်အပြင် ကမ္ဘာ့စီးပွားရေးစနစ်ကြီးကိုလည်း ကြီးစွာသော သက်ရောက်မှု တစ်ခုဖြစ်ပေါ်စေခဲ့ပါသည်။Enron ကျဆုံးမှုမတိုင်မီ သူ၏ကြီးကျယ်သော အောင်မြင်မှုများမှာ
* ကြီးမားကျယ်ပြန့်သော ကော်ပိုရိတ်လူ တန်း စာ ဖြစ်တည်စေခဲ့ခြင်း
• ပတ်ဝန်းကျင်ဆိုင်ရာ ဆုတံဆိပ် (၆)ခုရရှိခြင်း
• ခရစ်နှစ် (2000)အတွက် ကမ္ဘာ့နှစ်လိုဖွယ်အကောင်းဆုံဆု ရရှိခဲ့ခြင်း
• အမေရိကန်၏“တီထွင်ဖန်းတီမှုအကောင်းဆုံးကုမ္ပဏီ” ဆုကို(၆)နှစ်ဆက်တိုတ်ရခဲ့ခြင်း
• “အကောင်းဆုံးအလုပ်ခွင်”ဆုကို(၃)နှစ်ဆက် တိုတ်ရခဲ့ခြင်း
• Enron ၏ အခြေသုံးဖက်အစီရင်းခံစာမှာ စီးပွားရေးကိစ္စများတွင်သာမက လူမှုရေးနှင့် ပတ်ဝန်းကျင်းရေးရာများကိုပါ အထောက်အကူပြုခဲ့ခြင်း
နှစ်ထောင်စုသစ်အတွက် Enron ကုမ္ပဏီကြီးကို တက္ကသိုလ်များတွင် ကျောင်းများ ကုမ္ပဏီကြီးများက စံနာမူနာယူ ကိုးကားခဲ့ကြသည်။ စီးပွားရေးပုံစံသစ်ကိုဖော်ကျူးသော စံပြကုမ္ပဏီတစ်ခုအဖြစ် အများက အားကျခဲ့ကြရသည်။
စီးပွားရေးကမ္ဘာ့သစ်ကြီးအတွက် ပုံစံအသစ်၊ကျင့်ဝတ်အသစ်များဖြင့်တီထွင်လုပ်ကိုင်နေသော Enronဟု လူသိများလာပြီး စီးပွားရေးအကြောင်း ဟောပြောသူများ သင်ခန်းစာပို့ချသူများကပင် ကိုးကားခြင်းခံရသောလုပ်ငန်းအဖွဲ့အစည်းကြီးဖြစ်ခဲ့ပါသည်။        Enron သည်အက်ဆစ်ကုမ္ပဏီတစ်ခုအဖြစ်သာမက ထုတ်ကုန်ပစည်း၊ကုန်သွယ်ရေးအပြင် အခြားဈေးကွက်နှင့် ဆက်စပ်မှုများစွာကို လုပ်ကိုင်နိုင်ခဲ့သည်။ထို့သို့ခပ်ပြင်ပြင်လုပ်ကိုင်နိုင်ရန် Enron၏ ကုမ္ပဏီတွင်ကော်ပိုရိတ်ယဉ်ကျေးမှုကို နက်ရှိုင်းစွာတည်ဆောက်ယူခဲ့ သည်။ သာမန်ထက် စွမ်းဆောင်ရေးပိုသူတို့ကို ကောင်းစွာချီးမြှောက်ခဲ့သည် Enron ရှိအမှုထမ်း၊အရာထမ်းအားလုံး ပြိုင်ဆိုင်မှုစွမ်းရည်
များအပြည့်ရှိလာဝကသည်။တစ်ဦးခြင်းယှဉ်ပြိုင်ကြသလိုအဖွဲ့ခြင်းလည်းယှဉ်ပြိုင်ကြ၏။
နေဇင်လတ်(နိုင်ငံတော်သမ္မတအကြံပေး)၏ ခေါင်းဆောင်များရဲ့ခေါင်းဆောင် စာအုပ်မှကူးယူဖော်ပြသည်။
source>>>ကိုဖြိုး
အာဇာနည်နေ့ 
ကဲဗျာ...ဒီနေ့ ကတော့ မြန်မာလူမျိုးများ မမေ့အပ်တဲ့ နေ့ တနေ့ ပါပဲဗျာ။ဒီနေ့ ကတော့...
အာဇာနည်နေ့  ဇူလိုင် (၁၉) ရက်နေ့  ဖြစ်ပါတယ်-
ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် အလေးပြုကြပါစို့ ။
ဗိုလ်ချူပ်ရဲ့ မိန့် ခွန်းတစ်ချို့ 
သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည်ကိစ္စတွေနဲ့
ဟိုပြေး သည်လွှားနဲ့ အင်မတန် ခေါင်းကြိမ်းတယ်။
ကျုပ်အဖို့ တိုင်းပြည် ခေါင်းဆောင်လုပ်ရတာ ခင်ဗျားတို့က သိပ်ပြီး စည်းစိမ်ရှိတယ်ထင်တယ်။
ကျုပ်အဖို့ ကျားအမြီးဆွဲမိလို့သာ ဆက်လုပ်နေရတယ်။
သို့သော် လွတ်လပ်ရေးရတဲ့အထိ ဆက်လုပ်ပြီး လွတ်လပ်ရေးရပြီးနောက် အနားယူရမလား မပြောတတ်သေးဘူး..
၁၉၄၇ခု ဖေဖေါ်ဝါရီလ ၂၅ ရက်တွင် ကျင်းပသော တောင်သူလယ်သမား ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှ
'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူးဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်။
(ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူများသို့ နောက်ဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းမှ
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန် မြို့တော်ခမ်းမ လူထု စည်းဝေးပွဲ )
စာမေးပွဲတော့  ပြီးသွားပါပီ...ဘာလုပ်မလဲ?
               ဒီနေ့ ကျွန်တော်တို့ MIETမှ ကျွန်တော်တို့  ပထမနှစ်မာစတာကျောင်းသားများ ပထမနှစ်စာမေးပွဲကို အဆုံးသတ်ဖြေဆိုပြီးတဲ့ နေတနေ့ ဖြစ်ပါတယ်။
               ကျွန်တော်အားသွားပြီ ဖြစ်တဲ့  လူနည်းစုကျွန်တော် သူငယ်ချင်းများသာအားပေးနေသော ကျွန်တော့် ဘလော့လေးကို ဆက်ရေးပါမယ်။ရေးတယ်ဆိုပေမဲ့  အမှန်အတိုင်းပြောရမယ်ဆို အနည်းငယ်လောက်ပျင်းတတ်တဲ့  ကျွန်တော်အဖို့  တပါတ်ကို post သုံးလေးခု လောက်တင်ဖို့ ဆိုတာ ကြိုးစားရမှာပါ တခြားလေ့လာစ၇ာတွေ လုပ်စရာတွေကလဲ ရှိသေးတာကိုးး....:)
               ဒီဘလော့လေး ကို စရေးတည်းက ကျွန်တော်မှာ ရေးပုံရေးနည်း ဘယ်လိုလုပ်ပုံလုပ်နည်း ပြောပြသင်ပြပေးမဲ့  သူတွေမရှိပါဘူး။ကိုယ်တိုင်ပဲ စာဖတ်ပြီးလုပ်လာခဲ့ တာပါ။အရမ်းကိုစိတ်အားထက်သန်တဲ့  ကျွန်တော်အနေနဲ့  ပင်ပန်းတာတွေကို မမြင်ခဲ့ ပါဘူး။ကိုယ်တိုင် သိတော့  ခုသူငယ်ချင်းတွေ ကရေးချင်တယ်ဆိုတော့  ပြောပြတဲ့ နေ၇ာမှာ ကိုယ်ကပိုပြီးသိသွားသလို ပြန်ပြီးလည်းမှတ်မိစေပါတယ်။ဘယ်အရာမဆို သိသင့်သိထိုက်ပါတယ် ။ဘလော့ဆိုတာ ကျွန်တော်အမြင် သေးငယ်တယ်လို့ ထင်ရပေမဲ့  အတိုင်းအတာတခုအထိတော့  မလွယ်ပါဘူး။
                ဒီဘလော့ကို ရေးတာ ၁၂ရက် ၃လပိုင်း၂၀၁၁မှာစဖြစ်တာပါ။မကြာသေးပါဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ အရမ်းကိုလည်း အတွေ့ အကြုံနည်းပါးသလို ဗဟုသုတပိုင်းမှာလည်း အားနည်းပါတယ် ဒါပေမဲ့  ကျွန်တော်သိတတ်ဟာလေးတွေကို လာလည်တဲ့ မိတ်ဆွေသူငယ်ချင်းများ သိအောင် ဖော်ပြချင်တဲ့ အပိုင်းလေးတွေကော ကျွန်တော်ရဲ့  ဘ၀အမှတ်တရလေးများဖော်ပြပေးထားတာပါ။နောက်ပိုင်းလည်းဆက်လက်ကြိုးစားသွားမှာပါ။လာလည်တဲ့  မိတ်ဆွေများကိုလည်း အမြဲတမ်းကြိုဆိုနေပါတယ်.လာလည်တဲ့ အတွက်လည်း အထူးပင်ကျေးဇူးတင်မိပါကြောင်းပြောချင်ပါတယ်။ဒီနေ့ တော့ အရမ်းပင်ပန်းတဲ့ အတွက့်  ရေးတော့ မယ်ဆိုတာလေးပဲပြောနိုင်ပါတော့တယ်......:P
အားလုံးပဲပျော်ရွင်ပါစေ
A Promise To My Love
I believe that none could love you
quite as deeply as I do;
And yet I often fail to show
the depth of it to you.
I vow to do the little things,
to show you every day;
But one thing or another
seems to get into the way.
I pledge to be more open,
to have courage and be strong;
But some how fear takes over
and then everything goes wrong.
I dream of perfect love for us,
and hope that it will be;
And yet I end up giving you
a less than perfect me.
I want to be much more for you,
be everything you need.
I hope and seek, beg and pray
"Change me Lord! ", I plead.
You are the only one I want.
It is for you I yearn.
I guess, my love, there's still so much
that I have yet to learn.
I cannot give perfection,
but this I promise I will do -
I will spend my life time learning
how to give my love to you.
by Karin Schaefer
When I Fall In Love
When I fall in love,
I want to be
with her
always;
In happiness,
to smile with her,
and be the one
to hug her near.
In sadness,
to cry with her,
and be the one
to dry her tears.
When I fall in love,
I will spend my
every waking
and sleeping
moments
with her
and catch each
moment in its
eternally
lovely
form.
When I fall in love,
I will miss her
the very moment
I say 'goodbye'
and my heart
will yearn for
the very moment
I say �hello'.
When I fall in love,
all my old hurts
and pains
will seem
lost and
faded
away
and I will be
strong and
brave
once
again.
When I fall in love,
I want you
to be happy
always, ever
and feel like
the happiest
person
of them
all . . .
Because that's
what I will feel,
when I fall in love,
with you
by Melvin Lee
အော်..........ဖြစ်မှဖြစ်ရလေ...
"ဆရာ လာပြီ"
ဘယ်သူပြောလိုက်မှန်းမသိပေမယ့် ကျောင်းသားတွေအကုန်လုံးကိုယ့်ထု
ိင်ခုံကိုယ် ပြန်ပြီး ငြိမ်ငြိမ်လေးထိုင်နေကြတယ်။ ဆရာဦးလှသောင်းအချိန်ဆို အတန်းထဲမှာ လူအပြည့်နီးပါးပဲ။ အတန်းမလစ်ကြဘူး။ ဆရာက အသင်အပြလဲကောင်းပြီး စည်းကမ်းလဲကြီးတယ်။ ကျောင်းသားတွေ စာကိုစိတ်ဝင်စားအောင်လဲ သေသေချာချာ ရှင်းပြပြီး ရယ်စရာလေးတွေပါ ထည့်ထည့်ပြောတတ်သေးတယ်။ဆရာ စာသင်ပြီဆိုရင် ရယ်စရာတစ်ခုခုတော့ပြောတော့မှာပဲဆိုတာ ကျောင်းသားတွေသိနေကြတယ်လေ။ အဲဒါကြောင့် ဆရာ စာသင်ပြီဆို ငြိမ်ငြိမ်လေးနားထောင်ကြတယ်။
"ကဲ ဆရာဒီနေ့ ဂျပန်စကားရဲ့ မွေးစားစကားလုံးတွေအကြောင်းကိုပြောပြမယ်"
ဆရာက အဲလိုအစချီပြီး သင်ခန်းစာ စတင်လိုက်တယ်။
"ဂျပန်စကားမှာ နိုင်ငံခြား ဘာသာစကားကနေ မွေးစားထားတဲ့ စကားလုံးတွေရှိတယ် ဥပမာ (juice) ဆိုရင် ဂျပန်လို juusu လို့ပြောတယ် သူတို့က ပြောလဲပြောချင်သေးတယ် ဂျပန်အသံထွက်လဲမဖျောက်နိုင်ဘူး အဲဒီတော့ juice က juusu (ဂျူးစု)ဖြစ်သွားတာပေါ့ နောက်တစ်မျိုးက taxi ပဲ ထားလိုက်ပါတော့ taxi ဆိုရင် ဂျပန်တွေက takushi (တခုရှီ) လို့ပြောတယ် ဂျပန်စာမှာ စ သံမရှိတော့ taxi ကနေ takushi ဖြစ်သွားတာပေါ့"
ဆရာက လေယူလေသိမ်းမှန်မှန်နဲ့ ဂျပန် စကားလုံးတွေကို ရွတ်ပြပြီး သေချာရှင်းပြတယ်
"ဟင် အဲဒီစကားလုံးတွေသာ များများပြောရရင် အင်္ဂလိပ်အသံထွက်တော့ ပျက်စီးပါပြီ"
ကျောင်းသားတစ်ယောက်က စိတ်ပျက်တဲ့လေသံနဲ့ ထပြောတယ်။
"ဟုတ်တယ် ဒါပေမယ့် အသံထွက်ကိုတော့မှန်အောင်တော့ရွတ်ရမယ်လေ"ဆရာက ပြုံးပြုံး ပြုံးပြုံးနဲ့ ဆက်ပြီးရှင်းပြတယ်
"နောက်တစ်ခုရှိသေးတယ် toilet ပေါ့ toilet ကို toiretto လို့ခေါ်တယ် အတိုကောက်အနေနဲ့ toire (တိုအိရဲ့) လို့လဲ ခေါ်တယ် ဟိုအရင်ကတော့ အိမ်သာကို benjo (ဘန်းဂျော့) လို့ခေါ်တယ် ခုမှ ဘိုသံပေါက်ပြီး တိုအိရဲ့လို့ခေါ်တာ"
ဆရာ ရှင်းပြနေတာကို ကျောင်းသားတွေကလဲ စိတ်ဝင်တစားနားထောင်နေကြတယ်
"ဆရာ မင်းတို့ကို ဘန်းဂျော့အကြောင်းပြောပြမယ်"
ဆရာ အဲလိုပြောလိုက်တာနဲ့ ရယ်စရာပြောတော့မယ်ဆိုတာကျောင်းသားတွေသိနေကြပြီ
အားလုံးဆရာပြောမှာကို စိတ်ဝင်တစားနားစွင့်နေကြတာပေါ့ .......
* * * * *
မြန်မာနိုင်ငံမှာ ဂျပန်တွေ အုပ်စိုးနေတဲ့ အချိန်လောက်ကပေါ့ ရွာ တစ်ရွာလို့ပဲထားလိုက်ပါတော့ အဲရွာကို ဂျပန်ခေါင်းဆောင် မာစတာကြီးတို့အဖွဲ့ ကော့တော့ကော့တော့နဲ့ ချီတက်လာကြရော။ရွာက ဂျပန်အလိုတော်ရိကြီးကလဲ ပျာပျာသလဲ ကြိုဆိုတယ်လေ။ ဖြစ်ချင်တော့ မာစတာကြီးက အလေးသွားချင်တယ်တဲ့ သူကလဲ ကျွေးသမျှ နင်းကန်ပြီး စားခဲ့ မှာကိုး။ ဖြစ်တာတောင်နဲသေး....။ ဗိုက်ကြီး နှိပ်ပြီး မရှူနိုင်မကယ်နိုင်မျက်နှာ ကြီးနဲ့
"ဘန်းဂျော့ ဘန်းဂျော့ (အိမ်သာဘယ်မှာလဲ အိမ်သာ)"မေးတာပေါ့။ အလိုတော်ရိကြီးလဲ ဗိုက်ကြီးလဲနှိပ်နေသေးတယ် ဘန်းဂျော့ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး...။ဒါပေမယ့် သူချက်ချင်းပဲ သဘောပေါက်သွားတယ်
"ဟိုက် မာစတာ ဟိုက်" အလိုတော်ရိကြီးက ပြောပြီးတာနဲ့ ဘယ်ကိုမှန်းတော့ မသိဘူး သုတ်ခနဲ ပြေးသွားရှာတယ်။ တအောင့်ကြာတော့ မောကြီးပန်းကြီးနဲ့ ပြန်လာတယ် လက်ထဲမှာ လဲ မာစတာကြီးအတွက်ဆိုပြီး ဘင်ဂျိုလေးကိုင်လို့......
"မာစတာ ဘင်ဂျို ဘင်ဂျို" မာစတာကြီးလိုတာဖြစ်စေရမယ်ဆိုတဲ့ ပုံစံလေးနဲ့ ဘင်ဂျိုလေး ကမ်းပေးလိုက်တာပေါ့...။ မာစတာကြီးလဲ ဗိုက်နာနေရတဲ့ အထဲ ငါ့ ဘာကြီးလာပေးနေလဲ ဆိုပြီး စိတ်ပေါက်ပေါက်နဲ့ ဂျပန်ပါးရိုက်နည်းလေးနဲ့ ရိုက်ပြီး ဆုချလိုက်ပါလေရော.....
* * * * *
"ဟား ..ဟား... ဟားးးးးး"
တခန်းလုံး ရယ်သံတွေ နဲ့ ဖုံးလွှမ်း သွားတယ်။
အော် လွဲချက် လွဲချက်...........
မှားတာရှိရင် သည်းခံပေးကြပါနော်
YUFL မှ သူငယ်ချင်းများနဲ့ ဆရာများအားအမှတ်တရ.....
                    ရေးသားသူ ---ယု(YUFL)
အမှတ်တရ ရင်ထဲကအမှတ်တရ
ီဟာလေးကကျွန်တော်မိတ်ဆွေညီမလေးရဲ့ လက်ရာလေးပါ။အားလုံးပဲ ကျွန်တော့်ညီမလေးကိုလည်းအားပေးကြပါဥိးဗျာ...
သူတို့အဖွဲ့ က အခန်းထဲမှာ ကုပ်ကမြင်းအဖွဲ့။သူတို့ကိုယ်တို
င်နာမည်ပေးထားတာ၊ ဆရာတွေကတော့ သူတို့ဆိုးမှန်းမသိကြဘူး၊ ဘယ်သိမလဲ ဆရာတွေရှေ့မှာတော့ စာကလွဲပြီး ကျောင်းပြေးဖို့တောင်မသိကြတဲ့ ကလေးတွေလေ ဟီးးးးးးးး၊ သူတို့က ကံကောင်းတာလဲပါတယ် သူတို့ကျောင်းပြေးတဲ့နေ့ဆို ဆရာတွေက မစစ်ကြဘူး၊ ပါချုပ်ကိုယ်တိုင် round လှည့်တဲ့နေ့ဆို သူတို့က စာသင်ခန်းထဲမှာ အချိန်ပြည့်ရှိနေတာပေါ့ ၊ အဲဒါကြောင့် သူတို့ ဆိုးမှန်း ဆရာတွေမသိကြဘူး။ ကျောင်းသားအချင်းချင်းတော့ သိရင်သိမှာပေါ့နော်....
သူတို့တက်နေတဲ့ တက္ကသိုလ်က (အပိုပြောတာ မဟုတ်ပါဘူး) ဂိတ်ပေါက် ၂ ပေါက်ပဲ ရှိတဲ့ကျောင်းပါ၊ တခြားကျောင်းတွေလို ခွေးတိုးပေါက်တို့ နွားတိုးပေါက်တို့လဲ မရှိဘူး၊ လူရော ကားရော ၀င်တဲ့ ဂိတ်ပေါက်ရယ် ကားထွက်တဲ့ အပေါက်ရယ် ၂ပေါက်ပဲရှိတာ၊ ကျောင်းကနေ ပြန်ချင်တဲ့ အချိန်လဲ ပြန်လို့မရဘူး ကျောင်းထဲကို ၀င်လိုက်ပြီဆိုတာ နဲ့ ညနေကျောင်းဆင်းချိန်မရောက်မချင်း ထွေထွေထူးထူးကိစ္စမရှိဘဲ အပြင်ထွက်လို့မရဘူး၊ ပြန်ချင်တယ်ဆိုရင် ဌာနမှူး ဆီကနေ လက်မှတ်သွားတောင်းပြီးမှ ပြန်လို့ရတာ (မယုံမရှိနဲ့နော် အဲလိုတက္ကသိုလ်တကယ်ရှိတာ)အဲဒါကလဲ ကျောင်းသားတွေကို စည်းကမ်းရှိပြီး လိမ္မာစေချင်လို့ပါ၊ အဲလိုတင်းကျပ်တဲ့ကျောင်းမှာတောင် သူတို့က ရအောင်ကို အပြင်ထွက်တာနော် နည်းလမ်းအမျိုးမျိုးသုံးပြီးတော့ပေါ့ သူတိုေ့ပြာတာတော့ အဲလို အပြင်ပေးမထွက်လို့ကို ရအောင်ထွက်တာတဲ့ ပြောတာပဲ (စည်းကမ်းသာမတင်းကျပ်ရင် ကျောင်းထဲမှာ ရှိတော့မှာကို မဟုတ်ဘူး)သူတို့က ၆ယောက်ဆိုတော့ ၂ယောက်တစ်တွဲ ဆီ အပြင်ကို ခွဲထွက်ကြတာ ပြီးမှ ကျောင်းပြင်မှာ ဆုံပြီး သွားကြလာကြတာပေါ
့ အဲ တစ်ခါသားပေါ့ ထုံးစံအတိုင်း အတန်းမတက်ချင်ဘူး အပြင်သွားကြဖို့ ကြံစည်ကြပါလေရော ဌာနမှူးဆီကလဲ ကလိမ်စေ့ငြမ်းဆင်ပြီး လက်မှတ်တွေခဏခဏသွားတောင်းထားတော့ ဒီတစ်ခေါက်ကို မတောင်းရဲကြဘူး၊ အကြံအိုက်နေပြီ၊ နောက်ဆုံးတော့ ခေါင်းချင်းဆိုင်တိုင်ပင်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြတယ် ဒီအတိုင်း ခပ်တည်တည်နဲ့ ဂိတ်ပေါက်နေဖြတ်သွားကြမယ်ပေါ့ ဟိုတစ်နေ့က ကျောင်းသူတစ်ယောက် လက်မှတ်မပါဘဲခပ်တည်တည်နဲ့ထွက်သွားတာ ကို တွေ့ထားတယ်လေ၊
မိုးလေး ။ ။ ကဲ စုလေးနဲ့ ကလျာနဲံ အရင်ထွက်ဟာ နော် နင်တို့က လူကောင်သေးတော့ နင်တို့ ဖြတ်သွားတာ သိလိုက်မှာမဟုတ်ဘူးဟ
သူတို့အဖွဲ့ထဲက အကြောက်တတ်ဆုံး အအေးဆုံး၂ယောက်ကို တာဝန်စပေးလိုက်တယ်
ကလျာ ။ ။ ဟာ ဖြစ်ပါ့မလား ငါကြောက်တယ်
သူသူ ။ ။ သွားပါဟာ နင်တို့အရင်ထွက်လိုက် နင်တို့အဆင်ပြေရင် ငါတို့လိုက်ထွက်မယ် နင်တို့အပြင်ရောက်ရင်စောင်နေ့နော် ငါတို့ လက်မှတ်တောင်းဖို့ အကြံအဖန်လုပ်လိုက်ဦးမယ် သိလား
စုလေး ။ ။ ကဲကဲ ပြောနေကြာတယ်ဟာ သွားမယ် ကလျာ လာ....
စုလေးနဲ့ ကလျာနဲ့ ထွက်သွားကြတာကို ကျန်တဲ့လေးယောက်က အခြေအနေစောင့်ကြည့်နေကြတယ် သူတို့ ၂ယောက်လဲ ဒီလို တစ်ခါမှမလုပ်ဖူးသေးတော့ ရင်တထိတ်ထိတ်နဲ့ သွားကြတာပေါ့
အဲဒီနေ့က ဂိတ်ပေါက်မှာ ဂျူတီကျတာ လက်ထောက်မော်ကွန်းထိန်း ဂိတ်ပေါ့က်ရှေ့ကို ဖြတ်တဲ့အချိန်မှာ ပဲ
လက်ထောက်မော်ကွန်းထိန်း။ ။ ကျောင်းသူ၂ ယောက် ဘယ်လဲ ဌာနမှူးလက်မှတ်ရော
ဟာ သွားပြီ ဘယ်လိုဖြေရမလဲ ကလျာ ခြေဖျားလက်ဖျားတွေအေးစက်လာပြီ ကြောက်ကြောက်နဲံ အဲဒီဆရာမကိုကြောင်ပြီးကြည့်နေမိတယ် စုလေးက အခြေအနေကိုကြည့်ပြီး
စုလေး ။ ။ လာ လာ ကလျာ ပြေးမယ်
၂ယောက်သား ပြေးကြတာ တန်းနေတာပဲ
လက်ထောက်မော်ကွန်းထိန်း။ ။ ဟေ့ ကောင်မလေးတွေမပြေးနဲ့လေ
မော်ကွန်းထိန်း က မထင်မှတ်ထားတာ ဖြစ်သွားတော့ ပြာယီးပြာယာနဲ့ ထပြီး လိုက်ပြီ
ကလျာ။ ။ ဟဲ့ ဟိုမှာ လိုက်လာပြီ
စုလေး ။ ။ဟာ ဘယ်လိုကြီးလဲ ဟ တခြားဆရာမတွေဆိုလိုက်မှာမဟုတ်ဘူး ဒီဆရာမကြီးကတော့ လိုက်တယ်ဟ ငါတို့ဘယ်လိုလုပ်ကြမလဲ
၂ယောက်သား ခြင်းတွေ လွယ်အိတ်တွေ ကိုးယို့ကားယား နဲ့ ပြေးရင်း အကြံထုတ်နေကြတယ် နောက်ကလဲ မော်ကွန်းထိန်းကြီးက ဒီကလေးမတွေ ငါ့နဲ့တွေ့ဦးမယ် ဆိုတဲ့ ပုံစံနဲ့ မမိမိအောင်ဖမ်းမယ့်ပုံကြီး
ကလျာ ။ ။ ဟာ လမ်းမကြီးမှာဟာ.....ကားတွေလဲ အများကြီး.... ငါတို့ကို ကြည့်ကုန်ပြီ ရှက်စရာကြီး....ငါ မပြေးတော့ဘူး
စုလေး ။ ။နင်ကလဲ ကျောင်းအပြင်တောင်ရောက်နေပြီကို လာပါဟ
ကလျာ ။ ။ ဟဲ့ ဟိုနောက်ကိုလဲ ကြည့်ဦး။ ငါတို့ကို လှည်းတန်းရောက်တဲ့ထိလိုက်မဲ့ပုံကြီးဟဲ့ ပြန်လှည့်မှာ မဟုတ်ဘူးမပြေးတော့ဘူးဟာ နော်
၂ယောက်သား ဟောဟဲ လိုက်ပြီး အဲဒီနားလေးမှာပဲ ရပ်နေလိုက်တော့တယ် မော်ကွန်းထိန်းကြီးကတော့ ပါးစပ်က ပွစိပွစိနဲ့၊ နင်တို့ငါ့လက်ထဲကပြေးမလွတ်ပါဘူးဆိုတဲ့ ပုံစံကြီးနဲ့ သူတို့၂ယောက်ကို လက်တစ်ယောက်တစ်ဖက်ဆွဲပြီး ကျောင်းထဲကို ပြန်ခေါ်လာတာပေါ့ အခြေအနေကြည့်နေတဲ့ ၄ယောက်ကလဲ မဟန်မှန်းလည်းသိရော အပြင်ထွက်ဖို့အစီအစဉ်ကို ဖျက်ပြီး အခန်းထဲကိုပဲ ကုပ်ချောင်းကုပ်ချောင်းနဲ့ ပြန်ဝင်သွားကြတယ်လေ
ကံကလဲ မကောင်းချင်တော့ ဌာနမှူးကြီးကလဲ အခန်းထဲဝင်လာပြီး ရှူးရှူးရှဲရှဲ နဲ့ ဆူပါလေရော သူတို့ ကတော့ အေးဆေးပဲ သူတို့ မလုပ်ခဲ့တဲ့ စတိုင်လေးတွေနဲ့ .....
                               ရေးသားသူ ယု(YUFL)
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes