● ယနေ့ကမ္ဘာကြီးတွင် ခေါင်းဆောင်မှုကို မည်သို့အဓိပ္ပါယ်ဖွင့်ကြပါသလဲ။
● ကော်ပိုရေရှင်းကြီးများ၊ နိုင်ငံရေးများတွင် ကျနော်တို့ဘယ်လိုတာဝန်ထမ်းဆောင်နေခဲ့ကြပါသလဲ။
● လက်တွေ့ကာလနှင့် ခေါင်းဆောင်မှုတို့ ပြောလာသည့်အတိုင်း ကိုက်ညီကြပါသလာ။
ဤပိုစ့်တွင် အတိတ်ကာလက ခေါင်းဆောင်ကြီးများနှင့် မျက်မှောက်ခေါင်းဆောင်ကြီးတို့၏ ပညာနှင့် အလုပ်တွေကိုတွေ့ရပါလိမ့်မည်။ခေါင်းဆောင်များ၏ လကခဏာနှင့် အမူအကျင့်များ၊စရိုက်၊သရုပ်များကို အသေးစိတ်ဖော်ပြထားသည်။အဖွဲ့အစည်များတွင် အဆင့်တိုင်း၊အဆင့်တိုင်း၌ ထက်မြတ်သော ခေါင်းဆောင်များ ပိုင်ဆိုင်နိုင်ရေးအတွက် အရင်းအမြစ်များ၊အရင်းအနှီးများသုံးစွဲကာ ဖွံ့ဖြိုးတိုးတတ်ရေးကို ဆောင်ရွက်နေကြသည်။
“အသွင်ပြောင်းခေါင်းဆောင်မှု” (Transformational Leadership)ကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အယူအဆမျိုးကို ယနေ့ဂရုများကပြောနေဆိုနေကြသည်။တချို့ကလည်း ကျနော်တို့အားလုံးသည် အဖွဲ့အစည်း၏နေရာအသီးသီး၌ ခေါင်းဆောင်များဖြစ်ကြသည်ဟု ပြောကြပြန်ပါသည်။ခေါင်းဆောင်မှု နယ်ပယ်၌ အတော်စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ဆွေးနွေးမှုများ ဖြစ်ကြပါသည်။ကျနော်တို့၏ ဂရုကြီးများက ခေါင်းဆောင်မှုဟူသည်အများ၏အာရုံကို သိမ်းသွင်းနိုင်သူ၊အများကိုစိတ်ဓာတ်လှုပ် ရှားစေနိုင်သူ၊ပုံသေအတွေးအခေါ်ရှိသူများကို ပြောင်းလဲပေးနိုင်သူများဖြစ်ပြီး မဖြစ်နိုင်သောရည်ရွယ်ချက်များကို ရရှိအောင်ဆောင် ရွက်နိုင် သူ များဟု ထောက်ပြကြပါသည်။ခေါင်းဆောင်တွေက စိတ်လှုပ်ရှားစေသော အနာဂတ်အမြင်များကိုဖန်တီးကြသည်။ သို့သော်လည်း မျက်မှောက် လူမှုစီးပွားရေးနှင့် ဆန့်ကျင်ပြီး ခေါင်းဆောင်တွေလုပ်ဆောင်နေကြပါသလား။
လွန်ခဲ့သော နှစ်အနည်းငယ်က ကမ္ဘာ့အသိအမှတ်ပြုအင်းအာကြီး Enron ကော်ပိုရေးရှင်းကြီး၏ ပြသနာများက ကော်ပိုရိတ်ခေါင်းဆောင်မှုနှင့်ပတ်သတ်၍ကမ္ဘာ့ခေါင်းစဉ်တစ်ခုအဖြစ် တွန်းတင်ခဲ့သည်။ Enron ကျဆုံးမှုသည် ထောင်းပေါင်းများစွာသော လုပ်သားထုကြီး၏ အသက်အိုးအိမ်ကိုပျက်စီး၊ဆုံးရှုံးစေခဲ့သည့်အပြင် ကမ္ဘာ့စီးပွားရေးစနစ်ကြီးကိုလည်း ကြီးစွာသော သက်ရောက်မှု တစ်ခုဖြစ်ပေါ်စေခဲ့ပါသည်။Enron ကျဆုံးမှုမတိုင်မီ သူ၏ကြီးကျယ်သော အောင်မြင်မှုများမှာ
* ကြီးမားကျယ်ပြန့်သော ကော်ပိုရိတ်လူ တန်း စာ ဖြစ်တည်စေခဲ့ခြင်း
• ပတ်ဝန်းကျင်ဆိုင်ရာ ဆုတံဆိပ် (၆)ခုရရှိခြင်း
• ခရစ်နှစ် (2000)အတွက် ကမ္ဘာ့နှစ်လိုဖွယ်အကောင်းဆုံဆု ရရှိခဲ့ခြင်း
• အမေရိကန်၏“တီထွင်ဖန်းတီမှုအကောင်းဆုံးကုမ္ပဏီ” ဆုကို(၆)နှစ်ဆက်တိုတ်ရခဲ့ခြင်း
• “အကောင်းဆုံးအလုပ်ခွင်”ဆုကို(၃)နှစ်ဆက် တိုတ်ရခဲ့ခြင်း
• Enron ၏ အခြေသုံးဖက်အစီရင်းခံစာမှာ စီးပွားရေးကိစ္စများတွင်သာမက လူမှုရေးနှင့် ပတ်ဝန်းကျင်းရေးရာများကိုပါ အထောက်အကူပြုခဲ့ခြင်း
နှစ်ထောင်စုသစ်အတွက် Enron ကုမ္ပဏီကြီးကို တက္ကသိုလ်များတွင် ကျောင်းများ ကုမ္ပဏီကြီးများက စံနာမူနာယူ ကိုးကားခဲ့ကြသည်။ စီးပွားရေးပုံစံသစ်ကိုဖော်ကျူးသော စံပြကုမ္ပဏီတစ်ခုအဖြစ် အများက အားကျခဲ့ကြရသည်။
စီးပွားရေးကမ္ဘာ့သစ်ကြီးအတွက် ပုံစံအသစ်၊ကျင့်ဝတ်အသစ်များဖြင့်တီထွင်လုပ်ကိုင်နေသော Enronဟု လူသိများလာပြီး စီးပွားရေးအကြောင်း ဟောပြောသူများ သင်ခန်းစာပို့ချသူများကပင် ကိုးကားခြင်းခံရသောလုပ်ငန်းအဖွဲ့အစည်းကြီးဖြစ်ခဲ့ပါသည်။ Enron သည်အက်ဆစ်ကုမ္ပဏီတစ်ခုအဖြစ်သာမက ထုတ်ကုန်ပစည်း၊ကုန်သွယ်ရေးအပြင် အခြားဈေးကွက်နှင့် ဆက်စပ်မှုများစွာကို လုပ်ကိုင်နိုင်ခဲ့သည်။ထို့သို့ခပ်ပြင်ပြင်လုပ်ကိုင်နိုင်ရန် Enron၏ ကုမ္ပဏီတွင်ကော်ပိုရိတ်ယဉ်ကျေးမှုကို နက်ရှိုင်းစွာတည်ဆောက်ယူခဲ့ သည်။ သာမန်ထက် စွမ်းဆောင်ရေးပိုသူတို့ကို ကောင်းစွာချီးမြှောက်ခဲ့သည် Enron ရှိအမှုထမ်း၊အရာထမ်းအားလုံး ပြိုင်ဆိုင်မှုစွမ်းရည်
များအပြည့်ရှိလာဝကသည်။တစ်ဦးခြင်းယှဉ်ပြိုင်ကြသလိုအဖွဲ့ခြင်းလည်းယှဉ်ပြိုင်ကြ၏။
နေဇင်လတ်(နိုင်ငံတော်သမ္မတအကြံပေး)၏ ခေါင်းဆောင်များရဲ့ခေါင်းဆောင် စာအုပ်မှကူးယူဖော်ပြသည်။
source>>>ကိုဖြိုး




0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။