ရန်ကုန် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးတက် လာနိုင်ဖွယ်ရှိ


ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးတက်လာနိုင် ဖွယ်ရှိကြောင်း အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းရှင်များထံက သိရသည်။
“အိမ်ခြံမြေ အရောင်းအဝယ်က လေလံတွေ ထွက်ပေါ်လာတယ်ဆိုရင်ပဲ ဈေးကွက်ကို ထိခိုက်တတ်တဲ့ သဘောရှိပြီး ဈေးကွက်လေးလံ သွားတတ်ပါတယ်။ ၂၀၁၁ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက အိမ်ခြံမြေ လေလံတွေ ထွက်ပေါ်ခဲ့ပေမယ့် အရောင်းအဝယ်က ပုံမှန်ရှိနေတယ်။
အထူးသဖြင့် ဝယ်လက်က ကျပ်သိန်း ၃၀၀၀ ဝန်းကျင်အထိ သုံးစွဲဝယ်ယူလာကြတယ်။ လေလံပစ္စည်းတွေရဲ့ဈေးနှုန်းက ကျပ်သိန်း သောင်းချီလုပ်ရမယ့် ဈေးကွက်ပါ။ ပွိုင့်ကြီးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်မတူညီတာကြောင့်လည်း မြေကွက်အရောင်းအဝယ်တွေ ပုံမှန်ရှိနေတာ ဖြစ်ပါတယ်။
ဈေးနှုန်းမြင့်တဲ့ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းတို့လို မြို့နယ်တွေမှာလည်း အရောင်း အဝယ် ရှိနေပါတယ်” ဟု ယူနတီအိမ်ခြံမြေမှ ဦးဇော်ဇော်က ပြောကြားသည်။
အဆိုပါမြေကွက်များအပြင် တောင်ဥက္ကလာပ၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာ မြို့နယ်များရှိ ကျပ်သိန်း ၃၀၀၀ တန်မြေကွက်များလည်း အဝယ်ရှိနေသဖြင့် ကားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ရွှေလုပ်ငန်းနှင့် နှိုင်းယှဉ်ပါက တည်ငြိမ်ခိုင်မာမှုရှိသည့် အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးတက်လာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင် သူများက ဆိုသည်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes