ကင်ဆာရောဂါကုနိုင်သော ကင်းမြှီးကောက်


ကင်းမြီးကောက်သတ္တဝါ၏ အဆိပ်သည် လူကိုသေစေနိုင်သော်လည်း ၎င်းအဆိပ် သည် အသက်ကယ်နိုင်ကြောင်း တွေ့ရှိလာ ကြသည်။
သုတေသနပညာရှင်များသည် အစ္စရေး အဝါရောင် ကင်းမြီးကောက်ကို အသုံးပြုပြီး ဆိုးရွားပြင်းထန်သော ဦးနှောက်မြင်းဖု တစ်မျိုးဖြစ်နေသည့် (Glioma) ကုသရန် စမ်းသပ်နေပြီဖြစ်သည်။ ၎င်းမြင်းဖုသည် ခွဲစိတ်ကုသရုံနှင့် မရပါ။ တစ်ကမ္ဘာလုံးတွင် ၂၀၀၀ ပြည့်နှစ်၌ လူ ၁၇၆၀၀၀ ဦးတွင် ၎င်းရောဂါဖြစ်ပွားမှု တွေ့ရှိရပြီး သုံးယောက်တွင် တစ်ယောက်သာရှင်သည်။
၎င်း ကင်းမြီးကောက်အဆိပ်တွင်ပါသော ပရိုတင်းဓာတ်တစ်ခုသည် ကင်ဆာကလာပ်စည်း များကို သပ်သပ်တွဲပြီး အခြားပတ်ဝန်းကျင်ရှိ ကလာပ်စည်းကောင်းများကို ရှောင်ကွင်းသွား သည်။ ၎င်း ပရိုတင်းကို ရေဒီယို သတ္တိကြွ အိုင်အိုဒင်းနှင့် တွဲဖက်ပြီး ကိုယ်ခန္ဓာတွင်းသို့ ထိုးသွင်းလိုက်ပါက ထိုအဆိပ်သည် မကောင်းသော ကင်ဆာကလာပ်စည်းများကို ပစ်မှတ် ထားပြီး ဖျက်စီးပစ်သည်။ ကနဦး စမ်းသပ်မှုအရ ၎င်းကုထုံးသည် အန္တရာယ်ကင်းပြီး လူနာများကို အသက်ရှည်စေနိုင်သည်ကို တွေ့ရှိရပြီး  ထပ်မံ၍ ကျယ်ပြန့်သော လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သည်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes