လေထုထဲမှာရှိတဲ့ စိုထိုင်းဆကို အလွယ်တကူ သိရှိနိုင်တဲ့ In – Outdoor Thermometer Hydrometer GJWS A5

ဒီကိရိယာလေးကတော့ လေထုထဲမှာရှိတဲ့ စိုထိုင်းဆကို အလွယ်တကူ သိမြင်နိုင်တဲ့ စိုထိုင်းဆတိုင်း သာမိုမီတာလေးပဲ ဖြစ်ပါတယ်။ အပူချိန် ၃၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်မှ ၅၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် အတွင်းမှာ တိုင်းတာနိုင်ပါတယ်။
လေထုထဲမှာ ပါဝင်တဲ့ စိုထိုင်းဆကို ၂၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိ သိရှိနိုင်ပါတယ်။ အဲဒီကိရိယာလေးမှာ ဒေါက်ပါဝင်တဲ့အတွက် ဒေါက်ဖြင့်လည်း ထောက်ထားနိုင်ပြီး နံရံမှာလည်း ချိတ်ဆွဲထားနိုင်ပါတယ်။ အဆိုပါ ကိရိယာလေးကို တပ်ဆင်ထားခြင်းအားဖြင့် အခန်းတွင် အပူချိန်နှင့် လေထုထဲမှာ ရေငွေ့ပါဝင်မှုတို့ကို သိရှိနိုင်တဲ့အတွက် ဆန်စပါး၊ ပဲသိုလှောင်ရုံများ၊ ဆေးဝါးသိုလှောင်ရုံများအတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ ဒါ့ပြင် ဟော်တယ်၊ မိုတယ်၊ အင်းနဲ့ ကုမ္ပဏီရုံးခန်းများမှာလည်း တပ်ဆင်ထားနိုင်ပါတယ်။ အရွယ်အစား သေးငယ်တဲ့အတွက် မိမိသွားလေရာကို ယူဆောင်သွားနိုင်ပါတယ်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes