စရိုက်မျိုးစုံအဖုံဖုံ (မဟာဗောဓိမြိုင် ဆရာတော်)
စရိုက်(စရိတ) = ပင်ကိုယ်ရိုးရာသူတကာဖြစ်နေကြထက်လွန်ကဲပိုမိုစွာ အဖြစ်များခြင်းကြောင့်၎င်း၊ မပြတ်ဖြစ်ခြင်းကြောင့်၎င်း
စရိုက်ဟုခေါ်သည်။
စရိုက်ကို အကဲခတ်ရာ၌-
၁။ အသွားအလာ အနေအထိုင်အားဖြင့် ၄င်း၊
၂။ ပြုဖွယ်ကိစ္စ အ၀၀တို့၌ ၄င်း၊
၃။ စားသုံးသည့် အစာအာဟာရ တို့ကို၎င်း၊
၎။ ကြည့်ပုံရှုပုံသဘာဝကို၎င်း၊
၅။ ကိုယ်နှုတ်အမူအရာနှင့် အတွင်း ဥာဉ်ကို၎င်း
    ကြည့်ရှု၍ အကဲခတ်တတ်ရာ၏။ အကယ်၍ တူသည်ပင်ဆိုစေဦး အသေးစိတ် ၌ကား မတူသည်ကိုပင်တွေ့လာရပါအံ့။
စရိုက်(၆)ပါး
(၁) ရာဂစရိုက် = အာရုံခံစားရာ၌ မက်မောခုံမင်တတ်သောအကျင့်။
(၂) ဒေါသစရိုက် = အာရုံခံစားရာ၌ မုန်းညှိုးပြစ်မှားတတ်သော အကျင့်။
(၃) မောဟစရိုက် = အာရုံခံစားရာ၌ မဝေခွဲတတ်သော အကျင့်။
(၄) ၀ိတက်စရိုက် = အာရုံတပါးခံစားနေရင်းက အာရုံမြှောင်ထားသောအားဖြင့်တခြား
      အာရုံသို့ကူးပြောင်းခံစားတတ်သော အကျင့်။
(၅) သဒ္ဓါစရိုက် = အမြတ်အာရုံခံစားမိရာ၌ မတုန်မလှုပ်ယုံကြည်သက်ဝင်တတ်သော အကျင့်။
(၆) ဗုဒ္ဓိစရိုက် = အာရုံခံစားတိုင်း ထိုအကြောင်းကိုကွဲပြားစွာသိလျက်က ခံစားတတ်သော အမူအကျင့်။
သင်သည် မည်သည့်စရိုက်၌ အကြုံးဝင်နေပါသည်ကို စရိုက်တခုချင်းစီ၏ သဘော သဘာဝဖြင့်ချိန်ထိုးလျက် ဆုံးဖြတ်ပါလေ။
သို့မှသာ သင့်စရိုက်နှင့်ကိုက်ညီမည့် ကမ္မဋ္ဌာန်းမျိုးကို ရွေချယ်တတ်ပါမည်။ စရိုက်သည်ကမ္ဘာချဉ်းအောင်ပါရှိလာသည့်
ရောဂါဆိုးတမျိုးဟု သဘောထားပြီး ကမ္မဋ္ဌာန်းသည် ထိုရောဂါဆိုးကိုကမ္ဘာမှပြတ်အောင်ဖြေဖျောက်ကုစားတတ်သည့်ု
ဆေးတမျိုးဟု သဘောထားပါလေ။ စရိုက်ခြောက်မျိုးထဲမှတဦးတဦး၌ အားကြီးသောစရိုက်သည်
• တမျိုးချင်းလဲ ရှိတတ်၏။
• နှစ်မျိုးနှစ်စားလောက်အားကြီးပြီးကျန်နောက်လိုက်များလဲရှိနေတတ်သည်။
• နှစ်မျိုးသုံးမျိုးအထိအားကြီးနေတတ်ပြီး ကျန်နောက်လိုက်များလဲရှိနေတတ်သေးသည်။
စရိုက်ဆိုးမှန်သမျှ တမင်အားထုတ်စရာ မလိုချေ။
စရိုက်ကောင်းမှန်သမျှလဲ တမင်အားမထုတ်ဘဲ မရနိုင်ချေ။
လူချင်းတူပါလျက် အသက်ရှုဘာ့ကြောင့်ကွဲ
လူ့ဘ၀ရောက်သော လူသားစင်စစ်ဖြစ်ပါလျက် ဘယ့်အတွက်ကြောင့် စရိုက်ချင်း ကွဲပြားရပါသနည်းဟူငြားအံ့။
သတ္တ၀ါတဦးနှင့်တဦး သံသရာကျင်လည်ရမှုခြင်းမတူ။
သတ္တ၀ါတဦးနှင့်တဦး နောက်ကြောင်းလာရာလမ်းလည်းမတူ။
ဤမတူသော နှစ်ချက်သည် ကွဲပြားခြင်း၏ အကြောင်းခံတခုဖြစ်၍ နေ၏။
• အချို့ကား တိရ စ္ဆာန်ဘုံဘ၀၌ အနေများ၏။
• အချို့ကား ပြိတ္တာ၊ အသူရကာယ်ဘုံဘ၀တို့၌ အနေများ၏။
• အချို့ကား လူ့ဘ၀များ၌ အနေများ၏။
• အချို့ကား နတ်၊ဗြဟ္မာဘ၀တို့၌ အနေများကြ၏။
• အချို့ကား ငရဲပြီး ငရဲဖြစ်နေတတ်၏။
   ဤသို့အဖြစ်များရာဘုံဘ၀သို့လိုက်၍လည်း စရိုက်တို့သည် ကွဲပြားခြားနားခြင်းသို့ရောက်ကြလေကုန်၏။
(၁) ရာဂ(လောဘ)စရိုက်အားကြီးသူ၏ ကျင့်ထုံးဓလေ့
၁။ အသွားအလာ အနေအထိုင် ယဉ်ကျေးသိမ်မွေ့၏။ နွဲ့နှောင်းသော ကိုယ် အမူအရာရှိချေ၏။ ညှိုဓါတ်အပြည့်ပါသောအသံ
   ဟန်တို့နှင့်သာ ဆက်ဆံလေ့ရှိတတ်၏။
၂။ တံမျက်လှည်းမှု၊ အ၀တ်လျှော်ချုပ်ဆိုးမှု၊ ၀တ်စားတန်ဆာဆင်ယင်ထုံးဖွဲ့မှု စသည့်ပြုဖွယ်ကိစ္စ မှန်သမျှ သေသပ်ကျနလှ၏။
   အထားအသိုမှန်သမျှ လှပ အောင်ပြင်ဆင် မွမ်းမံလျက် ထားတတ်၏။
၃။ အစားအသောက် သုံးဆောင်ရာ၌ကား ချိုဆိမ့်မွှေးကြိုင်သော အရသာမျိုးတို့ကို ရွေချယ်စားသုံးလေ့ရှိတတ်၏။ စားသောက်
   သောအခါတွင်ကား ကြောင်စားသကဲ့သို့ပင် အနည်းအကျဉ်း မျှသာ စားသုံးတတ်၏။ အတော်အသင့်ကာင်းမွန်သော ပစ္စည်း
   မျိုးး၊ အရသာမျိုးကိုပင် အားရတင်းတိမ်ခြင်းမရှိချေ။
၎။ ကြည့်ရှုပုံသဘာဝအားဖြင့်သော်ကား အတော်အသင့် သာယာလှပသော အဆင်းအသံစသည် အာရုံမျိုးသော်မှလဲ စွဲစွဲလမ်း
   လမ်းဖြင့် မခွာချင်လောက်အောင်ပင် အရသာခံကြည့်ရှုသာယာတတ်ချေ၏။ သမင်လည်ပြန်ကဲ့သို့လဲ လွန်ခဲ့ပြီးအာရုံကိုပင်
   နောက်သို့လှည့်ကာလှည့်ကာဖြင့်လည်း ကြည့်ရှုသာယာတတ်လေသည်။ ရင်ဆိုင်တွေ့ရာ၌ ညှို့မျက်လုံးကို အများဆုံးအသုံး
   ပြုတတ်သည်။
၅။ ကိုယ်နှုတ်အမူအကျင့်နှင့် စိတ်နေသဘောထားကာ ပရိယာယ်မာယာလည်း အလွန်ကြွယ်၏။ ဟန်ဆောာင်ခြင်း၊ကောက်ကျစ်
   စဉ်းလဲခြင်းလဲများလှ၏။ မာနကြီး သလောက် ရမ္မက်လဲ အလွန်ထူ၏။ အာရုံဆန်းများကိုအလွန်အမင်းနှစ်သက်တတ်၏။လက်
   ထဲရောက် ပစ္စည်း မည်မျှပင်ကောင်းစေဦး အသုံးကြာလျှင်ရိုးတာ သွားတတ်ပြီးအခြားသူ၏ လက်ဝယ်ရှိ ပစ္စည်းညံ့နှင့်လဲလှယ်
   ၍အသုံးပြုတတ်၏။ အခြားလက်ဝယ်ရှိ ပစ္စည်းကိုကားမည်မျှပင် ညံ့ပစေဦး တွေ့တွေ့ချင်း သာယာတတ်ချေ၏။ မိမိလက်ဝယ်
   ရှိ ပစ္စည်းကောင်းနှင့် လဲလှယ်ဖို့ဝန်မလေးတတ်ချေ။
   ဤကား ရာဂစရိုက်အားကြီးသူ၏ကျင့်ထုံးတည်း 
(၂) သဒ္ဓါစရိုက်အားကြီးသူ၏ ကျင့်ထုံးဓလေ့။
     ဘုရားစသည့် မြင့်မြတ်သောအာရုံကိုခံစားရာ၍ သဒ္ဓါအားကြီသူဖြစ်အံ့။
အထက်ဆိုခဲ့သည့် အချက်ငါးချက်တွင် အထက်လေးချက်ကား ရာဂအားကြီးသူ နှင့်အတူတူပင်။ စိတ်နေသဘောထားမှာမူကား
ပြောင်းပြန် ဆန့်ကျင်ဘက် ဖြစ်၍နေ၏။ မာယာစသည့်ယုတ်ကြမ်းသော အကုသိုလ်စိတ်များ ဖြစ်လေ့မရှိ။ သောမနဿကုသိုလ်
စိတ်ဖြင့်သာ တပါးသူ၌စွန့်ကြဲပေးကမ်းလေ့ရှိခြင်း၊ သနားကြင်နာ စိတ်ရှိခြင်း၊ မေတ္တာတရားများသာ ထွန်းကားနေတတ်၏။ တပါး
သူတို့နှင့် ဆက်ဆံရာ၌ ဆွေမျိုး၊ တစိမ်းမခွဲခြားတတ်။ ကိုယ့်ထက်သာတွေ့က၀မ်းမြောက်ဝမ်းသာ ချီးမွမ်း မြောက်တင်မှုပြုတတ်
သလို ကိုယ့်ထက်နာ တွေ့ပါကလဲ စာနာထောက်ထားခြင်း၊ သနားခြင်းတို့ဖြင့်မြောက်တင်မှုပြုတတ်ချေသေး၏။
     ရဟန်းသံဃာတော်တို့နှင့်တွေ့ရာ၌ ရိုသေစွာဆည်းကပ်တတ်ခြင်း၊ ထိုရဟန်း တော်တို့ ဟောညွန်ပြသဆိုဆုံးမသော
တရားတော်တို့၌ ရိုကျိုးစွာ နာခံမှတ်သား လေ့ရှိခြင်း၊ မှတ်မိသည့် အားလျော်စွာ လိုက်နာကျင့်သုံးခြင်းအမှု ပြုတတ်၏။ ဘုရား၊
တန်ဆောင်း၊ ကျောင်းကန်တို့၌လဲ ရိုသေစွာဆည်းကပ်ကိုးကွယ်ခြင်း၊ အသစ်အသစ်လဲ ထပ်မံဆောက်လုပ်လျက် ကိုးကွယ်ခြင်း
ဖြင့် ကုသိုလ်ပြဋ္ဌာန်း သော စေတနာများသာအစဉ်ဖြစ်ပေါ်စေတတ်၏။
   ဤကား သဒ္ဓါအားကြီးသူ၏ကျင့်ထုံးတည်း။ 
(၃) ဒေါသအားကြီးသူ၏ ကျင့်ထုံးဓလေ့
   အာရုံခံစားရာ၌ မုန်းညှိုးပစ်မှားသော ဒေါသစရိုက် အားကြိးသူဖြစ်အံ့။
၁။ အသွားအလာ အနေအထိုင်တို့၌ နွားရူးစူးထိုး နဖားကြိုးတင်းသည့်နှယ် လျင်မြန်ရှုးရှားခြေဖျားကို ထောက်လျက် ထောက်လျက်
   သာ သွားလာလေ့ရှိတတ်၏။ ရုန့်ရင်း ကြမ်းတမ်းသောကိုယ်နှုတ်အမူအရာရှိ၏။ လမ်းတွေ့သမျှ သစ်ငုတ်ကျောက်ခဲ စသောအရာ
၂။ ပြုဖွယ်ကိစ္စအ၀၀၌ကား သေသပ်ကျနအချိုးအစားလှပခြင်းမရှိ။ ကောင်းမွန်လှပသော ၀တ်စားတန်ဆာပင်ဖြစ်စေဦးကပိုကရို ဖရို
   ဖရဲဖြင့် ဖြစ်သလိုဝတ်ဆင်လေ့ ရှိတတ်၏။ ဖြေးညင်း သာယာစွာပြလုပ်ရမည့်ကိစ္စမှန်သမျှ၌ အံဝင်ခွင်ကျမ၇ှိလှ။ ဖြစ်ကတက်ဆန်း
   ဖြင့်လဲ ပြီးစလွယ် ပြုတတ်၏။ အထားအသိုမှန်သမျှလဲသေသပ်ကျနခြင်းမ၇ှိ။ စနစ်တကျထားသိုခြင်းလဲမရှိချေ။
၃။ စားသောက်ရာ၌ကား တရှုးရှဲရှဲမည်အောင်လဲ စားတတ်၏။ ပလုပ်ပလောင်းလဲ စား တတ်၏။ စိတ်ရှည်လက်ရှည်ဝါးခြင်းမရှိလဲ
   လုံးခြမ်းကွဲမျှဝါးလျက် မညက်မညောနှင့်ပင် ၀ါးမျိုပစ်တတ်၏။အစာ၌အကောင်းအဆိုးမရွေးတတ်။ အထူးသဖြင့် အခိုးအမွန်များ
   သော ပ၊ူစပ၊်ချဉ်၊ငန် စသည့်စူးရှသောအရသာမျိုးကိုကား အလေးပေးစားသုံးတတ်၏။
၎။ ကြည့်ရှုရာ၌ကား ရှုသိုးသိုးလုပ်လျက် မချေမငံကြည့်တတ်၏။ မည်မျှကောင်းမွန် လှပသော အာာရုံပင်ဖြစ်စေဦးတကြိမ်မျှစွေကြည့်
   ပြီးပြန်လည်၍ခေါင်းငုံ့သွားတတ်၏။ မကောင်းသော အာ၇ုံနှင့် တွေ့လျှင်မူကား မြွေပွေးတုတ်ထောက် မြွေဟောက်ခဲမှန်ပမာ ဒေါသ
   မာန်ထကြမ်းတမ်းစွာဆက်ဆံလေ့ရှိတတ်၏။စိတ်ရှည်ခြင်း၊သည်းခံလိုခြင်း၊အောင့်အီးချုပ်တည်းထားခြင်း၊ခွင့်လွတ်ခြင်း စသောသူ
   တော်ကောင်းတရားများသူ့တွင် မထွန်းကားချေ။
၅။ စိတ်နေသဘောသွားအားဖြင့်ကား အာဃာတရန်ငြိုးဖွဲ့ခြင်း၊ မစ္ဆရိယ-မနာလိုသ၀န် တိုခြင်း၊မက္ခ-သူတပါးဂုဏ်ကိုဖျက်စီးလိုခြင်း၊
   ပဋ္ဌာသ-တဖက်သို့ ဂုဏ်တုဂုဏ်ပြိင်ပြုလုပ်လိုခြင်း ဒုဗ္ဗဇ-အပြောရအဆိုရခက်လှခြင်း ဤအကုသိုလ်တရားများသာ အဖြစ်များ
   လေ့ရှိသည်။ တဖက်နှင့်တဖက် ရန်ပွဲဆိုလျှင်ကာသူ့အတွက်ပျော်ပွဲရွှင်ပွဲတမျှသာတည်း။
   ဤကား ဒေါသအားကြီးသူ၏ကျင့်ထုံးတည်း။ 
(၅) မောဟစရိုက်အားကြီးသူ၏ ကျင့်ထုံးဓလေ့
   အာရုံခံစားရာတိုင်း၌ မဝေခွဲတတ်သော မောဟအားကြီးသူဖြစ်အံ့။
၁။ အသွားအလာအနေအထိုင်စသည်တို့၌ မှိုင်တိမှိုင်ဝေ မယဉ်ကျေးသော အသွင်အပြင်သာရှိ၏။ သွားရာ၌ ဖ၀ါးနောက်ငှင် မလှမ်းချင်
   သလိုလို လှမ်းချင်သလိုလိုလဲ ရှိတတ်၏။ ဂရုတစိုက်သွားခြင်းမျိုးဖြစ်သော လေးနက် သိမ့်မွေ့ခြင်း၊ လျင်မြန်ဖြတ်လက်ခြင်း အလျင်း
   မရှိချေ။ ပျင်းရိပျင်းရာ စိတ်လက်မပါ့တပါဖြင့် ဖွတ်ပတတ် တို့၏သွားလာခြင်းမျိုးဖြင့်သာ သွားလာလေ့ရှိတတ်၏။
၂။ ပြုဖွယ်ကိစ္စများ၌ကား မည်သည့်အလုပ်ကိုမျှ လက်စသတ်လေ့မ၇ှိတတ်ချေ။ ဟိုစပ်စပ် ဒီစပ်စပ်ဖြင့်သာ သောင်တင်နေတတ်၏။
   အများကကောင်းသည်ပြောတိုင်း လိုက်လုပ်လေ့ရှိတတ်သောကြောင့် လဲ ပွေလိမ်ရှုပ်ရှပ်ဖြင့် လက်စမသတ်ရသည်ကများ တတ်လှ၏။
   အထားအသိုတို့ကို ကြည့်ပြန်ပါကလဲ ကစဥ့် ကရဲ ပြန့်ကျဲလျက်သာ တွေ့ရချေ၏။
၃။ စားသောက်ရာ၌ကာ ထမင်းလုပ်အကိုင်အပြု အယူအတိမ်းကအစ သေသပ် ကျနခြင်းမရှိ။ မိမိနှင့်သင့်မသင့် တော်မတော်ကိုမဝေခွဲ
   တတ်။ အများကကောင်းသည် ပြောလျှင်လဲ လိုက်လံစားသုံးတတ်၏။ တွေ့ကရာ မြင်သမျှကိုလဲ စားသုံးလေ့ရှိတတ်၏။
၎။ အာရုံကိုကြည့်ရှုခံစားရာ၌ကား မဝေခွဲတတ်သောအကြည့်မျိုးဖြင့် ကြည့်ရှုခံစားတတ်ပြီး မ၀ံ့မရဲ လည်းဖြစ်၍နေတတ်သေး၏။ ကြည့်ရင်း
   ကြည့်ရင်းမှ ငေးငေးငိုင်ငိုင်လည်းဖြစ်၍ သွား တတ် သေး၏။ ကြည့်ရှုပြီး နောက်၌လည်း အကြောင်းကားမည်သို့ဟု တိတိပပဝေခွဲ
   ဆုံးဖြတ်နိုင်ခြင်းမရှိ။ အများတို့ခွဲခြားဆုံးဖြတ်သည့် အတိုင်းသာ နောက်ယောင်လိုက်၍ ဝေဖန်တတ်၏။
၅။ စိတ်နေသဘောထားမှာမူကာ သတိပညာကင်းလျက် ထိုင်းမှိုင်းဖျင်းအခြင်း၊ စိတ်လှုပ်ရှားပျံ့လွင့်ခြင်း တို့ဖြင့်သာ အချိန်ကုန်လွန်စေ
   တတ်၏။ အရာရာတိုင်းတို့၌ အကောင်းအဆိုးအကြောင်းအကျိုး မခွဲခြားတတ်ချေ။ သူတကာက ချီးမွမ်းသူကိုပင် သံယောင်လိုက်ချီးမွမ်း
   တတ်ခြင်း၊ သူတကာက ကဲ့ရဲ့သည်ကိုလည်း ရောယောင် ကဲ့ရဲ့တတ်ခြင်းဖြင့် သူတကာ၏နောက်လိုက်အဖြစ်ဖြင့်သာ အသက်ရှင်လျက်
   နေရရှာ၏။ စင်စစ်သော်ကား ဤမောဟစရိုက် အားကြီးသူသည် တိရစ္ဆာန်ဘ၀ အဖြစ်များပြီး လူ့ဘ၀အဖြစ် နည်းသူများ၏ မူပိုင်စရိုက်
   သဖွယ် သာဖြစ်ချေ၏။ သို့ကြောင့်အရာရာ၌ မဝေခွဲနိုင်ခြင်း ကြောက်ရွံ့စိုးထိတ်ခြင်းများဖြင့်သာ ပြည့်နှက်လျက် ရှိနေတတ်ချေ၏။
   ဤကား မောဟစရိုက်အားကြီးသူ၏ ကျင့်ထုံးတည်း။
(၆) ၀ိတက်စရိုက်အားကြီးသူ၏ ကျင့်ထုံးဓလေ့
   ကြံစည်စဉ်းစား စိတ်ကစားမှုများသာအားကြီးနေတတ်ပြီး လက်တွေ့ကာ ဘာမျှ ပေါ်မလာချေ။ ထိုအတွေးအကြံတို့ရင်ဝယ်မဆံ့
ကန့်သတ်၍ပင်ထားမရသောအခါ ပါးစပ်မှတဖွာဖွာပြောလျက်မျှောနေတတ်ပြီး ကိုယ်တွေ့၌ အင်အားချိနဲ့ ခပ်ယဲ့ယဲ့သာဖြစ်နေ တတ်၏။
မည်သည့်အရာမျှဟုတ်တိပတ်တိမရှိဘဲ မောဟ စရိုက်အားကြီးသူနှင့် တထေရာ ထဲပင်ဖြစ်၍နေတတ်၏။ အကြံကြီးသလောက်လက်တွေ့၌
သောင်မတင်ရေမကျဖြင့် ခရီး ပြီဆုံးတတ်၏။
   ကောင်းသောကိစ္စ၌လည်း အစွမ်းအစမရှိ ပျင်းရိဖင့်နွဲခြင်းဖြင့်သာအချိန် ကုန်လွန်စေ၏။ မကောင်းသောကိစ္စ၌လည်း သတ္တိမရှိကြောက်ရွံ့
နောက်ဆွဲဖင့်နွဲ၍ပင် နေတတ်ပြန်ချေ၏။ အရာရာသော ကိစ္စ တို့၌ပင် မတွေ့ကြုံရင်မဆိုင်ရသေးမီကပင် ကြိုတင် ထိတ်လန့်ခြင်း၊စိုရိမ်ပူပန်
စိတ်များခြင်းဖြင့် စိတ်လှုပ်ရှား နေသဖြင့်တကယ်ရင်ဆိုင် တွေ့သောအခါတွင်မူကာ အလွဲလွဲအချော်ချော်ချည်းဖြစ်၍နေတတ်၏။
ထိုအဖျင်းသမားသည် မိမိကဲ့သို့အဖျင်းအဖျင်းချင်းသာ ပေါင်းဖက်လျက်ပျော်ပျော်ပါးပါး စကားများဖြင့်ကြံစည် စဉ်းစား ခြင်းများဖြင့်သာ
အချိန်ကိုကုန်လွန်စေတတ်ချေ၏။
   ဤကား ၀ိတက်စရိုက်အားကြီးသူ၏ ကျင့်ထုံးဓလေ့တည်း။
0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes