ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ(၇)မှ ရွေးချယ်တင် မြှောက်ခြင်းခံရသည့် ဒေါ်ချိုနွယ်ဦးနှင့် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအံ့ကြီးတို့နှစ်ဦးသည် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်ဟူသော သတ်မှတ် ချက်နှင့် မကိုက်ညီသောကြောင့် ယင်းသို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။
"မိဘနှစ်ပါးမှာ နိုင်ငံသားမဟုတ်တဲ့သူ ပါတယ်လို့ လ၀က (လူဝင်မှုကြီးကြပ်ရေး)က တွေ့တယ်ဆိုပြီး ကော်မရှင်က အကြောင်းကြား တာ"ဟု အဆိုပါ ကိုယ်စားလှယ်က ပြောသည်။
ယင်းသို့ သတ်မှတ်ချက်မကိုက်ညီခြင်းကို ရွေးကောက်ပွဲကျင်းပပြီး ၁၁၆ ရက်အကြာတွင် ထုတ်ဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထုတ်ပယ်ခံရသည့် ကိုယ်စားလှယ် နှစ်ဦးအနက် ဒေါ်ချိုနွယ်ဦးသည် မတ်လ ၃ ရက်နေ့က ဖွဲ့စည်းလိုက်သည့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီတွင်လည်း ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံထားရသည့် အတွက် ၎င်းအစား ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်(၈)မှ ဒေါက်တာခင်မောင်လေးကို ပြီးခဲ့သည့်သောကြာနေ့တွင်ပင် အစားထိုးခန့်ထားလိုက်ကြောင်း အဆိုပါကိုယ်စား လှယ်က ပြောသည်။
သတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် ထုတ်ပယ်ခံရသည့် လွှတ်တော်အမတ်သုံးဦးရှိပြီဖြစ်ပြီး ၎င်းတို့သုံးဦးစလုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ချင်းပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးကွီးထန်းမှာလည်း သတ်မှတ်ထားသည့်အသက် မပြည့်သည့်အတွက် ကန့်ကွက်ခံရပြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ဦးကွီးထန်းသည် အသက် ၂၅ နှစ် ပြည့်ရန် ၁၉ ရက်လိုနေသည်ကို ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး က တွေ့ရှိပြီး ကန့်ကွက်သည့်အတွက် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။




0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။