Windows XP ကိုမြန်မာလိုပြောင်းသုံးမယ်.။

Windows XP ကိုမြန်မာလိုပြောင်းသုံးတဲ့ Software လေးနဲ့မိတ်ဆက်ပေးလိုပါတယ်..ဒီ Software
လေးကို Install လုပ်လိုက်ပြီး သူခိုင်းတဲ့အတိုင်း Restart နှစ်ခါလောက်ချလိုက်တာနဲ့..Windows XP
ရဲ့ သုံးပုံတစ်ပုံလောက်ဟာ မြန်မာစာအဖြစ်ကိုပြောင်းလဲသွားတာ တွေ့ရပါတယ်..ဒီ Software လေးကို
စမ်းသပ်ပြီး ရလာတဲ့ ကောင်းကျိုး နှင့်ဆိုးကျိုးတွေကို ဖော်ပြပ့ါမယ်..။ Install လုပ်ရာတွင် .Net Framework
ဆိုပြီး Installation Error ပြလာပါက ဒီSoftware လေးကိုအရင်ဒေါင်းပြီးစက်မှာ Install လုပ်လိုက်ပါ။
ပြီးမှ မြန်မာလိုပြောင်းပေးတဲ့ Software ကို Install ပြန်လုပ်ပါ။အခုဖြစ်တတ်တဲ့ ပြသနာလေးတွေကိုပြော
ပြပါ့မယ်………….။

ကျွန်တော့်ရဲ့စက်မှာ Zawgyi တင်ထားပါတယ်..Antivirus လည်းတင်ထားပါတယ်..ဒီ Software ကို Run
လိုက်တဲ့အခါ မှာ Antivirus က Virus ဆိုပြီးသတ်ပါတယ်.တကယ်တော့ ဒါဟာ Virus မဟုတ်ပါ..ကျွန်တော်
တို့ရဲ့ ယူနီကုတ်စနစ်ကို Antivirus များက နားမလည်လို့သာဖြစ်ပါတယ်.ဒီတော့ Software ကို Install
လုပ်တော့မယ်ဆိုရင် Antivirus ကိုအပြီးတိုင် Exit လုပ်လိုက်ပါ။ ပြီးမှ Install စတင်ပါ။

Install လုပ်ပြီးသွားပြီဆိုရင်တော့ Restart ချခိုင်းပါတယ်..ချပေးလိုက်ပါ။ စက်ပြန်တက်လာရင် Antivirus
ကိုထပ်မံပြီး အမြန် Exit လုပ်ပါ။ အနက်ရောင် Screen နဲ့ မြန်မာယူနီကုတ်မိတ်ဆက် စာသားများ ပေါ်လာပါ
မယ်..ညွှန်ကြားချက်များကို သေချာဖတ်ပြီး ဆက်လုပ်သွားပါ။ နောက်ဆုံး Restart ထပ်ချခိုင်းပါမယ်။ချပေး
လိုက်ပါ။ စက်ပြန်တက်လာပြီဆိုရင် Windows ရဲ့သုံးပုံတစ်ပုံလောက်ဟာ မြန်မာစာအဖြစ်သို့ပြောင်းနေတာ
ကိုတွေ့ရပါမယ်။အဲဆိုရင်..Install လုပ်တဲ့အဆင့် အိုကေသွားပါပြီ..ပြသနာစပါတော့မယ်…

ပြသနာကဘာလဲဆိုတော့..မိမိစက်မှာ Install လုပ်ထားတဲ့ Zawgyi သုံးမရတော့တာပါ.zawgyi နဲ့ရေးထားတဲ့
စာတွေ ကမောက်ကမတွေဖြစ်ကုန်တာပါ..အဲလိုဖြစ်ရခြင်းကတော့ zawgyi ကယူနီကုတ်အစစ်အမှန်မဟုတ်
လို့ပါ။အဲဒီအတွက် Zawgyi ကိုပြန်မတင်လိုက်ပါနဲ့..ပြန်တင်လိုက်တာနဲ့တပြိုင်နက် ခုနက Windows မှာမြန်
မာလိုပေါ်နေတာတွေက လေးထောင့်တုံး..သို့မဟုတ်..မြန်မာစာလုံပျက်တွေဖြစ်ကုန်တတ်လို့ပါ။ပြန်မတင်ပါနဲ့
ဒီအတိုင်းသာထားလိုက်ပါ။ မြန်မာစာပြောင်းတဲ့ Software ကိုတင်ပြီးတာနဲ့ Desktop Screen ရဲ့ ညာဘက်
အောက်နားမှာ “က” ပုံလေးပေါ်လာပါ့မယ်.အဲဒီကကြီး ပုံလေးကို တစ်ချက်ကလစ်လိုက်တာနဲ့..နောက်ထပ်ဘား
တန်းရှည်ထွက်လာပါ့မယ်..အဲဒီဘားတန်းမှာမှ..မိမိနှစ်သက်ရာ Fonts ကိုရွေးသုံးရုံပါ..Zawgyione ပါပြောင်းလို့
ရပါတယ်.သုံးကြည့်ရင်တော့ သဘောပေါက်လာမှာပါ။


ဒီပိုစ့်လေးကိုတင်ပေးရတဲ့ရည်ရွယ်ချက်ကတော့..ပထမဦးဆုံးအနေနဲ့ သိပြီးသားသူများအတွက်မရည်ရွယ်ပါ။
ကွန်ပျူတာစတင်အသုံးပြုသူများအနေဖြင့် ကွန်ပျူတာပညာရပ်ကိုမိခင်မြန်မာဘာသာသုံးပြီး နားလည်သဘော
ပေါက်စေရန်ရည်ရွယ်ပါတယ်..အခုဆိုရင်လဲ..Microsoft က ထုတ်တဲ့ Windows အခွေတိုင်းမှာ မြန်မာဘာသာ
ပါဝင်နိုင်ရေးအတွက် လူတိုင်းလက်မှတ်ရေးထိုးတောင်းဆိုနေကြပါပြီ..အစ်ကိုအမတို့လဲ လက်မှတ်ရေးထိုးပေးစေ
ချင်ပါတယ်..အားလုံးအတွက် အကျိုးရှိစေမယ့် ကိစ္စလေးတစ်ခုဖြစ်တဲ့အတွက် ဒီမှာ လက်မှတ် ရေးထိုးပေးကြပါ

စမ်းသပ်ရင်းနဲ့ပျော်ရွှင်နိုင်ကြပါစေ..အားလုံးအဆင်ပြေပါစေလို့ဆုတောင်းလိုက်ပါတယ်..ကွန်ပျူတာနှင့်ပက်
သက်ပြီးအခက်အခဲ တစ်စုံတစ်ရာပေါ်ပေါက်လာပါက မေးမြန်း
နိုင်ပါတယ်ခင်ဗျာ။လိုချင်ရင် အောက်မယ်ယူသွားတော့နော်.။


1 comments:

Anonymous said...

thanks u i am visited and downloaded software your home.i cann`t download myanmar software!

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes