ဘာသာရေး ဖိုရမ်ဘက်မှာ အမြင်မတူတာတွေ အများကြီးဖြစ်နေတာ တွေ့ရတော့ ကိုယ်ကိုတိုင်တော့ ဘယ်နေရာမှာပါလိမ့်လို့ သိပ်မသေခြာဘူး ဖြစ်သွားတယ်ဗျာ....ဗုဒ္ဓဘာသာခြင်းအတူတူတောင် နှစ်ပေါင်း ၁၅၀၀ ကျော်မှာ ယုံကြည်မှုပေါင်း အများအပြားကွဲပြားသွား ကြတာတွေရတယ်...ထေရ၀ါဒ အရတော့ ပတိကတ် သုံးပုံမှာ ပါတဲ့အတိုင်း တသွေမတိမ်း ယူခဲကြပေမဲ့လို့....အချို့က ၀တ်နည်းတွေ တင်ကြပ်လွန်းလို့ တမျိုးတစ်ဖုံ ကွဲထွက်ကြပြန်တယ်...အချို့ကတော့ အကျင့်ကနေ့ အသိမဖြစ်နိုင်ဘူးဆိုပြီး အတွေးအခေါ် ဥာဏ်နဲ့ စဉ်ခြင်စဉ်းစားခြင်းအားဖြင့်သာ နိဗာန်ကို သိနိုင်မယ်ဆိုပြီး ခွဲထွက်ခဲ့ကြတယ်...အချို့ကတော့ ကျင့်ပုံကျင့်နည်း မတူလို့ ခွဲထွက်သွားကြတယ်...
မြတ်စွာဘုရား ပရိနိဗာန် စံဝင်ပြီးနောက်ပိုင်း အဓိက ပြဿနာတက်တာကတော့ နိဗာန်ဟာ ဘုံတစ်ခုအနေနဲ့ သီးခြားရှိမှုနဲ့.....နိဗာန်ဟာ ဘုံမဟုတ် ဘာအရာမှ မရှိတဲ့ အရာကြီးလို့ သုညတ သဘောတရားတွေနဲ့ စတဲ့စတဲ့ နိဗာန်အမြင် မတူညီမှူတွေနဲ့ သဘောထားတွေကွဲလွဲကြပါတယ်...မယုံကြည်သူတွေကို အပြစ်မဆိုနိုင်တဲ့ ခိုင်လုံတဲ့ အချက်ကတော့ စာပေရေးသားမှူ မရှိခြင်းဟာ အဓိကအကျဆုံး ဖြစ်ပါတယ်...စာပေအေ၇းအသား မရှိတဲ့အတွက် နှုတ်တိုက် အာဂုံတွေဟာ တည်မြဲမှု မရှိပါဘူး...ဒါဟာ အင်မတန် စိုးရိမ်စရာကောင်းပါတယ်...ထို့ကြောင့် ကွဲလွဲလိုက ကွဲလွဲနိုင်ပါတယ်....မြတ်စွာဘုရားဟာ ဘာသာတည်ထောင်သူမဟုတ်ပါဘူး...ယုံကြည်မှုတခုပေါ်မှာ ရက်တည်နေသူလို့ ဆိုလိုမည်ဆို ဆိုလိုနိုင်မယ်လို့ထင်ပါတယ်...သူ့ရဲ ယုံကြည့်မှုဟာ လောကလွန်တဲ့ နေရာ တစ်ခုရှိရမယ်...အဲဒီနေရာ ကိုနိဗာန်လို့ ပညတ်ခဲတယ်...အဲဒီနေရာကို ရောက်ဖို့ အင်္ဂါရှစ်ပါးရှိတယ် တစ်ခုတည်းသော် လမ်းရှိတယ်...အဲဒီလမ်းအတိုင်းသွားရင် ကိလေသာတွေ ကုန်ကုန်သွားပြီး နောက်ဆုံး နိဗာန်ကို စံဝင်ရမယ်...
သို့သော် နောက်ဘ၀ ဆက်ရှိမယ် မရှိမယ်ကိတ်စဟာ ယခုလက်ရှိ ဖိုရမ်ထဲမှာ ဖြစ်နေတဲ့ ပြဿနာပါ...နောင်ဘ၀ ဆိုတာ မရှိရင် သေတဲ့လူတွေ မွေးတဲ့လူတွေ ကိတ်စဟာ လောဂျစ်ကယ် မဖြစ်တော့ဘူးလို့ ထင်ပါတယ်...ဒါကျွန်တော်အမြင်ပါ...လွှတ်လပ်စွာ ကွဲလွဲနိုင်သမို့ ကျွန်တောလည်း သူတို့နဲ့ ကွဲလွဲနေပါတယ်...နောင်ဘ၀အကြောင်းစဉ်းစားရင် မိတ်စာဒိဌိ ဆိုတော့ သိပ်တော့ သဘောမတွေဘူးဗျ..ဘာသာရေးကို အဓိကလေ့လာတဲ့ လူတွေဟာ နောင်ဘ၀အတွက် လေ့လာကြတယ်...သေလွန်ခြင်းရဲ့နောက်ကွယ်အတွက် လေ့လာကြတဲ့လူတွေဟာ အများစု ဖြစ်နေမယ်လို့ ထင်တယ်...အဲဒီအချိန်မှာ ဗုဒ္ဓဟာ နောင်ဘ၀ ကို ငါမဟောဘူးကွာ ဆိုရင် ဗုဒ္ဓကို ယုံကြည့်သူ ရှိမှာမဟုတ်ဘူး...ဒီပုဂိုလ်ဟာ သေလွန်ခြင်းနောက်ကွယ်တောင် မသိရင် သေပြီး နိဗာန်ရောက်ကြောင်း ဘယ်လိုသိနိုင်မှာလည်း ဆိုတဲ့ ၀ိစိကိတ်စတွေ ဖြစ်ပေါ်လာနိုင်မှာပဲ...ဒီအတွက် ဗုဒ္ဓမှာ အဖြေရှိကို ရှိရမယ်....ဟုတ်ပါတယ် နောက်ဘ၀ အတွက် အတွေးဟာ မ၀င်သင့်တဲ့ အတွေး အကျင့်ကောင်းရဲ့ အစမျှအမဟုတ်တဲ့ အတွေးပါ....ဘ၀ကိုတွယ်တာနေတက်တဲ့ ဒိဌိ တစ်မျိုးရှိပါတယ်...ဒီဒိဌိက ဘ၀ကို တွယ်တက်တာမို့ ယခုလက်ရှိ ပစ္စူပန် တည့်တည့်ကိုပဲ ရှုသင့် မှတ်သင့်ပါတယ်လို့...အတိအလင်း ပြောကြားထားပါတယ်...
ခုခေတ်က ကြားဖြတ်လမ်းတွေသုံးပြီးလိုက်တာတွေ တွေ့ရတယ်ဗျာ..မြတ်စွာဘုရားက သီလမှာစင်ကြယ်နေတဲ့အမြင်တွေနဲ့ သမထဈာန် တွေကို လေးဆင့်အထိ ရောက်ပြီးတော့မှ....ဒီဈာန်တရားတွေနဲ့ ဖြစ်ပျက်ရှုလိုက်တော့မှ ၀ိပဿနာဖြစ်....နောက်ဆုံ အရဟတ်တ မတ်ဖိုလ် ဆိုက်ရောက်တာပါဘဲ....ခုခေတ်မှာတော့ ဈာန်လေးဆင့်အထိတက်စရာမလို....အခံ သမထလောက်နဲ့ ၀ိပဿနာ သွားရှုတော့ သမထ သမာဓိ အပြည့်မရဘဲ ၀ိပဿနာသွားရှုတော့ တိုင်တွေပတ်ကုန်ပြီး ဘာမျှမမြင်တဲ့ လူမမြင် ဖြစ်ကုန်ကြရော....သဘောကတော့ လေယာဉ်တဆင်း အရှိုန်မရသေးဘဲ လေပေါ်တက်သလို ဖြစ်နေပါလိမ့်မယ်...
ဒီတော့ နိဂုံးချူပ်ရရင်ဖြင့်....မြတ်စွာဘုရားကို တကယ်ယုံကြည်တယ်ဆိုရင် မဟာသတိပဌာန်န သုတ်တော်ကြီးအတိုင် လေ့ကျင့်ပြီး ဈာန်အဆင့်ဆင့် ပြည့်အောင်တက်ပါ...ပြီးမှ အားလုံဖြတ်ချပါ...ဒါမှ နိဗာန်ချမ်သာစစ်စစ်ကို ရရှိမှာပါ...ကျွန်တော်လည်း ဒီယုံကြည့်မှုတစ်ခုတည်းနဲ့ ဘ၀ကို ရပ်တည်နေမှာပါ....အမှန်တကယ်တော့ ကျွန်တော်လည်း ဘာမှ မဟုတ်ပါဘူး....လူရူး ပုတုတစ်ယောက်ပါဘဲ...




1 comments:
တယ်ဟုက်ပါလားဘာသာေ၇းတွေကိုသိနေသားဘဲ
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။