လွန်းပျံယာဉ် အပြင်တွင် ၆ နာရီခွဲကြာ နေခဲ့ကြသည်။ အာကာသလမ်းလျှောက်ခြင်း (spacewalk)ကို ယခုအကြိမ်ပြီးလျှင် ဒုတိယတစ်ကြိမ် ပြုလုပ်ရန် ရှိသေးသည်။ အာကာသလွန်းပျံယာဉ် ဒစ်ကာဗာရီ (Discovery)သည် ယခုခရီးစဉ်အပြီး ကမ္ဘာသို့ ပြန်ရောက်ပြီး နောက်တွင် ၎င်းအား Smaithsonian Instittution’s Air And Space Museum ပြတိုက်တွင် ထားမည်ဖြစ်သည်။စတိဗ်ဘိုဝင် (Steve Bowen) သည် ယခု လွန်းပျံခရီးစဉ် မတိုင်မီ ရှေ့ခရီးစဉ်တွင် အက်တလန်တစ် (Atlantis) ဖြင့် လိုက်ပါခဲ့သူ ဖြစ်သည်။ စက်ဘီး မတော်တဆမှုဖြစ်၍ ဒစ်ကာဗာရီ (Discovery) ၏ နောက်ဆုံး ခရီးစဉ်တွင် အာကာသ လမ်းလျှောက်မည့် သူအဖြစ် သတ်မှတ်ခံထားရပြီးသော တင်းမ် ကိုပရာ (Tim Kopra) အစား သူထပ်မံ လိုက်ပါလာခဲ့ရာ အာကာသလွန်းပျံယာဉ် ခရီးစဉ်နှစ်ခု ဆက်တိုက် လိုက်ပါရသူအဖြစ် သမိုင်းတွင်သည်။
ဘိုဝင် (Bowen) နှင့် ဒရူး (Drew)တို့သည် မိမိတို့ ဆောင်ရွက်စရာများ ပြီးသောအခါ လွန်းပျံယာဉ်ထဲသို့ ပြန်မဝင်မီ ဂျပန်မှ အကူအညီ တောင်းခံထားသော ကိစ္စတစ်ခုအား ဆောင်ရွက်ကြသည်။ ၎င်းမှာ သတ္ထုဘူး တစ်ခုတွင် အာကာသမှ လေဟာနယ် (Vacuum) အား ထည့်လာခဲ့ရန်ဖြစ်သည်။
အပျော်တမ်း သဘောဆန်သော စီမံကိန်း (Light – Hearted Project) မှာ အာကာသ ခရီးသည် (Astronaut) အများ လက်မှတ်ထိုးပြီး လူအများကြည့်ရှုနိုင်ရန် ထိုသတ္ထုဘူးအား ပြသထားမည်ဖြစ်သည်။ အာကာသလွန်းပျံယာဉ် ဒစ်ကာဗာရီ (Discovery) သည် ကမ္ဘာသို့ ၂၀၁၁ ခုနှစ် မတ်လ ၇ ရက် တနင်္လာနေ့တွင် ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။




0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။