ဧည့်သည်







လာတုံးကလည်း တယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
တို့များ ဧည့်သည်ပါတကား။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes