Webcam အသုံးပြု၍ မျက်စိအလင်းပြန်ရရန် အမေရိကန် အနုပညာရှင်တစ်ဦးမျှော်လင့်

(၂၀၀၅)ခုနှစ်က ယာဉ်မတော်တဆမှု တစ်ခုအတွင်း ဘယ်ဖက်မျက်လုံး ဆုံးရှုံးခဲ့ရသည့် တန်ညာဗက်ခ်ျသည် ကွန်ပျူတာများတွင် တပ်ဆင် အသုံးပြုသည့် Webcamဖြင့် မျက်စိအလင်း ပြန်ရအောင် လုပ်ဆောင်သွားရန် အစီအစဉ် ရေးဆွဲနေ

ဆေးပညာနှင့် ခေတ်သစ် နည်းပညာတို့ကို ပေါင်းစပ်ဖန်တီးပြီး ထူးခြားသော ခြေလှမ်းသစ်တစ်ခု ဖန်တီးရန် အမေရိကန်မှ အနုပညာရှင် တစ်ဦးက မျှော်လင့်နေသည်။ (၂၀၀၅)ခုနှစ်က ယာဉ်မတော်တဆမှု တစ်ခုအတွင်း ဘယ်ဖက်မျက်လုံး ဆုံးရှုံးခဲ့ရသည့် တန်ညာဗက်ခ်ျသည် ကွန်ပျူတာများတွင် တပ်ဆင် အသုံးပြုသည့် Webcamဖြင့် မျက်စိအလင်း ပြန်ရအောင် လုပ်ဆောင်သွားရန် အစီအစဉ် ရေးဆွဲနေကြောင်း သိရှိရသည်။



တန်ညာသည် သူမ၏ မျက်စိအမြင် အားနည်းမှုကြောင့် အနုပညာ ဖန်တီးမှုများတွင် အဟန့်အတားများ ဖြစ်ခဲ့ရခြင်းအပေါ် အလွန်စိတ်ပျက်နေခဲ့သည်။ ထို့နောက် သူမသည် အလွန်သေးငယ်သော Webcamလေး တစ်ခုအား မျက်လုံးအိမ်ထဲတွင် ထည့်သွင်းတပ်ဆင်ရန် အကြံအစည်ကို စိတ်ကူးမိလာခြင်းဖြစ်သည်။



(၁၉၇၀)ပြည့်လွန်နှစ်များက ရုပ်မြင်သံကြား ဇာတ်လမ်းတွင် Six Million Dollar Manထဲတွင် နည်းပညာသုံး လူသားတစ်ဦး ဖန်တီးခဲ့မှုနှင့် Terminator ဇာတ်ကားများမှ လူတူစက်ရုပ်များကို နမူနာယူကာ တန်ညာက Webcamတစ်ခု မျက်လုံးထဲ တပ်ဆင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။



ထိုWebcamတွင် အာရုံခံစနစ်များ၊ ရုပ်ငြိမ်နှင့် ရုပ်ရှင် ရိုက်ကူးမှုများ၊ Zoomအချုံ့အချဲ့စသည်တို့ကို သိမ်မွေ့စွာ ကိုင်တွယ် တပ်ဆင်ရမည်ဖြစ်သည်။ တန်ညာက အဆိုပါ စီမံကိန်းအတွက် ဒေါ်လာ တစ်သောင်းခွဲမျှ ကုန်ကျဖွယ်ရှိကြောင်း တွက်ချက်ထားသည်။ “အကောင်းဆုံး မြင်လွှာအစားထိုးမှုတစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ခေတ်သစ် နည်းပညာ ထွန်းကားမှုတွေကို အကျိုးရှိရှိ အသုံးချပြီး လူသားတစ်ယောက်အတွက် လစ်ဟာမှုကို ဖြည့်ဆည်းနိုင်မယ်လို့ ကျွန်မ ယူဆထားတယ်”ဟု တန်ညာကဆိုသည်။ သူမသည် အဆိုပါ လုပ်ဆောင်ချက်တွင် ပိုမိုထူးခြား ကောင်းမွန်သော လုပ်ဆောင်ချက်များ ထပ်ဖြည့်နိုင်ရန်လည်း မျှော်လင့်နေကြောင်း သိရှိရသည်။

Source>>>planet.com

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes