ချစ်စ၇ာအကောင်းဆုံးပရိသတ်အဖြစ်သည့် မိခင်ဝမ်းဗိုက်မှ မမွေးရသေးသောကလေးငယ်တို့၏ နူးညံ့သောနားဆီများသို့ သိမ့်မွေ့သော သံစဉ်များကို တိုက်ရိုက်ပို့ဆောင်ပေးရန် ဒီဇိုင်းပြုထားသော တေးဂီတကိရိယာ တစ်မျိုးကို ထုတ်လုပ်လိုက်ကြောင်း DMသတင်းဌာနက ဇန်န၀ါရီလ 21ရက်နေ့တွင်ဖော်ပြသည်Ritmoဟု အမည်ပေးထာသော အဆိုပါMp3payerအသစ်များသည် ကိုယ်ဝန်ဆောင်မိခင်၏ ၀မ်းဗိုက်တစ်ဝိုက်မှနေ စပီကာလေးကို ဖြတ်ကာဝမ်းဗိုက်အတွင်းသို့ တေးသံစဉ်များကို ထုတ်လွှင့်ပေးသည်။ အဆိုပါ Mp3ကိုတီထွင်သူများက ကိုယ်ဝန်၁၄ပတ်အရွယ်မှစတင်ကာ ဗိုက်ထဲမှကလေးများသည် အဆိုပါတေးဂီတကို နားထောင်နကြောင်း ထင်ရှားသည့်လက်ခဏာရပ်များကို တွေ့ရသည်ဟုဆိုသည်။ ဗိုက်ထဲမှ သန်ဓေသားဘ၀မှာပင် ဂီတကိုနားထောင်ရခြင်းသည် အနာဂတ်တွင် စိတ်ပိုင်းဆိုင်ရာဖွင့်ဖြိုးမှုကို များစွာအထောက်အကူပြုလိမ့်မည်ဟု ဆိုသည်။ အဆိုပါ Mp3များသည် အသံနှင့်ဂီတကို မိခင်ရောကလေးပါ မျှဝေခံစားနိုင်သောကြောင့် အာရုံခံစားမှုနှင့် စိတ်ခံစားမှုဆိုင်ရာ အတွေ့အကြုံများကို မိခင်နှင့်ကလေးထပ်တူခံစားနိုင်ခွင့်ကို ရစေသည်ဟု ဆိုသည်။ အဆိုပါ Mp3ကို ကလေးနှစ်ယောက်အဖေ အော်ရန်အော့ဇ်ဆိုသူက တီထွင်ခဲ့ခြင်းဖြစ်သည်။ သူက သူ၏ဇနီးသည် ဒုတိယမြောက်ကိုယ်ဝန်ရှိစဉ်က ဗိုက်ထဲမှကလေးအား ဂီတနားထောင်နိုင်စေရန် ကြိုးပန်းနေသည်ကို တွေ့ရှိရပြီးနောက် ယခုကဲ့သို့ တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင် စု တောင်ကယ်၇ိုလိုင်းနားပြည်နယ်တွင် နေထိုင်သော အော့ဇ်(၃၄)နှစ်က ''ကျွန်တော်တို့ အနေနဲ့ ကိုယ်ဝန်ရှိစဉ်တုန်းမှာ ဂီတကိုနားထောင်ဖို့ လူတွေကို ပညာပေးနေတာမဟုတ်ဘူး၊အဲလိုစိတ်ရှိ သူတွေ အတွက် ကောင်းမွန်တဲ့ ဖြေရှင်းတစ်ရပ်ကို ပေးတာပါ'' ဟုဆိုသည်။ အဆိုပါMp3များကို www.nuvo-group.comမှတစ်ဆင့် အမေရိကန်ဒေါ်လာ၁၂၀ထန့်ဖြင့် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။
credit>>> zakaka မှ ပြည်ပသတင်း ကဏ္ဍတွင် တင်ပြခဲ့




0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။