ဒီ browser လေးကတော့ သိတာကော သုံးတာကော ကြာပါပီ။ဘယ်သူဆိုဒ်မှာမှ မတင်သေးလို့  အားလုံးသိအောင်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒီကောင်လေးက သုံးရတာလွယ်သလို သွက်လည်းတော်တော်လေးသွက်ပါတယ်။မြန်မာကလူတွေ တော်တော်များများကတော့ IE, firefox ,google chrome တို့  သုံးကြတာများတယ်လေ။
ခုကျွန်တော်တို့ ဆီမှာတော့ ဒီလူမျိုးတွေက ဒါတွေသုံးကြတာများတယ်။ဒါကြောင့် မသုံးလည်း ဗဟုသုတအနေနဲ့ မသိသေးတဲ့  သူတွေအတွက်ရည်ညွှန်းပါတယ်။
ကျွန်တော်လို ဘာလုပ်လုပ်မြန်ချင်တယ်ဆိုရင်တော့ သုံးကြပေါ့ဗျာ။တော်တော်ကောင်းတယ်နော်။file sharingတွေပါလို့ firefox ထက်သာတယ်။function တွေလည်းအများကြီးပါပဲ။ခုတော့  ကျွန်တော် မြန်မာဖောက့် ဘယ်လိုသုံးလို့ရအောင် လုပ်မလည်းဆိုတာ တင်ပြပါ့မယ်။
အရင်ဆုံး သုံးချင်တယ် ဆိုရင်တော့ အောက်ကလင့်ခ်မှာဒေါင်းလော့ယူလိုက်ပါ။
ပီးရင်တော့ အောက်ကပုံအတိုင်းမြင်ရမှာပါ။
စပီးသုံးမယ်ဆိုရင်တော့  myanmar font မပေါ်ဘူးဗျ။ပေါ်အောင်လို့ css ကုတ်လေးထဲ့ ပေးရမယ်။
ကုတ်ကိုတော့ ကျွန်တော်တို့ notepad နဲ့ ရေးပီးအောက်ပါပုံအတိုင်း save ပေးလိုက်ပါ။
ရေးထဲ့ ရမဲ့ ကုတ်ကတော့ အောက်မှာပါ.
* , html, body, div, p{font-family:Zawgyi-One !important;}
အောက်ကပုံအတိုင်း save လုပ်ပါ။
ပီးရင် destop မှာပေါ်လာတဲ့  notepad ကို my computer>>>local disk(:C)>>>program file>>>
opera >>>styles အထိသွားပီး copy...paste လုပ်လိုက်ပါ။အောက်မှာပုံလေးပြထားတယ်။
ကဲဗျာ မြန်မာစာကို browser opera မှာ ရေးလို့ ဖတ်လို့ ရပါပီ။
စပီး run ပီးခါစ myanmar font မမြင်ရ အသုံးပြုလို့ မရသေးပုံ.
code ထဲ့ ပီး myanmar font မြင်ရ အသုံးပြုလို့ ရပုံ
အားလုံးကို ခင်မင်လေးစားလျက်.......





0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။