ရုရှား အာကာသဟိုတယ်

ကဲဗျာ ရုရှားနိုင်ငံက  အာကာသထဲ ခရီးထွက်ရန် စိတ်ကူးယဉ်နေသူများအတွက် ရုရှားနိုင်ငံက မိတ်ဆက်ပြသလိုက်သည့် အနာဂတ် အာကာသဟိုတယ် ပုံစံဒီဇိုင်းသစ်။
 space hotel

space hotel

ရုရှားနိုင်ငံသည် အာကာသ စူးစမ်းလေ့လာရေး ပြိုင်ပွဲတွင် အမေရိကန်အား အရေးနိမ့်ခဲ့သော်လည်း ယခုအခါတွင်မူ ပိုမိုကောင်းမွန်သော စိတ်ကူးဆန်းတစ်ခုဖြင့် အသာစီးယူရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

space hotel

space hotel

မော်စကိုတွင် ယခုသီတင်းပတ်အတွင်း မိတ်ဆက်ပြသခဲ့သည့် အာကာသ ဟိုတယ်ဒီဇိုင်းကို လူအများ စိတ်ဝင်စားကြပြီး ယင်းဟိုတယ်တွင် (၅)ရက်ကြာ နေထိုင်မှုအတွက် ပေါင်စတာလင် တစ်သိန်းနှင့် ထိုဟိုတယ်သို့ သွားရောက်ရန်အတွက် ပေါင်စတာလင် နှစ်သိန်းခွဲမျှ ခန့်မှန်းကုန်ကျမှု ရှိနိုင်မည်ဖြစ်သည်။

space hotel

space hotel

လက်ရှိအချိန်တွင် အာကာသထဲ ရောက်ဖူးသူ (၅၀၀)မျှသာ ရှိသေးသော်လည်း အနာဂတ်တွင် လူချမ်းသာများအနေနှင့် ၎င်းတို့၏ စိတ်ကူးယဉ် အိပ်မက်ကို CSSဟု အမည်ပေးထားသည့် အဆိုပါ ဟိုတယ်ဖြင့် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

space hotel

ရုရှား ဆိုယုဇ် အာကာသယာဉ်က ပို့ဆောင်ရေး တာဝန်ယူထားသော ဟိုတယ်သည် ကမ္ဘာ့မြေပြင်အထက် (၂၁၇)မိုင်တွင် တည်ရှိပြီး (၂၀၁၆)ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။


 source>>>planet.com

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes