ပါရာစီတမောလ် ဆိုတာ တစ် ကမ္ဘာလုံးက သိကြတဲ့ အကိုက် အခဲ ပျောက်ဆေးပါ။ အသစ် တွေ့ရှိချက် အရ ပါရာစီတမောလ် ဟာ အကိုက်အခဲ ပျောက်စေတဲ့ အပြင် နေ့စဉ် သောက်သုံး သူတွေဟာ မှတ်ဥာဏ် စစ်ဆေးမှု (memory test)တွေမှာ ကောင်းစွာ ဖြေဆိုနိုင်တယ် လို့ ဆိုပါတယ်။ ဓာတ်ခွဲ စမ်းသပ်ချက် အရ ပါရာစီတမောလ်ဟာ serotonin ဟော်မုန်း ထွက်ခြင်းကို အားပေးပါတယ်။ အဲဒီ ဟော်မုန်းက နာကျင်ကိုက် ခဲမှုတွေကို သက်သာ စေတဲ့ အပြင် စိတ်ဖိစီးမှု့ တွေကိုလည်း လျှော့ချပေးခြင်းဖြင့် မှတ်ဥာဏ်ပေါ်မှာလည်း သွယ်ဝိုက်တဲ့ အကျိုးကျေးဇူးတွေ ရစေပါတယ်။ အကြောင်း ကတော့ ပါရာစီတမောလ်ဟာ သင်ယူခြင်း စွမ်းရည်၊ မှတ်ဥာဏ်နဲ့ ပြဿနာဖြေရှင်းခြင်း တို့ကို အဓိက လုပ်ဆောင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို လှုံ့ဆော်ပေးလို့ပါ။ ဒါ့အပြင် မကြာသေးမီက ဆွစ်ဇာလန် နိုင်ငံသား တစ်ဦးရဲ့ လေ့လာ တွေ့ရှိချက်အရ dementia လို့ခေါ်တဲ့ မှတ်ဥာဏ် ချို့ယွင်းမှု့ ဆိုင်ရာ ရောဂါဝေဒနာ ခံစားရသူတွေမှာ ဖြစ်တတ်တဲ့ စိတ်လှုပ်ရှား ဒေါသ ထွက်လွယ်မှုကို ပါရာစီတမောလ် ပမာဏများများနှင့် ၈ ပတ်ကြာကုသတဲ့အခါ ၁၇ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ပါရာစီတမောလ်ကို ရေရှည် သောက်သုံးသူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု လျော့နည်း စေတာကိုလည်း တွေ့ရပါတယ်။ံ
source>>>ရိုးရာလေး





0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။