ကျွန်တော်တို့ လို ကွန်ပျူတာအမြဲသုံးနေတဲ့  သူတွေကတော့ သန့်ရှင်းရေးလုပ်ပေးနေတဲ့ အတွက်ဒီကောင်လေးကို အားထားရတာပေါ့ဗျာ...
ဒီကောင်လေး run ထားပြီးပြန်ခေါ်ချင်ရင် အမှိုက်ပုံးလို့ခေါ်တဲ့  Recycle Bin ကို right click ပေးရင်တွေ့ ရပါလိမ့်မယ်။ပါးပါးလေးနဲ့ အကောင်းဆုံး သန့် ရျင်းပေးတဲ့ ဆော့ဝဲလေးဖြစ်လို့  run ထားချင်စေပါတယ်...

ကွန်ပျူတာတွင်ရှိထားသင့်သည့် Software များအနက် CCleaner Software သည်လည်းတစ်ခုအပါအ၀င်ဖြစ်ပါသည်။ ကွန်ပျူတာ၏ စွမ်းဆောင်မှုများကို အပြည့်အ၀အသုံးချစေနိုင်ရန် နှင့် မလိုအပ်သည့် Temporary Internet File များ၊ Cookies များ စသည်တို့ကို ရှင်းလင်းပေး နိုင်ပါသည်။ ကွန်ပျူတာအသုံးပြုရာတွင် လေးလံစေသော မလိုအပ်သည့် Junk File များ စသည်တို့ကိုလည်းရှင်းလင်းပေးနိုင်ပါသည်။ ထို့အပြင် Registry Error များကိုပါ ရှင်းလင်းပေး နိုင်ပါသည်။ CCleaner Software ကိုအသုံးပြုပြီးပြီး ကွန်ပျူတာကိုရှင်းလင်းပေးပြီးပါက ကွန်ပျူတာကို Window အသစ်တင်ပြီးသကဲ့သို့ ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်သည်ကို တွေ့မြင်ရပါမည်။ CCleaner Software သည် 2.82 MB ရှိပြီး Freeware တစ်ခုဖြစ်သည့် အတွက်ကြောင့် Serial Keys ထည့်သွင်းရန်မလိုပဲ Full Version အဖြစ်အသုံးပြုနိုင်မည်ဖြစ်ပါ သည်။
Software Install ပြုလုပ်ခြင်းနှင့်အသုံးပြုခြင်း
CCleaner Software ကို Install ပြုလုပ်ရန်အတွက် Setup File ကို Double Click ဖြင့် Run ပေးရပါမည်။ CCleaner Software ကို Install ပြုလုပ်ပြီးနောက် စတင်အသုံးပြုရာ တွင် Cleaner၊ Registry၊ Tools နှင့် Options ဟူ၍ အပိုင်းလေးပိုင်းကို တွေ့မြင်ရမည်ဖြစ်ပါ သည်။ Cleaner အပိုင်းတွင် Windows နှင့် Applications ဟူ၍ အပိုင်းနှစ်ပိုင်းကို ထပ်မံခွဲခြား ထားပါသည်။ Windows အပိုင်းကိုရှင်းလင်းမည်ဆိုပါက Internet Temporary File၊ History၊ Cookies ၊ Recent Documents စသည့် ကွန်ပျူတာတွင်မလိုအပ်သည့် Files များကိုရှင်းလင်း ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင်ကွန်ပျူတာ System ကိုလေးလံစေရန် အနှောင့်အယှက် ပေးမည့် Windows Log Files များ၊ Chkdsk File Fragments File များ အစရှိသည်တို့ကိုပါ ရှင်းလင်းပေးသွားမည်ဖြစ်ပါသည်။ ပထမဦးစွာ Analyze ကို Click ၍ စစ်ဆေးပေးရပါမည်။ စစ်ဆေးပြီးနောက် Run Cleaner ကို Click ၍ စစ်ဆေးတွေ့ရှိသည့် မလိုအပ်သည့် File များကို ရှင်းလင်းပေးရပါမည်။ ထို့နောက် Application ကို Click ၍ ကွန်ပျူတာတွင်အသုံးပြုထားသည့် Application များ၏ မလိုအပ်သည့် File များကို Analyze ပြုလုပ်၍ ရှင်းလင်းဖယ်ထုတ်ပေး နိုင်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကွန်ပျူတာ၏စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားစေပြီး ကွန်ပျူတာအသုံးပြုရာတွင် ပေါ့ပါးသွတ်လက်စေမည် ဖြစ်ပါသည်။
ဒုတိယအပိုင်းဖြစ်သည့် Registry အပိုင်းသည် ကွန်ပျူတာ Registry အပိုင်းရှိ Error များကို ရှင်းလင်းပေးခြင်းဖြစ်ပါသည်။ ကွန်ပျူတာတွင် အရေးကြီးသည့်ကဏ္ဍများအနက် တစ်ခု အပါအ၀င်ဖြစ်သည့် Registry ကိုအန္တရာယ်ကင်းစွာဖြင့် ရှင်းလင်းပေးနိုင်ရန်အရေးကြီးပါသည်။ Registry ကိုသေချာနားလည်ခြင်းမရှိပဲ ၀င်ရောက်ပြင်ဆင်ခြင်း၊ ရှင်းလင်းခြင်းများပြုလုပ်ပါက မှားယွင်းမှုများရှိလျင် ကွန်ပျူတာသုံးစွဲရာတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ Registry ကို ရှင်းလင်းခြင်းမပြုလုပ်ပါကလည်း Registry အတွင်း Error များ များပြား လာပြီး ကွန်ပျူတာကိုလေးလံစေပါသည်။ ထို့ပြဿနာများကိုဖြေရှင်းရန်အတွက် CCleaner ၏ Registry Cleaner ကိုအသုံးပြုခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ Registry ကိုရှင်းလင်းရန်အတွက် ပထမဦးစွာ Registry ကို Click ပေးရပါမည်။ ထို့နောက် Scan For Issues ကို Click ၍ ကွန် ပျူတာ၏ Registry ကို Scan ဖတ်စစ်ဆေးရပါမည်။ ထို့နောက်တွေ့ရှိလာသည့် Error များကို Fix Selected Issues ကို Click ၍ ဖြေရှင်းပေးရပါမည်။ ထိုသို့ပြုလုပ်ရာတွင် Registry ကို Backup ပြုလုပ်ထားသင့်ပါသည်။ Registry ကို Backup ပြုလုပ်ရန်အတွက် Fix Selected Issues ကို Click ပြီးနောက် Registry ကို Backup ပြုလုပ်ရန် Message ကိုတွေ့မြင်ရပြီး Yes ပေး၍ Registry Backup File ကိုသိမ်းဆည်းရမည်ဖြစ်ပါသည်။တတိယအပိုင်းဖြစ်သည့် Tools တွင် Uninstall၊ Startup၊ System Restore နှင့် Drive Wiper စသည့် Function လေးခု ပါရှိပါသည်။ Uninstall Function ကိုအသုံးပြု၍ အသုံးမလိုတော့သည့် Software နှင့် Application များကို Registry အတွင်းထိပါ ရှင်းလင်း ပေးနိုင်ပါသည်။ Startup Functions ကိုအသုံးပြု၍ ကွန်ပျူတာဖွင့်သည်နှင့် တစ်ပြိုင်နက် ၊ မည်သည့် Applications များကိုအလုပ်လုပ်မည်၊ မည်သည့် Application များကို အလုပ်မလုပ်ပဲထားမည်စသည်ဖြင့် လိုအပ်သလိုပြင်ဆင်မှုပြုလုပ်ပေးနိုင်ပါသည်။ System Restore Function သည် Window တွင်ပါဝင်သည့် System Restore ကဲ့သို့ အသုံးပြုနိုင်ပါ ပါသည်။ Driver Wiper Function မှာမူ အလွန်အသုံးတည့်သည့် Function တစ်ခုဖြစ်ပါ သည်။ Driver ကို Wipe ပြုလုပ်ခြင်းသည် Drive အတွင်းရှိနေသည့် Data များကို Recovery Software များဖြင့် ပြန်လည်ရှာဖွေ၍ မရနိုင်စေရန် Delete ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ CCleaner ၏ Driver Wiper Function ကိုအသုံးပြုခြင်းဖြင့် Driver တစ်ခုလုံးကို Wipe ပြုလုပ်နိုင်သကဲ့သို့ Driver ၏ Free Space သက်သက်ကိုသာလျင်လည်း Wipe ပြုလုပ်ပေး နိုင်ပါသည်။ Driver ကို Wipe ပြုလုပ်ရာတွင်လည်း Simple Overwrite ( 1 Pass)၊ DOD 5220.22-m ( 3 pass)၊ NSA ( 7 pass) နှင့် Gutmann ( 35 pass) ဟူ၍ လေးမျိုးပြုလုပ်ပေး နိုင်ပါသည်။ Wipe ပြုလုပ်သည့် Pass အရေအတွက်များလေ Delete ပြုလုပ်လိုက်သည့် Data များ၏လုံခြုံရေးအတွက် ပိုမိုစိတ်ချရလေလေဖြစ်ပါသည်။ Options Function တွင် Software နှင့် ပတ်သက်၍ Language ရွေးချယ်ခြင်း၊ Software Update Information များစသည်ဖြင့် လိုအပ်သလို ၀င်ရောက်ပြင်ဆင်မှုများပြုလုပ်နိုင်ပါသည်။







0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။