မိန်းမတစ်ယောက်ရဲ့ အချိုးအစားကို ၄ မျိုး ခွဲခြားထားတယ်တဲ့ပန်းသီး၊ငှက်ပျောသီး၊သစ်တော်သီး၊သဲနာရီ တဲ့
ပန်းသီး၊ သဲနာရီ၊ ပုလင်း၊ ပန်းအိုး၊ ရေခဲမုန့်ထည့်ဖော့ချွန်ခွက်၊ တုတ်ထိုးချိုချဉ်၊ ကျောက်သားတိုင်လုံး၊ ခေါင်းလောင်း၊ ၀ိုင်ကလပ်၊ တယော၊ သစ်တော်သီး၊ အုတ်ခဲတဲ့
ရှုပ်နေတာပဲဗျာ ကျွန်တော်ပြောချင်တာ အဲဒါမှ မဟုတ်တာ ။
ဗြိတိန်က မော်ဒယ်အေးဂျင့်တွေရဲ့စံနှုန်းကတော့ အနည်းဆုံး အရပ် ၅ ပေ ၈ လက်မ ၃၄-၂၄-၃၄ ရှိမှတဲ့
စိုင်းစိုင်းခမ်းလှိုင်ကတော့ ၃၄-၂၄-၃၆ တဲ့
ဝတ်မှုန်ရွှေရည်ကတော့ မရှိလောက်ပါဘူးတဲ့
ကျွန်တော်ပြောချင်တာ အဲဒါလည်း မဟုတ်သေးပါဘူးဗျာ ။
၁၂ မျိုးအသာထား ၄ မျိုးတောင် မှန်အောင် ခွဲနိုင်ဖို့ခက်ပါ့
သဲနာရီပဲဖြစ်ဖြစ် သစ်တော်သီးပဲဖြစ်ဖြစ် ၀တ်မှုန်ရွှေရည်ပဲဖြစ်ဖြစ်
တော်ဝင်စင်တာမှာလည်း ရောင်းတာမှ မဟုတ်တာ
ပြီးတော့ အဲဒါ ကျွန်တော် ပြောချင်တာနဲ့လည်း ဆိုင်မှ မဆိုင်တာ ။
ကျွန်တော် အနှစ်သက်ဆုံး မိန်းမတစ်ယောက်ရဲ့ အချိုးအစားက ဒီလိုပါ
အချစ် ရူးသွပ်မှု မိုက်မဲမှု အဲဒီ ၃ မျိုး ဆတူ ရှိနေဖို့ပဲ လိုတာပါ
ဒါမှလည်း ကျွန်တော့်လိုကောင်ကို ယုံကြည်နိုင်မှာ မဟုတ်ဘူးလားဗျာ ။




0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။