ဒီလိုလက်စားချေပါ

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  • မိုးကိုမျှော်ကြည့်ပါ။ ခြေထောက်နဲ့ မြေကြီးကို မလွတ်ပါစေနဲ့။


  • အဖြေတွေအားလုံးကို စာအုပ်ထဲမှာ ရထားတဲ့သူဟာ ဘ၀မှာ အဖြေရှာစရာ မလိုတော့ဘူး။


  • ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲ အရေးကြီးပါတယ်။ နှေးတာက အရေးမကြီးပါဘူး။


  • ပြဿနာတစ်ခုကို reasonable ဖြစ်တဲ့အမြင်ရှိမှပဲ ဖြေရှင်းလို့ရမယ်။ Unreasonable ဖြစ်နေရင် အဖြေမရှိဘူး။


  • ကြောက်စိတ်မှာ dignity မရှိဘူး။ ကြောက်အောင်ခြောက်နေတဲ့သူမှာကော dignity မရှိဘူး။

  • ခွင့်လွတ်တဲ့စိတ်ဟာ မြင့်မြတ်တဲ့စိတ်ဖြစ်တယ်၊ ရင့်ကျက်ခိုင်မာတဲ့ စိတ်ဖြစ်တယ်။ သဘောထား ကြီးတဲ့စိတ် (big mind/ magnanimous) ဖြစ်တယ်။ အင်အားကြီးတဲ့စိတ် (powerful mind) ဖြစ်တယ်။


  • လူတွေ လေးစားတာခံဖို့ personal integrity ရှိဖို့လိုတယ်။


  • အားငယ်တတ်တဲ့သူ အားလုံးဟာ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေး curative ဖြစ်တဲ့ ဆက်ဆံရေးကို မရနိုင်ဘူး။


  • အချို့လူတွေနဲ့ တွေ့ရ၊ ဆက်ဆံ ရတဲ့အခါမှာ transformational relationship ဖြစ်လာတယ်။ လူ့ဘ၀မှာ တန်ဖိုး အရှိဆုံး အရာကို ရသလိုပဲ။ တန်ဖိုး ဖြတ်လို့ မရဘူး။


  • ဝေဖန်တာခံရတိုင်း ဒေါသဖြစ်တာဟာ မခိုင်မာတဲ့ သဘောဖြစ်တယ်။ ချီးမွမ်းတိုင်း ၀မ်းသာ တတ်တဲ့သူ၊ ကဲ့ရဲ့တိုင်း စိတ်ဆိုး တတ်တဲ့သူဟာ စိတ်မနိုင်တဲ့သူ၊ စိတ်မခိုင်တဲ့သူ ဖြစ်တယ်။ ဣနြေ္ဒမရဘူး။ dignity မရှိဘူး။


  • စည်းကမ်းနဲ့နေ၊ စည်းကမ်းနဲ့ ပြောတတ်၊ လုပ်တတ်တဲ့ သူဟာ အင်အားကြီးမားတယ်။ သြဇာရှိတယ်။


  • လူတစ်ယောက်ရဲ့ အဆင့်အတန်း မြင့်သွားလေလေ သူ့ရဲ့ပြောပုံ ဆိုပုံဟာလည်း အဆင့်အတန်း မြင့်သွားလေပဲ။


  • ဘယ်သူမှ မလေးစားတော့တဲ့ သူဟာ အသိုင်းအ၀ိုင်းထဲမှာ နေရာမရှိတော့တဲ့သူ ဖြစ်သွားပြီ။


  • ငါ့ကို ဒုက္ခပေးနေတဲ့သူကို ငါခွင့်လွှတ်လိုက်တယ်။ အဲ့ဒါ အကောင်းဆုံးနည်းနဲ့ လက်စားချေလိုက်တာပဲ။
(ဆရာတော်ဦးဇောတိက)

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes