ကမ္ဘာ့ပထမဆုံး Portable LED Display ကို MEDL မှထုတ်လုပ်မည်


လက်တော့ပ်အသုံးပြုသူများအနေနဲ့ secondary monitor အဖြစ် အသုံးပြုနိုင်စေမယ့် portable LED display ကို ဟောင်ကောင်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ MEDL technology မှထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။
၎င်း portable LED display ကို The Panel ဟုအမည် ပေးထားပြီး အရွယ်အစားကတော့ ၁၃ လက်မဖြစ်ပါတယ်။ အလေးချိန်ကလည်း ၂.၂ ပေါင်သာရှိ တာကြောင့် အလွယ်တကူသယ်ယူသွားနိုင်ပြီး PC ဒါမှမဟုတ် Mac တွေကို USB ကေဘယ်လ်မှတဆင့် ၁၀ စက္ကန့်အတွင်း ချိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။ Screen resolution ကတော့ 1280x800 pixels ဖြစ်ပြီး ဘက်ထရီသက်တမ်းကတော့ ၅ နာရီဖြစ်ပါတယ်။ လက်တော့ပ်ဖြင့် အသုံးပြုမယ်ဆိုပါက ကန့်သတ်ချက်များမရှိဘဲ ဖုန်း၊ Xbox 360, Sony Play-Station 3 စတဲ့ဂိမ်းစက်များအပြင် USB port ပါဝင်တဲ့ မည်သည့်အရာနှင့်မဆို ချိတ်ဆက်နိုင်မှာဖြစ်ကြောင်း MEDL မှဆိုပါတယ်။ The Panel portable LED display ကို ယခုနှစ်ကုန်ပိုင်းတွင် တင်ပို့ရောင်းချဖွယ်ရှိပြီး တန်ဖိုးကိုတော့မသိရသေးပါဘူး။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes