Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ


4 May 10, 19:38
Q 1: ဆရာ ကျွန်တော် အပြင်လိပ်ခေါင်း ဖြစ်နေလို့ သူများနိုင်ငံမှာ အလုပ်လုပ် နေရတော့ မကုသသေးရင် ဘာတွေဖြစ်နိုင် ပါသလဲ။
October 12, 2010 3:31 PM
Q 2: ကျနော်က နယ်မြို့လေးတစ်မြို့ကပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ၀မ်းချုပ်တာ များတာကြောင့် လိပ်ခေါင်း သေးသေးလေး ၀မ်းသွားပြီးတိုင်း ပြူထွက်ခဲ့ပါတယ်။ ၀မ်းသွားပြီးတိုင်း လက်နဲ့ပြန်သွင်းယူခဲ့ပါတယ်။ ၁ နှစ်မှာ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ သွေးအနည်းငယ် ပါခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ လလောက်ကတော့ ရန်ကုန် ရောက်နေချိန်မှာပဲ သွေးပါတာ စိပ်လာပြီးနောက် တဖြည်းဖြည်းနဲ့ ၀မ်းသွားတိုင်း သွေးတွေ ရဲနေအောင် ပါတော့တာပဲ။ ဒါနဲ့ ဆေးခန်းသွားပြီး လိပ်ခေါင်း ဆေးထိုးခဲ့ပါတယ်။ ဆေးထိုးပြီး လိပ်ခေါင်းက မာပြီး ကြွေမသွားပဲ ကျုံ့ပြီး ဟိုးပထမကလို သေးသေးလေး ကျန်ရှိနေပါ သေးတယ်။ နယ်ပြန်ရောက်နေတာရယ် ဆေးခန်းသွားပြရမှာလည်း ရှက်လွန်းလို့ ခုထိ ဒီအတိုင်းပဲ။ ၀မ်းသွားပြီးတိုင်း အပြင်ကို နည်းနည်း ပြူထွက် နေပါသေးတယ်။ ကျနော် ဘယ်လိုဆေးတွေ၊ ဘယ်လိုနည်းတွေနဲ့ အိမ်မှာနေရင်း ကုသနိုင်မလဲ ဆိုတာ လမ်းညွှန်ပေးပါ။ ဒီရောဂါကြီး အမြန် ပျောက်ချင်လှပါတယ်။

A 1: ဖြစ်လာနိုင်တာတွေက -
၁။ ၀မ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ၀မ်းမချုပ်စေတဲ့ အစားအစာ စားပါ။ ရေများများ သောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာ သွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်း သွေးကြောပိတ်နေတာကို ခွဲပြစ်ရမယ်။ စိုးရိမ်စရာ မလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မ၀င်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာ ထွက်နေတဲ့ လိပ်ခေါင်းက ရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကို အဆီ (ပါရာဖင်ဆီ) တခုခု ဆွတ်ထားတဲ့ ပတ္ထီး၊ အ၀တ်စမှာ တင်ပြီး လိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။
၅။ ၀မ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။

လိပ်ခေါင်းကနေ သွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုး သောက်ပါ။ သံဓါတ်က ၀မ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာ ချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်း သံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-၀က်-ကြက် အသဲကလဲ သွေးအား ကောင်းစေတယ်။

ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေက အကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ (ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲ အမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊

ဝမ်းချုပ်ရင် ပြင်းတဲ့ ၀မ်းနုတ်ဆေး အစား ခပ်ပြော့ပြော့သောက်ပါ။ ကောင်းတာက Milk of Magnesia or Cream of Magnesia ခေါ်တဲ့ ဆေးရည်ကို မအိပ်ခင် ဟင်းစားဇွန်း ၂ ဇွန်းသောက်ပါ။

ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်းထည့်ဆေး တခုခုကို ၀မ်းမသွားခင် ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲ လာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့က ထုံဆေးသဘောဖြစ်တယ်။

အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အ၀မလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာ ဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာ မီးလှုံရင်း၊ မြေစိုက် မီးဖိုမှာ ထမင်းချက်ရင်း၊ သန်းရှာရင်း စသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလို ခုံအနိမ့်ကို မသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာ လုပ်ရတိုင်း၊ စအိုနေရာကို စိတ်ကနေ ထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှ လုပ်ပါ။

ခြေလေးချောင်း တိရိစ္ဆာန်တွေမှာ လိပ်ခေါင်း မဖြစ်ပါ။ ရောဂါထနေရင် တယောက်တည်း ရှိနေတဲ့အခါ၊ အိပ်ယာပေါ်မှာ လေးဘက်ထောက် အနေအထားနဲ့ နားနေရင် သင့်ပါတယ်။ စအိုနေရာကို ဘာဖိအားမှ မသက်ရောက်စေလို့ပါ။

အိမ်သာက ဆောင့်ကြောင့် ထိုင်ရတာမျိုးကို မသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုး သုံးပါ။ ခါးကို ၉၀ ဒီဂရီထိုင်လို့ရတာမျိုး။ ၀မ်းသွားပြီးတိုင်း စက္ကူ၊ တွိုင်းလက်ပေပါ၊ တစ်ရှူး အစား၊ ရေကိုသာသုံးပါ။

ကျန်းမာပါစေ။
Dr. တင့်ဆွေ
၅-၅-၂၀၁၀

A 2:
Hemorrhoids လိပ်ခေါင်းကို ဆေးနဲ့ ကုတယ်ဆိုတာ ခံစားနေရတာတွေ သက်သာစေဘို့ ဖြစ်တယ်။
• ရေနွေးထဲမှာ ၁၀ မိနစ်ကြာ ထိုင်ပါ။ ထပ်ထိုင်နိုင်လေ ကောင်းလေ။
• ရောင်နေရင် ရေခဲကပ်ပေးပါ။
• (ကော်တွန်) အတွင်းခံကိုသာ ခပ်ချောင်ချောင် ၀တ်ဆင်ပါ။
• ၀မ်းသွားပြီးတိုင်း စအိုကို စိုနေတဲ့အ၀တ်၊ တစ်ရှူးနဲ့ သန့်ရှင်းပါ။ ရေသုံးတာ အကောင်းဆုံးပါ။
• နာနေရင် Acetaminophen or Aspirin ဆေး တမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။
• လိပ်ခေါင်းထည့်ဆေး တမျိုးမျိုးထည့်ပါ။ Hydrocortisone ဆိုတဲ့ (ကော်တီဇုံး) ပါတတ်တယ်။ သတိထားဘို့က နာတာ၊ ရောင်တာ၊ ယားတယတွေ ယာယီသက်သာစေဘို့သာဖြစ်တယ်။ ဆေးနာမယ်တချို့ကတော့ -
o Proctosedyl ointment
o Homeopathic Hemorrhoid Relief ointment for the temporary relief of pain and discomfort
o Anusol HC Ointment is used in the treatment of symptoms such as itching, swelling
o Avenoc Ointment for Hemorrhoids for soreness, itching, burning
o Hemorrhoidal Ointment temporarily relieves pain, soreness, burning and itching
o Heel/BHI - Hemorrhoid Relief Ointment 50g
o Hemmorex Ointment 1oz is for palliative relief from the misery and discomfort of simple piles or hemorrhoids
o Avenoc' Ointment for Hemorrhoids for soreness, itching, burning
o Medline Hemorrhoid Relief Ointment - 2 Oz Tube

Internal hemorrhoids အတွင်းလိပ်ခေါင်းကုသနည်းများ
1. Rubber Band Ligation သားရေကွင်းနည်း၊
2. Injection Sclerotherapy ထိုးဆေးနည်း၊
3. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4. Laser Coagulation လေဆာနည်း၊
5. Hemorrhoidectomy ခွဲစိတ်နည်း၊

External hemorrhoids အပြင်လိပ်ခေါင်း ကုသနည်းများ
1. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
2. Laser Coagulation လေဆာနည်း၊
3. Hemorrhoidectomy ခွဲစိတ်နည်း၊

• For the treatment of a prolapsed hemorrhoid, a hemorrhoidectomy is recommended. ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းက အကောင်းဆုံးဖြစ်တယ်။
• For the treatment of a thrombosed external hemorrhoid, drainage of the hemorrhoid or a hemorrhoidectomy is recommended. အပြင်လိပ်ခေါင်မှာ ရုတ်တရက်သွေးပြန်ကြောပိတ်လို့ အတင်းနာရင် ခွဲစိတ်နည်း ချက်ချင်းလုပ်တာ ကောင်းတယ်။

Self Care မိမိဖါသာ ဂရုစိုက်နည်း
• လိပ်ခေါင်းအတော်များများက သူ့ဖါသာသူ ၁-၂ ပါတ်အတွင်း သက်သာလာ နိုင်တယ်။
• ဖိုင်ဘာများ အစားအစာတွေ စားပါ။
• ရေ တနေ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။
• ၀မ်းမာနေရင် ၀မ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်း အိပ်ရာဝင်သောက်ပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။
• အလုပ်မအားလို့ ၀မ်းသွားမှာကို ထိန်းထာတာမျိုး မလုပ်ပါနဲ့။
• တကိုယ်ရေ သန့်ရှင်းရေး၊ စအိုတ၀ှိုက် သန့်ရှင်းရေး လုပ်ပါ။

Dr. တင့်ဆွေ
၁၂-၁၀-၂၀၁၀

1 comments:

Unknown said...

ဆရာ တင်ပဆုန်ခွက်ထဲ့က အကြော်ညပ်နေသလိုဖြစ်ရင် သို ဆစ်ဆစ်နဲ့ကိုက်နေရင် တစ်ကောက်ကြော်း ထိ ဖြစ်နေတက်ပါတယ် အဲ့ဒါ လိပ်ခေါင်းဆွဲးတာလို့ပြေားနေကြတယ် ဟုပ်ပါသလာခများ

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes