သမ္မတဟောင်း မူဘာရက်၏လူ အီဂျစ်ဝန်ကြီးချုပ် နုတ်ထွက်



အီဂျစ်သမ္မတဟောင်း ဟော့စ်နီ မူဘာ ရက်နှင့် ဆက်နွှယ်မှုများရှိသည့်အပေါ် အတိုက်အခံများ၏ ဒေါသတကြီး တုံ့ပြန်မှုများကြောင့် အီဂျစ်ဝန်ကြီးချုပ် အာမက် ရှာဖစ်သည် ယခုလ ၃ ရက် နေ့က ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
အဆိုပါ လေတပ်အရာရှိဟောင်းကို မူဘာရက်က ၎င်းရာထူးမှ မနုတ်ထွက်မီဝန်ကြီးချုပ်ရာထူး တိုးပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြုခြင်း အားဖြင့် မူဘာရက်သည် ၎င်းကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ထောင်ပေါင်းများစွာသော လူထုအားဖျောင်းဖျနှစ်သိမ့်ရန် ရည်ရွယ်ခဲ့ သည်။
အီဂျစ်တပ်မတော်က ပို့ဆောင်ရေး ၀န်ကြီးဟောင်း အက်ဆမ် ရှာရက်ဖ်ကို ၀န်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ် လိုက်သည်။ မစ္စတာ ရှာရက်ဖ်သည် မူဘာရက်၏ အစိုးရအဖွဲ့ဟောင်း တစ်ဖွဲ့လုံးကို မမြင်ချင်တော့သည့် အီဂျစ်ပြည်သူများ သဘောကျသူတစ်ဦးဖြစ်ပြီး
၎င်း၏အစိုးရ၀န်ကြီးအဖွဲ့ကို သူ့စိတ်ကြိုက်ရွေးချယ်လိမ့်မည်ဖြစ်သည်။
မူဘာရက်ထံမှ စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်တွင် အာဏာလွှဲပြောင်းယူခဲ့ပြီး ခြောက်လအတွင်း ဒီမိုကရေစီအစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ပေးပါ့မည်ဟု ကတိပြုခဲ့သည်။
ရာထူးမှဖယ်ရှားခဲ့ရသည့် သမ္မတ ဟောင်း မူဘာရက်သည် အကျင့်ပျက်မှု စွဲချက်များနှင့် ရင်ဆိုင်နေရပြီး ပြည်သူ့ ရှေ့နေက မကြာမီ က ၎င်း၏ပိုင်ဆိုင်မှု များကို ထိန်းချုပ်လိုက်ပြီး ခရီးသွားလာ ခွင့်ကိုလည်း ပိတ်ပင်လိုက်သည်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes