ဒီဟာလေးကကျွန်တော်မိတ်ဆွေညီမလေးရဲ့ လက်ရာလေးပါ။အားလုံးပဲ ကျွန်တော့်ညီမလေးကိုလည်းအားပေးကြပါဥိးဗျာ...
သူတို့အဖွဲ့ က အခန်းထဲမှာ ကုပ်ကမြင်းအဖွဲ့။သူတို့ကိုယ်တို
သူတို့တက်နေတဲ့ တက္ကသိုလ်က (အပိုပြောတာ မဟုတ်ပါဘူး) ဂိတ်ပေါက် ၂ ပေါက်ပဲ ရှိတဲ့ကျောင်းပါ၊ တခြားကျောင်းတွေလို ခွေးတိုးပေါက်တို့ နွားတိုးပေါက်တို့လဲ မရှိဘူး၊ လူရော ကားရော ၀င်တဲ့ ဂိတ်ပေါက်ရယ် ကားထွက်တဲ့ အပေါက်ရယ် ၂ပေါက်ပဲရှိတာ၊ ကျောင်းကနေ ပြန်ချင်တဲ့ အချိန်လဲ ပြန်လို့မရဘူး ကျောင်းထဲကို ၀င်လိုက်ပြီဆိုတာ နဲ့ ညနေကျောင်းဆင်းချိန်မရောက်မချင်
့ အဲ တစ်ခါသားပေါ့ ထုံးစံအတိုင်း အတန်းမတက်ချင်ဘူး အပြင်သွားကြဖို့ ကြံစည်ကြပါလေရော ဌာနမှူးဆီကလဲ ကလိမ်စေ့ငြမ်းဆင်ပြီး လက်မှတ်တွေခဏခဏသွားတောင်းထားတော
မိုးလေး ။ ။ ကဲ စုလေးနဲ့ ကလျာနဲံ အရင်ထွက်ဟာ နော် နင်တို့က လူကောင်သေးတော့ နင်တို့ ဖြတ်သွားတာ သိလိုက်မှာမဟုတ်ဘူးဟ
သူတို့အဖွဲ့ထဲက အကြောက်တတ်ဆုံး အအေးဆုံး၂ယောက်ကို တာဝန်စပေးလိုက်တယ်
ကလျာ ။ ။ ဟာ ဖြစ်ပါ့မလား ငါကြောက်တယ်
သူသူ ။ ။ သွားပါဟာ နင်တို့အရင်ထွက်လိုက် နင်တို့အဆင်ပြေရင် ငါတို့လိုက်ထွက်မယ် နင်တို့အပြင်ရောက်ရင်စောင်နေ့ေ
စုလေး ။ ။ ကဲကဲ ပြောနေကြာတယ်ဟာ သွားမယ် ကလျာ လာ....
စုလေးနဲ့ ကလျာနဲ့ ထွက်သွားကြတာကို ကျန်တဲ့လေးယောက်က အခြေအနေစောင့်ကြည့်နေကြတယ် သူတို့ ၂ယောက်လဲ ဒီလို တစ်ခါမှမလုပ်ဖူးသေးတော့ ရင်တထိတ်ထိတ်နဲ့ သွားကြတာပေါ့
အဲဒီနေ့က ဂိတ်ပေါက်မှာ ဂျူတီကျတာ လက်ထောက်မော်ကွန်းထိန်း ဂိတ်ပေါ့က်ရှေ့ကို ဖြတ်တဲ့အချိန်မှာ ပဲ
လက်ထောက်မော်ကွန်းထိန်း။ ။ ကျောင်းသူ၂ ယောက် ဘယ်လဲ ဌာနမှူးလက်မှတ်ရော
ဟာ သွားပြီ ဘယ်လိုဖြေရမလဲ ကလျာ ခြေဖျားလက်ဖျားတွေအေးစက်လာပြီ ကြောက်ကြောက်နဲံ အဲဒီဆရာမကိုကြောင်ပြီးကြည့်နေမိ
စုလေး ။ ။ လာ လာ ကလျာ ပြေးမယ်
၂ယောက်သား ပြေးကြတာ တန်းနေတာပဲ
လက်ထောက်မော်ကွန်းထိန်း။ ။ ဟေ့ ကောင်မလေးတွေမပြေးနဲ့လေ
မော်ကွန်းထိန်း က မထင်မှတ်ထားတာ ဖြစ်သွားတော့ ပြာယီးပြာယာနဲ့ ထပြီး လိုက်ပြီ
ကလျာ။ ။ ဟဲ့ ဟိုမှာ လိုက်လာပြီ
စုလေး ။ ။ဟာ ဘယ်လိုကြီးလဲ ဟ တခြားဆရာမတွေဆိုလိုက်မှာမဟုတ်ဘူ
၂ယောက်သား ခြင်းတွေ လွယ်အိတ်တွေ ကိုးယို့ကားယား နဲ့ ပြေးရင်း အကြံထုတ်နေကြတယ် နောက်ကလဲ မော်ကွန်းထိန်းကြီးက ဒီကလေးမတွေ ငါ့နဲ့တွေ့ဦးမယ် ဆိုတဲ့ ပုံစံနဲ့ မမိမိအောင်ဖမ်းမယ့်ပုံကြီး
ကလျာ ။ ။ ဟာ လမ်းမကြီးမှာဟာ.....ကားတွေလဲ အများကြီး.... ငါတို့ကို ကြည့်ကုန်ပြီ ရှက်စရာကြီး....ငါ မပြေးတော့ဘူး
စုလေး ။ ။နင်ကလဲ ကျောင်းအပြင်တောင်ရောက်နေပြီကို လာပါဟ
ကလျာ ။ ။ ဟဲ့ ဟိုနောက်ကိုလဲ ကြည့်ဦး။ ငါတို့ကို လှည်းတန်းရောက်တဲ့ထိလိုက်မဲ့ပုံ
၂ယောက်သား ဟောဟဲ လိုက်ပြီး အဲဒီနားလေးမှာပဲ ရပ်နေလိုက်တော့တယ် မော်ကွန်းထိန်းကြီးကတော့ ပါးစပ်က ပွစိပွစိနဲ့၊ နင်တို့ငါ့လက်ထဲကပြေးမလွတ်ပါဘူး
ကံကလဲ မကောင်းချင်တော့ ဌာနမှူးကြီးကလဲ အခန်းထဲဝင်လာပြီး ရှူးရှူးရှဲရှဲ နဲ့ ဆူပါလေရော သူတို့ ကတော့ အေးဆေးပဲ သူတို့ မလုပ်ခဲ့တဲ့ စတိုင်လေးတွေနဲ့ .....
ရေးသားသူ ယု(YUFL)
0 comments:
Post a Comment
(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။