Windows 7 SP1 နှင့် Windows Server 2008 R2 SP1 ကို Microsoft မှအသိပေးကြေညာ


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Microsoft ဟာ Windows 7 နဲ့ Windows Server 2008 R2 တို့ရဲ့ service pack များကို ထုတ်လုပ်ပေးမှာဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါတယ်။
ဒါပေမဲ့ ဖြန့်ချိမယ့်ရက်နဲ့ user တွေအသုံးပြုနိုင်မယ့်အစီအစဉ်ကိုတော့ ထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ အဆိုအရ Windows 7 Service Pack 1 မှာ အသေးစားအ ဆင့်မြှင့်တင်မှုများကို ပြုလုပ်ပေးထားပြီး feature အသစ်များလည်း ပါဝင်လာတယ်လို့သိရပါတယ်။ Windows Server 2008 R2 Service Pack 1 မှာတော့ Remote-FX နဲ့တွဲသုံးနိုင်မယ့် Remote Desktop client ကို အဆင့်မြှင့်တင်ပေးထားတဲ့ remote access platform အသစ်နဲ့ Dynamic Memory လို့ခေါ်တဲ့ feature ကိုလည်း ထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်။ သုံးသပ်သူအချို့ရဲ့ အဆိုအရ Microsoft ဟာ Windows Vista ကိုစတင်ထုတ်လုပ်ပြီး ရှစ်လအကြာတွင် Windows Vista SP1 ကို ထုတ်လုပ်ခဲ့တာကြောင့် Windows 7 Service Pack 1 ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်း ဖြန့်ချိဖွယ်ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes