Web browser မှတစ်ဆင့် ဖိုင်များကို ဝေမျှခြင်း

မင်္ဂလာနှစ်သစ်ပါခင်ဗျာ......၁၀ရက်ကျော်မှ happy new year ထအော်နေတယ်.......ဟီးးးး....:P
ကျွန်တော်လည်း post အသစ်မတင်ဖြစ်တော့ဘူးဗျာ။လာပီးအားပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလဲ အရမ်းအားနာမိပါတယ်..........ခုနောက်ပိုင်း သူငယ်ချင်း နှစ်ယောက်သုံးယောက်လောက်ကသိချင်တာမေးလာမှ ပို့ စ်ကအသစ် တင်ဖြစ်တော့တယ်.......:)

ကျွန်တော်အရင်က ဖိုင်ရှယ်တာတွေနဲ့ ပါတ်သတ်ပီး ပို့ စ်တခုရေးထားပါတယ်....အဲ့ဒါထက်ကောင်းတာမရှိဘူးလားမေးလို့ ....ရှာပီးတင်လိုက်တာပါ....
ဖော်ပြပေးမယ့် နည်းလမ်းကတော့ web browser ကနေတစ်ဆင့် ဖိုင်များကို ဝေမျှနိုင်စေမယ့် နည်းလမ်း ဖြစ်ပါတယ်။ Dropbox, AIM, GTalk စတာတွေကို အသုံးပြုကြတဲ့ သူငယ်ချင်းတွေထံ တစ်စုံတစ်ရာကို ဝေမျှလိုတဲ့အခါမှာ သူတို့ အသုံးပြုနေတဲ့ ဝန်ဆောင်မှုတွေကို လိုက်လံ အသုံးပြုပြီး ဝေမျှမယ်ဆိုရင် ပင်ပန်းမှုနဲ့သာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ လွယ်ကူ အဆင်ပြေစွာ ဖိုင်တွေကို ဝေမျှပေးနိုင်မယ့် နည်းလမ်းကတော့ Web browser ကနေ ဝေမျှနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ browser ရဲ့ peer-to-peer(P2P) လို့  network အခေါ် ဆက်သွယ်မှုကနေတစ်ဆင့် ပြုလုပ်ခြင်း ဖြစ်တာကြောင့် ဖိုင်တွေကို ဝေမျှတဲ့ အခါမှာ ပိုမို လျင်မြန်စွာနဲ့ ပြုလုပ်နိုင်စေပါတယ်။
(၁) http://www.justbeamit.com ကို Web browser တွင် ဖွင့်ပါ။
    အောက်က အာဘွားကောင်ပုံလေးကိုထောက်ပီးသွားလိုက်ပါ........

(၂) ဝေမျှလိုတဲ့ ဖိုင်ကို dotted-line box အတွင်း drag and drop လုပ်ပြီး ထည့်ပါ။ Select a file to beam ခလုတ်ကို နှိပ်ပြီးလည်း ထည့်နိုင်ပါတယ်။ ဖိုင်အရွယ်အစား 2GB အထိ ဝေမျှနိုင်ပါတယ်။
(၃) Box ရဲ့ အပေါ်ဘက်မှာ ပေါ်လာတဲ့ link ကို copy လုပ်ပြီး သူငယ်ချင်းထံ ဝေမျှပါ။
(၄) Upload လုပ်ငန်းစဉ် ပြီးဆုံးတဲ့ အခါမှာ waiting ဆိုတဲ့ အချက်ပြမှု ပေါ်လာပါမယ်။ပီးရင် အပေါ်မှာ သူက မိမိသူငယ်ချင်းမိတ်ဆွေတွေကို ရှယ်(share)လုပ်လို့ ရမဲ့  လင့်ခ် (link)ပေးလိမ့်မယ်....သူငယ်ချင်းမိတ်ဆွေကို လင့်ခ်ပေးရုံပဲ။
(၅) လက်ခံမယ့် သူငယ်ချင်းမှ download ပြုလုပ်တဲ့ အခါမှာတော့ ညာဘက်အောက်ထောင့်မှာရှိတဲ့ ဖိုင်လွှဲပြောင်းမှု လုပ်ဆောင်ချက်ကို ကြည့်ပါ။
ဒီဝန်ဆောင်မှုကို အသုံးပြုရာမှာ အလွန် လွယ်ကူပြီး account ပြုလုပ်ဖို့လည်း မလိုပါဘူး။ အားနည်းချက်ကတော့ ဖိုင်လွှဲပြောင်းနေစဉ် အတွင်း ပေးပို့သူရော လက်ခံသူဘက်ကပါ Web browser ကို မပိတ်ဖို့ လိုပါတယ်။ အကယ်၍ ဖိုင်လွှဲပြောင်းနေစဉ်အတွင်း browser ကို ပိတ်လိုက်ရင်တော့ ဖိုင်လွှဲပြောင်းမှု လုပ်ငန်းစဉ် အဆုံးသတ်မှာ ဖြစ်ပါတယ်။








1 comments:

မြတ်ပန်းနွယ် said...

ကျေးဇူးတင်ပါတယ်ရှင်။

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes