website နည်းပညာများကို လေ.လာလိုသူများအတွက် CSS(Cascading Style Sheets), HTML

ဘာမှကို မတင်ဖြစ်တာကြာပါပီ ....ကျောင်းစာတွေနဲ့  နပန်းလုံးနေလို့ ပါ....:)
ခုတော့ သူငယ်ချင်းတယောက်က ကြိုးစားပန်းစားရေးထားတဲ့  စာအုပ်မို့လို့ တင်ပေးလိုက်တာပါ။
အချိန်တော့မရဘူးဗျာ...စိတ်ဝင်စားတဲ့  မိတ်ဆွေများအတွက်ပါ...ရေးသားသူကတော့  ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းကြီး ကျော်ကို (ဂျီးတော် http://www.itloading.com )ကိုယ်တိုင်ရေးသားထားတာပါ.။
အမြည်းအနေနဲ့  နည်းနည်းပြောပြမယ်နော်....
Cascading Style Sheets (CSS) ဆိုတာ style sheet language တစ်ခုပဲဖြစ်ပါတယ် ၊ CSS သည်
markup language ထဲမှာ ရေးသားထားတဲ့ document တွေ၏ style တွေကို formatting ချဖို့အတွက်
World Wide Web Consortium (W3C) ဖန်တီးထားခြင်းဖြစ်ပါတယ် ၊ CSS တွေကို
အများဆုံးအသုံးပြုတာကတော့ HTML , XHTML နှင့်ရေသားထားသော document တွေမှာ
အသုံးပြုကြပါတယ် ၊CSS အကြောင်း မလေ့လာခင်မှာ HTML / XHTML ကိုတော့
သိထားသင့်ပါတယ်။HTML 3.2 မှာ font နှင့် color တွေ သတ်မှတ်တဲ့ အခါ web developers
တွေအတွက် အဆင်မပြေမူတွေ၊ HTML 3.2 နှင့် ကြီးမားတဲ့ web sites တစ်ခုတည်ဆောက်တဲ့
အခါ ရူပ်ထွေးမူတွေဖြစ်ပေါ် စေပါတယ် ၊ CSS – Cascading Style Sheets ဆိုတာ HTMl
element တွေကို ဘယ်လို style မျိုးနဲ့ ဖော် ပြမလဲဆိုတဲ့ အခါ အသုံးပြုပါတယ် ၊ CSS files တွေကို
  သီခြားထားပြီး ခေါ်ယူအသုံးပြုနိုင်ပါတယ် ။ 


     CSS သတ်မှတ်သော ပုံစံ


ပြထားသော ပုံကိုကြည့်လိုက်ပါ။ ၎င်းမှာ အပိုင်းနှစ်ပိုင်း၇ှိပါတယ်၊  Selector ဆိုတာ ကိုအသုံးပြုချင်တဲ့ HTML element (p,h1,h2 စသဖြင့်) ပါ။
Declaration ထဲမှာတော့ Property နှင့် value တွေ ပါဝင်ပါတယ်၊
CSS declarations တွေကိုတော့ အမြဲတမ်း semicolon(;) နဲ့ ဆုံးပြီး၊ declaration groups တွေကို
curly brackets { } တွေနဲ့ ပိတ်ပါတယ်။ တစ်ခုထက်ပိုတဲ့ declaration တွေ ကြေညာချင်ရင်တော့
semicolon(;) နဲ့ ခြားပြီး ဖေါ်ပြပါတယ်။ အောက်မှာ ကြည့်ကြည့်ပါ-----
CSS style


လိုချင်ရင်အောက်က လင့်ခ်မှာဒေါင်းလော့လုပ်ယူနိုင်ပါသည်။
  ဒီမှာ  

အားလုံးကိုကျေးဇူးတင်ပါတယ်....


0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes