အခြေခံ ဘုရားရှိခိုး

ရတနာ သုံးပါး ရှိခိုးကန်တော့ရန်

၁။ ဗုဒ္ဓံ = မြတ်စွာဘုရားကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၂။ ဓမ္ဓံ = တရားတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၃။ သံဃံ = သံဃာတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။

ကန်တော့ရန်

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို၊ အရိုအသေ၊ အလေးအမြတ်၊ လက်အုပ်မိုး၍ ၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့ ၊ ကန်တော့ပါ၏ ၊ အရှင်ဘုရား ။


ဆုတောင်းရန်
ကန်တော့ရသော အကျိုးအားကြောင့်၊ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါးတို့မှ၊ အခါခပ်သိမ်း၊ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ၊ ရပါလို၏ ၊ အရှင်ဘုရား ။

“ ဆွမ်းတော်ကပ်လှူရန် ”

အရဟတာဒိ န၀ဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား ၊ သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊ ( ရည်မှန်း၍ )
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ဝဏ္ဏ ဂန္ဓ ရသ သမ္ပနံ္န = အဆင်း အနံ့ အရသာနှင့်  ၊ ပြည့်စုံသော၊
ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယံ = ဤဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ပန်းကပ်လှူရန် ”

ဝဏ္ဏ ဂန္ဓ သမ္ပနံ္န = အဆင်း အနံ့နှင့်ပြည့်စုံသော၊
ဣမံပုပံ္ဖ = ဤပန်းကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ရေကပ်လှူရန် ”

သုဒ္ဓ သီတလ ပသန္နံ = သန့်ရှင်းအေးမြ ကြည်လင်လှသော၊
ဣမံ ပါနီယ ပရိဘေဇနီယံ = ဤသောက်တော်ရေ သုံးဆောင်တော်ရေကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ဆီမီးကပ်လှူရန် ”

ပဘာဝဏ္ဏေဟိ = အရောင်အဆင်းတို့ဖြင့်၊
ဣမံ ဒီပ ဇာလံ = ဤဆီမီးလျှံကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ဆုတောင်း ”

၁။ ဘုရားတပည့်တော်၊ တပြည့်တော်မတို့၏ ၊ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော်၊ ပန်း၊ ဆီမီး၊ သောက်တော်ရေ) ဤကောင်းမှုသည်၊ နောင်အခါ၌၊ လောကီလောကုတ္တရာ၊ ကြီးသောဥာဏ်ပညာ၏ ၊ ရကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။
၂။ ဘုရားတပည့်တော်၊ တပြည့်တော်မတို့၏၊ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော် ၊ ပန်း၊ ဆီမီး၊ သောက်တော်ရေ ) ဤကောင်းမှုသည်၊ နိဗ္ဗာန်၏ ရောက်ကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။

“ မေတ္တာပို့ ”

၁။ လုံးစုံများစွာသတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၂။ ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွာ၊ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၃။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၎။ ဝေးနေ နီးနေ နှစ်ထွေများစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၆။ ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၇။ ကြီး ငယ် အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၈။ ဆူ ကြုံ အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ ။
၁၀။ အထင်သေးခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။

ဒိသာဖရဏမေတ္တာပွားနည်း

၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။ ၄။ တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၅။ အနောက်တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၆။ အနောက်မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ
၇။ အရှေ့မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ဒေါသခပ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၈။အရှ့တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။ ။

“ အမျှဝေ ”

ဤသို့ပြုရ မြတ်ပုညကို မိဘနှစ်ဖြာ ဥာတကာနှင့် ဆရာသမား အစထား၍၊ နတ်များမကျန် ၊ သတ္တ၀ါမှန်သမျှ ၊ အနန္တတို့ ၊ ရကြပါစေ၊ အမျှဝေ၏ မသွေယခု ဤကောင်းမှုကို၊ သာဓု သာဓု သာဓု၊ ခေါ်စေသော ။

“ မေတ္တာပို့သခြင်းအကျိုး ”

ဗုဒ္ဓရှင်တော်ဘုရား လက်ထက်အခါတော်က သာဝတ္ထိပြည်မှ ယူဇနာတစ်ရာဝေးသော တောနေရဟန်း (၅၀၀) တို့ကို၊ နတ်ဘီးလူးတို့က ခြောက်လှန့်ကြ၏ ထို့ကြောင့်ရဟန်းတို့သည် တရားအားထုတ်သော် လည်း တရားထူးကို မရနိုင်ကြ ၊ မြတ်ဗုဒ္ဓက ထိုရဟန်းတို့အား နတ်ဘီးလူးတို့ခြောက်လှန့် မှုမပြုရန် မေတ္တာသုတ်ပရိတ်တော်ကို ဟောကြားသင်ပြတော်မူပြီး ထိုရဟန်းတို့သည် မေတ္တာသုတ်ပရိတ်တော် တို့ကို ရွတ်ဆို၍ မေတ္တာပို့သဖြင့် နတ်ဘီးလူးတို့ခြောက်လှန့်မှုကင်းဝေးခဲ့၏ ။ ထိုမျှသာမက မေတ္တာ၏ အကျိုး (၁၁) မျိုးကို ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား
(၁) ချမ်းသာစွာ အိပ်ရခြင်း ။
(၂) ချမ်းသာစွာ နိုးရခြင်း ။ (၃) အိပ်မက်ဆိုးကို မမြင်မက်ခြင်း ။
(၄) နတ်တို့က စောင့်ရှောက်ခြင်း ။
(၅) လူအများ ချစ်ခင်ခြင်း ။
(၆) မီးဘေး မသင့်နိုင်ခြင်း ။
(၇) အဆိပ် လက်နက် မသင့်ရောက်နိုင်ခြင်း ။
(၈) စိတ်တည်ကြည်ခြင်း ။
(၉) တွေဝေစွာ မသေရခြင်း ။
(၁၀) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟူ၍ (၁၁) ပါးရှိကြောင်း ပြဆိုထားပါသည်။



ပြန်လည်ဝေငှခြင်းဖြစ်ပါတယ်..........

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes