(важно)Nutrition အာဟာရ


(ယမုန်နာ ဆေးခန်းလက်ထောက်များအတွက် သင်ခန်းစာသာဖြစ်သည်၊)

လူ့ ခန္ဓာကိုယ်အား ရေ၊ (အမိုင်နိုအက်စစ်)၊ (ဖက်တီးအက်စစ်)၊ (နူးကလီးရစ်အက်စစ်)၊ သကြား၊ (ဖိုင်ဗာ)များ ဖြစ်သည့် (ကာဗွန်ဟိုက်ဒရိတ်) စသည်တို့ဖြင့် တည်ဆောက်ထားသည်။ ယင်းဓါတ်ပေါင်းများသည် (ကာဗွန်)၊ (ဟိုဒရိုဂျင်)၊ (အောက်စီဂျင်)၊ (နိုက်ထရိုဂျင်)၊ (ဖေါ့စ်ဖါးရပ်စ်)၊ သံဓါတ်၊ သွပ်ဓါတ် စသောဓါတ်များပါဝင်သည်။ ၄င်းတို့အား စုပေါင်းလျက် (ဟော်မုန်း)၊ (ဗီတာမင်)စသည်တို့ ဖြစ်လာသည်။ စားလိုက်သည့် အစားအစာများအား အစာခြေစနစ်မှနေ၍ အစာကို သွေးထဲ ရောက်အောင် စုပ်ယူနိုင်သည်အထိ အဆင့်ဆင့် ခြေပေးရသည်။

အာဟာရဓါတ် ၇ မျိုး
1. Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)
2. Proteins ပရိုတင်း၊
3. Fats အဆီ၊ 4. Vitamins ဗီတာမင်များ၊
5. Minerals ဓါတ်ဆားများ၊
6. Fiber (ဖိုင်ဗာ)နှင့်
6. ရေ။

Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)၊ Proteins ပရိုတင်း နှင့် Fats အဆီတို့က Energy ခွန်အားကိုရရှိသည်။ Calorie (ကလိုရီ) နှင့်တိုင်းတာသည်။ (ကာဗွန်ဟိုက်ဒရိတ်)၊ ၁ ဂရမ် မှ ၄ ကလိုရီ၊ ပရိုတင်း ၁ ဂရမ် မှ ၄ ကလိုရီ၊ နှင့် အဆီ ၁ ဂရမ် မှ ၉ ကလိုရီတို့ အသီးသီးရရှိသည်။ (ကာဗွန်ဟိုက်ဒရိတ်)ဆိုသည်မှာ နေ့စဉ်မစားမနေ စားကြရသည့် ဆန်၊ ဂျုံ၊ ပြောင်း၊ လူး-ဆပ်တို့မှာပါဝင်သည်။

Protein အသားဓါတ်ဟုလူသိများသော ပရိုတင်းတွင် မရှိမဖြစ်သော Essential Amino Acid (အမိုင်နို-အက်စစ်)များ ပါဝင်သည်။ လူ၏ပျက်စီးသွားသော (တစ်ရှူး)များ၊ (ဆဲလ်)များ အစားထိုးရန်၊ အသစ်တည်ဆောက်ရန်အတွက် အသုံးကျသည်။ အသား၊ ပဲ၊ ငါး၊ ဥ၊ အစေ့အဆံ၊ နို့၊ နို့ထွက် ပစ္စည်းများကရရှိသည်။ ကိုယ်အလေးချိန် ၇ဝ ကီလို ရှိသူအတွက် တနေ့လျင် ပရိုတင်း ၇ဝ ဂရမ်လိုအပ်သည်။ (ဖိုင်ဗာ) ဆိုသည်မှာ အသီးအနှံများတွင် ပါဝင်သည်။ ၄င်းကိုမစားက ဝမ်းချုပ်စေသည်။

လူ့ခန္ဓာကိုယ် အလေးချိန်၏ အလေးချိန် ၇ဝ% သည် ရေဖြစ်သည်။ တနေ့လျင် ရေ ၁-၉ လီတာ လိုအပ်သည်။ ရေနည်းပါက dehydration ရေခမ်းခြောက်ခြင်း အခြေအနေ ဖြစ်လာမည်။ လိုအပ်သော ဓါတ်ဆားများမှာ Calcium, Chloride, Magnesium, Phosphorus, Potassium, Sodium, Sulfur, Copper, Chromium, Manganese, Molybdenum, Nickel, Selenium, Vanadium, Cobalt, Iodine, Iron တို့ဖြစ်ကြသည်။

မျှတသော အစားအစာ Balanced Diet
အမျိုးအစား စုံလင်အောင် စားရသည်။ သင်တင့် မျှတစွာ ပါဝင်ရမည်။ အာဟာရ လိုအပ်ချက်နှင့်လည်း ပြည့်မီရမည်။ လိုအပ်ချက် အနည်းအများရှိသည်။ အလုပ်ကြမ်း လုပ်ရသူ၊ ကိုယ်ဝန်ဆောင်များက ပို၍စားရမည်။ သန့်ရှင်းရေးနှင့် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် လူသည် ကျန်းမာ သန်စွမ်းစေသည်။ ကိုယ်ဝန်ဆောင်စဉ် သံဓါတ်၊ ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယန် ဓါတ်ဆားများ ပေးရမသည်။ အရက်ကြောင့် အသဲရောင်ခြင်း Alcoholic Hepatitis ဖြစ်လာလျင် (Vitamin supplement + 40 kcal/kg + 1.5-2 G/kg as protein + Folic acid + B 1) တို့ပေးရသည်။ အာဟာရနှင့် ဆေးကုခြင်းမျိုးဖြစ်သည်။

Cholesterol (ကိုလက်စတီရော) ဆိုသည်မှာ အစားအစာထဲတွင် ပါဝင်သော အဆီတမျိုးဖြစ်သည်။ လိုအပ်သော်လည်း များပါက သွေးကြောလေးများ၏နံရံတွင် လာစုသောကြောင့် သွေးကြောကျဉ်းရောဂါ ဝင်လာသည်။ တိရစ္ဆာန်အဆီ-အရွတ် များ၌ (ကိုလက်စတီရော) ပါဝင်သည်။ (မာဂျရင်း)၊ (ကွတ်ကီးစ်)၊ (ခရက်ကား)တို့မှာလည်း များသည်။ အဆီနည်းသော ဆီများမှာ corn, canola, olive, safflower, soybean and sunflower တို့ဖြစ်ကြသည်။ ကျန်းမာရေးနဲ့ မသင့်သော ဆီများအား Trans fats or trans fatty acids ဟုခေါ်သည်။ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီများကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့် လိုက်ခြင်းဖြစ်သည်။ အသုံးခံ၊ အစားအသောက်ကလည်း အရသာထူးလာစေသည်။ အဆိုး(LDL) နှင့် အကောင်း(HDL) နှစ်မျိုးရှိသည်။ အဆိုးများလျင် နှလုံးသွေးကြောကျဉ်း (စထုပ်ခ်)၊ ဆီးချို အမျိုးအစား ၂ ရနိုင်သည်။ အဝလွန်၊ အသဲ၊ ကင်ဆာ၊ အဇာမိုင်ယားရောဂါများလည်း ဖြစ်စေသည်။ ပြောင်းရန်မလိုဘဲ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်းများတွင် (ထရန့်ဆီ) ပါနေပြီးဖြစ်သည်။

Junk food ဆိုသည်မှာ အလွယ် ဝယ်ယူစားသောက်နေကြသော ခေတ်ပေါ်အစာများကို ခေါ်သည်။ အာဟာရတန်ဘိုး နည်းနည်း သာပါဝင်ပြီး။ ကျန်းမာရေး ထိခိုက်စေနိုင်သော ဆား၊ (ထရန့်ဆီ)၊ ကလိုရီများသည်။

အစားအစာများကို အအေးခံခြင်း၊ ရေခဲသေတ္တာထဲထားခြင်းနည်းများဖြင့် သိုလှောင်ထားရာ၌လည်း သတိထားရမည်။ ယင်-ကြွက်-ကြောင်-ပိုးဟပ်စသည်များ မလာစေရန် လုံခြုံအောင် ဖုံးထာရန်လည်း သတိထားရမည်။ ချက်ပြုတ်ရာတွင် လည်း အပူချိန်၊ လှီးဖြတ်သည့်ဓါးစသည်၊ ထည့်-ဆေးသည့် အိုးခွက်စသည်များကိုလည်း သတိထား ရန်လိုသည်။

Vitamins ဗီတာမင်များ
အမျိုးအစားပေါင်း ၁၂ မျိုးတွေ့ ထားပြီးဖြစ်သည်။ အဆီထဲ ပျော်ဝင်သည့်အုပ်စုနှင့် ရေထဲ ပျော်ဝင်သည့်အုပ်စုဟု နှစ်မျိုး ရှိသည်။ Vitamin B, C တို့သည် ရေထဲပျော်ဝင်ကြသည်။ Vitamin A, D, E and K တို့သည် အဆီထဲ ပျော်ဝင်ကြသည်။ ပိုနေလျင် အသဲထဲ၌ သိမ်းထားသည်။ E ကိုမူ အဆီထဲမှာ သိမ်းထားသည်။

Vitamin A (Retinol) ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။

Vitamin B 1, Thiamine (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်သည်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

Vitamin B 2, Riboflavin နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်သည်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။

Vitamin B 6 (Pyridoxine) အချို့ ဆေးဝါးများကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊

Vitamin B 9 = Folic Acid သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

Vitamin B 12 (Cobalamin) (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက Pernicious Anaemia ဖြစ်စေသည်။

Vitamin C (Ascorbic Acid) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေသည်၊ အနာကျက်စေသည်။ ချို့တဲ့ပါက Scurvy ရောဂါ ရစေသည်။

Vitamin D ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်သည်။ နေရောင်ကြောင့် Vitamin A မှ Vitamin D ဖြစ်လာစေသည်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေသည်။

Vitamin E အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

Vitamin K အသီးအရွက်များမှာပါသည်။ သွေးတိတ်စေသည်။

Basal Metabolic Rate (BMR) လူတိုင်း မည်သည့် အလုပ်အကိုင်မျိုးမှ မလုပ်ဘဲ နေလျင်ပင် အသက်ရှင်နေနိုင်ရန် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အလုပ်လုပ်နေနိုင်ရန်အတွက် လိုအပ်သော အနည်းဆုံးလိုအပ်ချက် (ကယ်လိုရီ)ကို ခေါ်သည်။ ၄င်းကလိုရီမှာ လူတယောက်နေ့ စဉ် လိုအပ်ချက် စုစုပေါင်း၏ ၆၀-၇၀%ရှိသည်။
ပေါင် ၁၅၀ လေးသည့် လူကြီး (ယောက်ျား) = ၁၈၀၀ ကယ်လိုရီ၊ (BMR)၊
ပေါင် ၁၂၀ လေးသည့် လူကြီး (မိန်းမ) = ၁၃၂၀ ကယ်လိုရီ၊ (BMR) ရှိသည်။

ပိန်သောသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၄ ကယ်လိုရီ၊
မပိန်-မ၀သူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၇ ကယ်လိုရီ၊
အလုပ်ကြမ်းလုပ်ရသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၂၀ ကယ်လိုရီ၊

ပေါင် ၁၂၀ လေးသော အမျိုးသမီးတယောက် အောက်ပါအလုပ်တခုကို ၁၀ မိနစ်ကြာလုပ်လျင် ကုန်မည့် ကယ်လိုရီ၊
• အေရိုးဗစ် သာမန် Aerobics low impact 45.4
• အေရိုးဗစ် အပြင်စား Aerobics high impact 63.6
• ရောဂလေ့ကျင်ခန်း သာမန် Stretching: Mild Yoga 22.7
• အလေးမခြင်း Weight Lifting 54.5
• စက်ဘီစီးခြင်း Bicycling 16-19 mph 109
• ကြိုးခုန်ခြင်း Rope Jumping 90.9
• ၅ မိုင်နှုန်းပြေးခြင်း Running 5 mph (12 min/mile) 72.7
• ၁၀ မိုင်နှုန်းပြေးခြင်း Running 10 mph (6 min/mile) 145.4
• တင်းနစ်ရိုက်ခြင်း Tennis 72.7
• ပြေး-ခုန်ပစ် Track & Field 54.5
• ၅ မိုင်နှုန်း လမ်းလျောက် Walk: 5 mph (12 min/mi) 72.7
• တင်းခွဲ Chopping & splitting wood 54.5
• ဥယျာဉ်လုပ် Gardening 40.9
• တံပျက်စီးလှည်း Sweeping 36.3
• ကလေးထိန်း Child-care 27.2
• အိမ်သန့်ရှင်းရေး Cleaning House 27.2
• ထမင်းချက် Cooking / Food Preparation 18.1
• သန့် ရှင်းရေး အပြင်းလုပ်ခြင်း Heavy Cleaning 17.2
• မီးပူတိုက် Ironing 20.9
• အိပ်စက်ခြင်း Sleeping 8.1
• တီဘီကြည့်ခြင်း Watching TV 9.0
• ကွန်ပြူတာစာရိုက် Typing: Computer 13.6
• ကျောက်မီးသွေးမိုင်းအလုပ် Coal Mining 54.5
• လက်သမားအလုပ် Carpentry Work 31.8
• ဆောက်လုပ်ရေးအလုပ် Construction 49.9

High Fiber Foods (ဖိုင်ဘာ) များသည့် အစားအစာများ
Apples with skin ပန်းသီး အခွံပါ 1 medium 5.00
Banana ငှက်ပျောသီး 1 medium 3.92
Blueberries ဘယ်ရီသီး 1 cup 4.18
Grapefruit စပျစ်သီး 1/2 medium 6.1
Orange လိမ်မော်သီး 1 medium 3.40
Peach မက်မွန်သီး 1 medium 2.00
Pear သစ်တော်သီး 1 medium 5.08
Plum ဆီးသီး 1 medium 1.00
Raspberries ရက်စ်ဘယ်ရီသီး 1 cup 8.34
Strawberries စထောဘယ်ရီ 1 cup 3.98
Broccoli, cooked မုံလာစိမ်း 1 cup 4.5
Brussels sprouts ကွမ်းသီးဂေါ်ဖီ 1 cup 2.84
Cabbage, cooked မုံလာထုပ် 1 cup 4.20
Carrot မုံလာဥနီ 1 medium 2.00
Cauliflower, cooked ပန်းမုံလာ 1 cup 3.43 Corn, sweet ပြောင်းဖူး 1 cup 4.66
Green beans ပဲသီးစိမ်း 1 cup 3.95
Onions ကြက်သွန်နီ 1 cup 2.88
Peas ပဲ 1 cup 8.84
Potato, baked w/skin အာလူးပြုတ် အခွံပါ 1 medium 4.80 Spinach, cooked ဟင်းနုနွယ် 1 cup 4.3 Sweet potato, cooked ကန်စွန်းဥ 1 cup 5.94
Tomato ခရမ်းချဉ် 1 medium 1.00
Bread, whole wheat 1 slice ပေါင်မုံ့ 2.00
Oats, rolled dry အုတ်စပါး 1 cup 12.00
Pasta, whole wheat ပါစတာ 1 cup 6.34
Rice, dry brown ဆန်လုံးညို 1 cup 7.98
Almonds အလာမုန်း 1 oz 4.22
Cashews သီဟိုဠ်စေ့ 1 oz 1.00
Kidney beans, cooked ကျောက်ကပ်ပဲ 1 cup 13.33
Lentils, red cooked ပဲနီကလေး 1 cup 15.64
Peanuts မြေပဲ 1 oz 2.30
Pumpkin seeds ဖရုံစေ့ 1/4 cup 4.12
Soybeans, cooked ပဲပုတ် 1 cup 7.62
Sunflower seeds နေကြာစေ့ 1/4 cup 3.00Walnuts သစ်ကြားသီး 1 oz 3.08

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes