တရုတ်က အိုင်ဖုန်းနဲ့အပြိုင် '၀ူဖုန်း'ကို စတင်ထုတ်လုပ်တော့မည်


(ပီစီဝေါလ်ဒ်)
သီရိမင်းထွန်း ဘာသာပြန်သည်။

အက်ပဲလ်ရဲ့ အိုင်ဖုန်း၊ ဂူးဂဲလ်ရဲ့ အန်းဒရွိုက်နဲ့ ချိုင်းနားမိုဘိုင်းရဲ့ အိုင်ဖုန်းတွေနဲ့အပြိုင် ချိုင်းနားယူနီကွန်းကလည်း ကိုယ်ပိုင်ဆော့ဖ်ဝဲ ပလက်ဖောင်း ပါတဲ့ စမတ်ဖုန်း '၀ူဖုန်း'ကို စတင်ထုတ် လုပ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မိုဘိုင်းကုမ္ပဏီဖြစ်တဲ့ ချိုင်းနားယူနီကွန်း ကုမ္ပဏီရဲ့ ဖုန်းအသုံးပြုသူဟာ သန်းပေါင်း ၁၇၀ ရှိပြီး အသုံးပြုသူတွေက သူတို့ ဖုန်းတွေကိုမသုံးဘဲ ကိုယ်ပိုင် ပလက်ဖောင်းရှိတဲ့ တခြားဖုန်းတွေကို သုံးကြမှာစိုးတဲ့အတွက် ခုလို ၀ူဖုန်းကို ထုတ်တာပါလို့ ကုမ္ပဏီက ဆိုပါတယ်။
ဒီပစ္စည်းသစ်ဟာ ချိုင်းနားယူနီကွန်းရဲ့ ရေပန်းအစားဆုံး အက်ပဲလ်စမတ်ဖုန်းရဲ့ ပြိုင်ဘက်ချက်ချင်းဖြစ်လာမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က စတင်မိတ်ဆက်ခဲ့တဲ့ အိုင်ဖုန်း(၄)ဟာ အရမ်းကို လူကြိုက်များပြီး လအနည်းငယ်အတွင်းမှာပဲ ရောင်း ကုန်သွားပါတယ်။
စမတ်ဖုန်းတွေ ခုလိုလူကြိုက်များခဲ့တာကြောင့် ချိုင်းနားယူနီကွန်းဟာလည်း သူ့ရဲ့ ပြိုင်ဘက် ချိုင်းနား မိုဘိုင်းကို ယှဉ်ပြိုင်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
သရီးဂျီမိုဘိုင်းကွန်ရက် အသုံးပြုတဲ့ ဖုန်းသုံးစွဲသူနှုန်းဟာ ဇန်န၀ါရီလကုန် အထိမှာ ၁၅ ဒသမ ၅ သန်းရှိပြီး ချိုင်းနား မိုဘိုင်းရဲ့ သရီးဂျီ အသုံးပြုသူကတော့ ၂၂ ဒသမ ၆ သန်းရှိတယ်လို့ ချိုင်းနားယူနီကွန်းက ဆိုပါတယ်။
ဝူဖုန်းမှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲကတော့ Linux အခြေခံဆော့ဖ်ဝဲဖြစ်ပြီး အန်းဒရွိုက်ကို အခြေခံတာမဟုတ်ဘဲ အစိုးရအရာရှိတချို့နဲ့ အကျိုးတူ ရှယ်ယာ ပူးပေါင်းပြီး ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်တာပါလို့ ချိုင်းနားယူနီကွန်းက ဆိုပါတယ်။
ဝူဖုန်းဟန်းဆက်တွေ ထုတ်လုပ်တာကို China's ZTE ၊ Huawei ၊ TCL ၊ Samsung နဲ့ အမေရိကန်က Motorola ကုမ္ပဏီတွေ အပါ အ၀င် ကုမ္ပဏီပေါင်းများစွာက သဘောတူခဲ့ကြပြီး ၀ူဖုန်း ဈေးကွက်ထဲရောက်မယ့်ရက် အတိအကျကို မကြေညာသေးပေမယ့် မကြာမီ ဖြန့်ချိမယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes